စင်ကာပူဗီဇာ ကင်းလွတ်ခွင့် စတော့မည်ဖြစ်၍ သွားရောက်လည်ပတ်ရန် စိတ်ဝင်စားသူ ပိုများလာ

စင်ကာပူဗီဇာ ကင်းလွတ်ခွင့် စတော့မည်ဖြစ်၍ သွားရောက်လည်ပတ်ရန် စိတ်ဝင်စားသူ ပိုများလာ
December 1, 2016 Asian Fame

8:16 am
စင်ကာပူဗီဇာ ကင်းလွတ်ခွင့် စတော့မည်ဖြစ်၍ သွားရောက်လည်ပတ်ရန် စိတ်ဝင်စားသူ ပိုများလာ

PN-042
ရန်ကုန်၊ နိုဝင်ဘာ ၂၅

ယခုနှစ် ဒီဇင်ဘာမှစ၍ စင်ကာပူ-မြန်မာ နှစ်နိုင်ငံကြား ဗီဇာကင်းလွတ်ခွင့် စတင်ပြီဖြစ်ရာ စင်ကာပူသို့ သွားရောက်ရန် မေးမြန်းမှု များလာကြောင်း ခရီးသွားလုပ် ငန်းများထံမှ သိရသည်။

ပုံမှန် ထွက်နေကျခရီးစဉ်များ ရှိသော် လည်း ဗီဇာကင်းလွတ်ခွင့် စတင်ပြီဖြစ်၍ သွားရောက် လည်ပတ်ရန်မေးမြန်းမှုများ လာကြောင်း ဥတပေ ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

”ဒီဇင်ဘာ ၂၃ ထွက်ပါမယ်။ကျွန် တော်တို့က လတိုင်းလည်း ခရီးစဉ်ထွက် နေကျဆိုတော့ ပုံမှန်အနေအထားတော့ ရှိနေပါတယ်” ဟု ၄င်းကပြောသည်။

ဗီဇာ ကင်းလွတ်ခွင့်မရခင်ကလည်း စင်ကာပူဗီဇာသည် လျှောက်ရမခက် ကြောင်း၊ ဗီဇာကင်းလွတ်ခွင့်ပေးလိုက် သည့်အတွက် သွားရောက်မည့်သူများ အတွက် ပိုကောင်းကြောင်း တိုးဒီမြန်မာ ခရီးသွားလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဒေါ်လှဒါလီခင်က ပြောသည်။

   ”စင်ကာပူက နဂိုကလည်း သွားနေကြ တာပဲ။ ဗီဇာကလည်း သူ့စနစ်ထဲ ဝင်ရင် လက်ခံတယ်ဆိုတော့ သိပ်အခက်ကြီးထဲမှာ မပါဘူး။ ၁ ရက်နေ့ မရောက်သေးတော့ ခန့်မှန်းရခက်တယ်။ ခရီးသွားတွေအတွက် ပိုအဆင်ပြေသွားပါတယ်” ဟု ၄င်းကပြော သည်။

ဒီဇင်ဘာ ၁ ရက်နေ့မှစတင်၍ မြန်မာ နိုင်ငံသားများအား ဗီဇာကင်းလွတ်ခွင့်ဖြင့် စင်ကာပူနိုင်ငံတွင် ရက်ပေါင်း ၃ဝ နေထိုင် ခွင့်ပြု မည်ဖြစ်ကြောင်း ကြေညာချက်ကို စင်ကာပူနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် စစ် ဆေးရေး အာဏာပိုင်အဖွဲ့က နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

စင်ကာပူဝန်ကြီးချုပ် မစ္စတာ လီရှန် လွန်းသည် ယခုနှစ်ဇွန်လအတွင်း မြန်မာ နိုင်ငံသို့ တရားဝင် အလည်အပတ်ခရီး လာရောက်ခဲ့ပြီး ထိုခရီးစဉ်အတွင်း ဗီဇာ ကင်းလွတ်ခွင့်  သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*