အိမ်ရှေ့မင်းသား ဝဇီရာလောင်ကွန်းအား ထိုင်းနိုင်ငံ၏ ဘုရင်အဖြစ် ထိုင်း လွှတ်တော်က သတ်မှတ်လိုက်ပြီ

အိမ်ရှေ့မင်းသား ဝဇီရာလောင်ကွန်းအား ထိုင်းနိုင်ငံ၏ ဘုရင်အဖြစ် ထိုင်း လွှတ်တော်က သတ်မှတ်လိုက်ပြီ
November 30, 2016 Asian Fame

6:07 am
အိမ်ရှေ့မင်းသား ဝဇီရာလောင်ကွန်းအား ထိုင်းနိုင်ငံ၏ ဘုရင်အဖြစ် ထိုင်း လွှတ်တော်က သတ်မှတ်လိုက်ပြီ

thai-new-king-copy

PN-002
ဘန်ကောက်၊ နိုဝင်ဘာ ၂၉

ယမန်နေ့ကကျင်းပသော ထိုင်းလွှတ်တော် အစည်းအဝေးက အိမ်ရှေ့မင်းသား ဝဇီရာလောင်ကွန်းအား ထိုင်းနိုင်ငံ၏ ဘုရင်အဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏ ၁၉၂၄ ခုနှစ် ဆက်ခံ ခြင်းဆိုင်ရာဥပဒေအရ အိမ်ရှေ့မင်းသား ဝဇီရာလောင်ကွန်းအား ထိုင်းနိုင်ငံ၏ဘုရင် အဖြစ် အစိုးရအဖွဲ့အမည်စာရင်းတင်သွင်း ခြင်းကို လွှတ်တော်ကလက်ခံအတည်ပြု လိုက်ခြင်းဖြစ်သည်။

”ပါလီမန်အမတ်တွေအားလုံး မတ် တတ်ရပ်ပြီး ဘုရင်အသစ်ကို ကြိုဆို ဂုဏ်ပြုပေးကြပါ” ဟု လွှတ်တော်ဥက္ကဋ္ဌ ပွန်ပက် ဝီချစ်ချိုချိုင်း က ကြေညာလိုက် ရာတွင် လွှတ်တော်အမတ်အားလုံးမိမိတို့ ၏ထိုင်ခုံများမှ  မတ်တတ်ထရပ်ကြပြီး  ”ဘုရင်မင်းမြတ် သက်တော်ရာကျော် ရှည် ပါစေ” ဟု ဆုမွန်ကောင်း တောင်းကြ သည်။

ref: Thailand’s parliament invites crown prince to assume throne

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*