လွှတ်တော်အဆောက်အအုံတင်ဒါကိစ္စ NLD လေ့လာ၊ သုံးသပ်ရေးအဖွဲ့၏ စစ်ဆေးမှုကိုခံယူရန်အသင့်ရှိဟု တနင်္သာရီတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဆို

လွှတ်တော်အဆောက်အအုံတင်ဒါကိစ္စ NLD လေ့လာ၊ သုံးသပ်ရေးအဖွဲ့၏ စစ်ဆေးမှုကိုခံယူရန်အသင့်ရှိဟု တနင်္သာရီတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဆို
November 30, 2016 Asian Fame

8:28 am
လွှတ်တော်အဆောက်အအုံတင်ဒါကိစ္စ NLD လေ့လာ၊ သုံးသပ်ရေးအဖွဲ့၏ စစ်ဆေးမှုကိုခံယူရန်အသင့်ရှိဟု တနင်္သာရီတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဆို

PNews
ရန်ကုန်၊ နိုဝင်ဘာ၂၉

တနင်္သာရီတိုင်း လွှတ်တော်အ ဆောက်အအုံတင်ဒါကိစ္စနှင့်ပတ် သက်၍ NLD က ဖွဲ့စည်းလိုက် သောလေ့လာသုံးသပ်ရေးအဖွဲ့၏ စစ်ဆေးမှုကိုခံယူရန် အသင့်ရှိ ကြောင်း တိုင်တန်းခံထားရသည့်  ယင်းဒေသ၏ လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။

တင်ဒါကိစ္စနှင့် ပတ်သက်ပြီး မရိုးမသားပြုသည်ဟူသော တိုင် တန်းချက်တို့အရ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်က မှန်၊ မမှန်စစ်ဆေး ရန် လေ့လာသုံးသပ်ရေးအဖွဲ့ကို ဖွဲ့ စည်းခဲ့ပြီးနောက် သူက အထက်ပါ အတိုင်း ပြောလိုက်ခြင်းဖြစ်သည်။

လေ့လာသုံးသပ်ရေးအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဥာဏ်ဝင်း၊ ပါတီ၏ တိုင်ကြားစာ လက် ခံရေး ဌာနအကြီးအကဲ ဒေါက်တာမျိုး ညွန့်နှင့် အမျိုးသား ဒီမိုကရေစီအ ဖွဲ့ချုပ်အဖွဲ့ဝင် ဦးကျော်ဟိုးတို့က အဖွဲ့ဝင်အဖြစ်ပါဝင်သည်။

တနင်္သာရီတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ”ကြို ဆိုပါတယ်။ အမှန်အတိုင်း သိသွား တာပေါ့ဗျာ” ဟု ပြောသည်။

တိုင်တန်းခံရခြင်းသည် ကော လာဟလကို အခြေခံပြီးဖြစ်လာ သည့်ကိစ္စဖြစ်ကြောင်း၊ ယင်းအပြင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများလည်း ပါသည်ဟု တိုင်းလွှတ်တော် ဥက္ကဋ္ဌ က ဆိုသည်။

”အဲဒီလို မလုပ်ဘူးဆိုရင်လည်း ဒါတွေကဆက်ပြီး ပျံ့နေဦးမှာပဲ။ စစ်ဆေးပြီးရင်တော့ အကုန်လုံး အဖြေမှန် သိသွားမှာဖြစ်တဲ့ အတွက် ကောလာဟလတွေ ပျောက်သွား မှာပေါ့ဗျာ” ဟု ဦး ခင်မောင်အေးက ဆက်ပြောသည်။

NLD က ဖွဲ့စည်းလိုက်သော လေ့လာ သုံးသပ်ရေးအဖွဲ့သည် တနင်္သာရီတိုင်း လွှတ်တော်အကြီး အကဲများအပေါ် တိုင်တန်းမှုအား မှန်၊ မမှန် စစ်ဆေးမည့်အပြင် တိုင် တန်းချက်ရှိထားသည့် မွန်ပြည်နယ် ဝန်ကြီးချုပ်ကိုလည်း စစ်ဆေးကြ မည်ဟု သိရသည်။

တနင်္သာရီမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စား လှယ်ဦးအောင်သူရက ”အဓိကက တော့ လွှတ်တော်အဆောက်အအုံ တင်ဒါခေါ်သွားတဲ့ကိစ္စမှာ ပွင့်လင်း မြင်သာမှု မရှိတဲ့အပေါ်မှာ ပြည်သူ တွေက မကျေနပ်တဲ့အတွက် ကျွန် တော်တို့ကိုယ်စားလှယ်တွေက စု ပေါင်းလက်မှတ်ထိုးပြီး တင်ပြကြ တာဖြစ်ပါတယ်။ ကျွန်တော်တို့ကိုယ် စားလှယ်တွေလည်း ထဲထဲဝင်ဝင် ဘာမှကို မသိကြဘူး။ အခု အရင် ဖွင့်ထားတဲ့တင်ဒါကိုလည်း ပြန်ပိတ် လိုက်ကြတယ်။ အဲဒီတင်ဒါခေါ်သွား တဲ့ကိစ္စကိုတနင်္သာရီဂျာနယ်ထဲ ပါ လာမှပဲ ကျွန်တော်တို့ လည်း သိကြ ရတာ။ ကုမ္ပဏီ ဘယ်နှခုဆွဲသွား မှန်းကို မသိဘူး။ တင်ဒါခေါ်တာ တော့ တစ်လခွဲလောက်ရှိပြီလို့ သိ ရတယ်။ ဂျာနယ် ထဲပါလာလို့ သိ တာတော့ တစ်လလောက်ရှိပြီ။ အ ခြားသော လွှတ်တော်ကိုယ်စားလှယ်တွေလည်း မသိကြဘူး။ အဓိ ကတော့ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိ ယဥက္ကဋ္ဌတို့ လုပ်သွားကြတာပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် လွှတ် တော်အဆောက်အအုံကို တင်ဒါချ ထားမှန်း၊ ဘယ်ကုမ္ပဏီတွေအောင် မှန်းကိုမသိကြတာ။ ပြဿနာဖြစ်မှ သာ သိကြတာ” ဟု ပြောသည်။

အမည်မဖော်လိုသည့် တနင်္သာ ရီတိုင်းမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကလည်း တိုင်တန်းမှုသည် အရေးယူပေးရန်ထက်   ပြန်လည် စိစစ်ဖို့သာဖြစ်ကြောင်း ဆိုသည်။

”သိပ်တော့ မပြောချင်ပါဘူး။ လွှတ်တော် ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ ပတ်သက် ရာ ပတ်သက်ကြောင်းတွေနဲ့ လုပ် သွားတဲ့အခါကျတော့၊ ကိုယ်စား လှယ်တွေလည်း မသိခဲ့ရဘူးလေ။ အဲဒါတွေကြောင့်ပါ။ အဲဒါကစိတ်ပျက်စေတဲ့အကြောင်းပါ”ဟု သူက ပြောသည်။

မွန်ဝန်ကြီးချုပ်ကိစ္စနှင့် ပတ် သက်၍ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင် နိုင်ဦးက ” NLD ပါတီကိစ္စဖြစ်လို့ ဘာမှမပြောချင်ပါဘူး” ဟု ပြော သည်။

ပြီးခဲ့သည့် လကတည်းက မွန် ပြည်နယ်ဝန်ကြီးချုပ်သည် ရာထူးမှ နုတ်ထွက်လိုကြောင်း အလွတ်သ ဘော  ပြောကြားသည့် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဦးဝင်းထိန် က မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*