လက်ပံတောင်း တောင်တွင် သပိတ်စခန်းဖြိုခွဲခံရခြင်း လေးနှစ်ပြည့်အထိမ်းအမှတ်ပွဲ မဟာဗန္ဓုလ ပန်းခြံရှေ့ ၌ ကျင်းပ

လက်ပံတောင်း တောင်တွင် သပိတ်စခန်းဖြိုခွဲခံရခြင်း လေးနှစ်ပြည့်အထိမ်းအမှတ်ပွဲ မဟာဗန္ဓုလ ပန်းခြံရှေ့ ၌ ကျင်းပ
November 30, 2016 Asian Fame

4:33 am
လက်ပံတောင်း တောင်တွင် သပိတ်စခန်းဖြိုခွဲခံရခြင်း လေးနှစ်ပြည့်အထိမ်းအမှတ်ပွဲ မဟာဗန္ဓုလ ပန်းခြံရှေ့ ၌ ကျင်းပ
cover

ဓာတ်ပုံ – ကောင်းစွမ်းသာ

 

လင်းဟိန်း
ရန်ကုန်၊ နိုဝင်ဘာ ၂၉

နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကျရောက်သော လက်ပံတောင်း တောင်ဒေသ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ မီးလောင်ဗုံးဖြင့် အ ကြမ်းဖက်ဖြိုခွင်းခံရမှု လေးနှစ်ပြည့် အထိမ်းအမှတ်ကို မဟာဗန္ဓုလပန်း ခြံရှေ့၌ ယင်းနေ့ ညနေ ၄ နာရီခန့် တွင် ပြုလုပ်ခဲ့ကြသည်။

ယင်း အထိမ်းအမှတ်ပွဲကို ဒီမို ကရေစီအင်အားစု၊ ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက်၊   ပြည်သူ့ လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်၊ ဒီမိုကရေစီနှင့် အမျိုးသမီးငြိမ်းချမ်း ရေးကွန်ရက်တို့က ဦးဆောင်ပြု လုပ်ခြင်း ဖြစ်သည်။

အထိမ်းအမှတ် ပြုလုပ်ရခြင်း နှင့်ပတ်သက်၍ ဒီမိုကရေစီနှင့် အ မျိုးသမီး ငြိမ်းချမ်းရေးကွန်ရက် ဥက္ကဋ္ဌဒေါ်နော်အုန်းလှက ”အဓိက က လက်ပံတောင်းကိစ္စမီးလောင် ဗုံးဖောက်ခွဲခံခဲ့ရသူတွေရဲ့ တရားခံ ကို ဖော်ထုတ်ပေးဖို့ရယ်၊  မြေယာ လျော်ကြေးတွေပေးဖို့ရယ်၊ နောက် တစ်ခုက စုံစမ်းစစ်ဆေးရေးကော် မရှင်က ဒီလက်ပံတောင်းစီမံကိန်း ကို ဆက်ရှိနေသင့်တယ်ဆိုတော့ ဖြစ်လာတဲ့အကျိုးဆက်တွေကို တာ ဝန်ယူပေးဖို့ ပြောချင်ပါတယ်” ဟု ပြောသည်။

အဆိုပါ အထိမ်းအမှတ်တွင် အစိုးရနှင့် ပြည်သူလူထုအကြား ပဋိပက္ခများအား အကြမ်းဖက်ဖြေ ရှင်းမှုပပျောက်ရေး၊ အကြမ်းဖက်မှု များနှင့် အကြမ်းဖက်သမားများအား ဥပဒေအရတာဝန်ယူ စီရင်ရေး၊ ကြေးနီစီမံကိန်းအား စုံစမ်းစစ်ဆေး ရေးအစီရင်ခံစာနှင့်အညီ သာ ဖော် ဆောင်ရေး၊ စုံစမ်းစစ်ဆေးရေးကော် မတီ အစီရင်ခံစာနှင့်မညီညွတ်လျှင် ကြေးနီစီ မံကိန်းများ လုံးဝဖျက်သိမ်း ရေး၊ အစိုးရနှင့်   ပြည်သူလူထုကြား တရားဥပဒေ တန်းတူညီမျှစိုးမိုးရေး စသည့်ကြွေးကြော်သံများကို ကြွေး ကြော်ခဲ့ကြသည်။

လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းတွင် လယ်ယာမြေများသိမ်း ဆည်းမှုများ၊ လျော်ကြေးငွေမပေးခြင်းများကြောင့် သံဃာတော် များ နှင့် လယ်မြေသိမ်းခံရသူတို့က သပိတ်စခန်းများဖွင့်၍ ဆန္ဒပြခဲ့ကြ သဖြင့် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်တွင် ရဲတပ်ဖွဲ့က မီးလောင် ဗုံးအသုံးပြု၍ အကြမ်းဖက်ဖြိုခွင်း ခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် သံဃာ တော် အပါး ၁၂ဝ ခန့် အရေပြားမီး လောင်ဒဏ်သင့်ခဲ့ပြီး ၅၇ ပါး ပြင်း ပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ကြသည်။ လက်ပံတောင်းတောင်ကြေးနီစီမံ ကိန်းကို အစိုးရ၊ တပ်မတော်ပိုင် မြန်မာ့ဦးပိုင်ကုမ္ပဏီလီမိတက်နှင့် တရုတ်နိုင်ငံအခြေစိုက် မြန်မာ ဝမ် ပေါင်ကုမ္ပဏီတို့ ပူးပေါင်းပြီး ၂ဝ၁၁ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ် သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*