နိုင်ငံရေးပါတီ ၁၃ ခုမှ ကာလုံအစည်းအဝေးခေါ်ယူရန် တောင်းဆိုခြင်းကိစ္စသည် တိုင်းပြည်ဒုက္ခရောက်စေချင်နေသည်နှင့် တူကြောင်း ဦးဝင်းထိန် ပြော

နိုင်ငံရေးပါတီ ၁၃ ခုမှ ကာလုံအစည်းအဝေးခေါ်ယူရန် တောင်းဆိုခြင်းကိစ္စသည် တိုင်းပြည်ဒုက္ခရောက်စေချင်နေသည်နှင့် တူကြောင်း ဦးဝင်းထိန် ပြော
November 30, 2016 Asian Fame

4:41 am
နိုင်ငံရေးပါတီ ၁၃ ခုမှ ကာလုံအစည်းအဝေးခေါ်ယူရန် တောင်းဆိုခြင်းကိစ္စသည် တိုင်းပြည်ဒုက္ခရောက်စေချင်နေသည်နှင့် တူကြောင်း ဦးဝင်းထိန် ပြော

_dsc2314-copy

ရဲလွင်
ရန်ကုန်၊ နိုဝင်ဘာ ၂၉

ပြည်ခိုင်ဖြိုး ပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၃ ခုမှ ကာလုံအ စည်းအဝေးခေါ်ယူရန် တောင်းဆို ခြင်းကိစ္စသည် တိုင်းပြည်ဒုက္ခရောက်   စေချင်နေသည်နှင့်တူကြောင်း အ မျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ပိုင်နက် နယ်မြေများဆုံးရှုံးမည့် အလားအ လာများရင်ဆိုင်နေရကြောင်း၊ ရှမ်း မြောက်ဒေသတွင်လည်း ပြည်သူ တို့အသက်အိုးအိမ်များ ထိခိုက် ပျက်စီးနေမှု၊ ရန်ကုန်မြို့တွင်းမှ ပေါက်ကွဲမှုဖြစ်စဉ်များ၊  စီးပွားရေး အခြေအနေ၊  ငြိမ်းချမ်းရေးအခြေ အနေ စသည့် အကြောင်းအရာများ အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ကာလုံအစည်းအဝေးခေါ်ယူ ရန် တောင်းဆိုထားသည့် ကြေညာ စာသည် ပြည်ခိုင်ဖြိုးပါတီ အပါအ ဝင် ပါတီစုစုပေါင်း ၁၃ ခုမှ တာ ဝန်ရှိသူများ၏ လက်မှတ်ဖြင့် နိုဝင် ဘာ ၂၈ ရက်နေ့တွင် ထွက်ပေါ်ခဲ့   ခြင်းဖြစ်သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဦးဝင်းထိန်က ”ဒုက္ခရောက်စရာ မဟုတ်ဘူး။ သူတို့ကဒုက္ခရောက်စေ ချင်တာ။ သူတို့က နိုင်ငံရေးအရ ဘာမှလုပ်လို့မရတော့လို့ ဒီလိုလမ်း ကြောင်းတာ။ ခွင်ဆင်တာ”ဟု ဆို သည်။

ထို့ပြင် ကာလုံအစည်းအဝေးခေါ်ခြင်း/မခေါ်ခြင်းသည် ယခု တောင်းဆိုလိုက်သောပါတီ ၁၃ ခု ၏ကိစ္စမဟုတ်ကြောင်း၊ အစိုးရအဖွဲ့ ၏အလုပ်ဖြစ်ကြောင်း ဦးဝင်းထိန် က ထပ်လောင်းဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အ ခန်း ၅၊ ပုဒ်မ ၂ဝ၁ တွင် အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ ကိစ္စကိုပြဋ္ဌာန်းထားပြီး နိုင်ငံတော် သမ္မတ၊ ဒုသမ္မတနှစ်ဦး၊ လွှတ်တော် နှစ်ရပ်ဥက္ကဋ္ဌများ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မ တော်ကာကွယ်ရေးဦးစီးချုပ်၊ ကာ ကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန် ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ ဖြင့် ဖွဲ့စည်းထားသည်။

အဆိုပါ ကာလုံအစည်းအဝေး ခေါ်ယူရန်တောင်းဆိုချက်ကို နိုင်ငံ ရေးပါတီ ၁၃ ခုဖြစ်သော ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ တစည ပါတီဒုဥက္ကဋ္ဌ ဦးဟန်ရွှေ၊ အမျိုး သားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်၊ အမျိုးသားတိုးတက် ရေးပါတီဥက္ကဋ္ဌ ဒေါက်တာ နေဇင် လတ်၊ NDF  ပါတီအထွေထွေအတွင်း ရေးမှူး ဦးနေမင်းကျော်၊ ဒီမိုကရက် တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်ပါတီ အထွေထွေအတွင်း ရေးမှူး ဦးကျော်သူအောင်၊ ခေတ် သစ်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးထွန်း အောင်ကျော်၊ ကရင်ပြည်နယ် ဒီမို ကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးစောသန်းမြ၊ မြန် မာအမျိုးသား ကွန်ဂရက်ပါတီဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ်တို့က လက်မှတ် ရေးထိုး စုပေါင်းတောင်းဆိုခဲ့ခြင်း ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*