အနာဂတ်အနွမ်း ရနံ့ပြယ်ပန်း အကြမ်းဖက် အဓမ္မလမ်း ရပ်တန့် ပပျောက်စေသော်

အနာဂတ်အနွမ်း ရနံ့ပြယ်ပန်း အကြမ်းဖက် အဓမ္မလမ်း ရပ်တန့် ပပျောက်စေသော်
November 30, 2016 Asian Fame

5:21 am
အနာဂတ်အနွမ်း ရနံ့ပြယ်ပန်း အကြမ်းဖက် အဓမ္မလမ်း ရပ်တန့် ပပျောက်စေသော်

cover-copy

လူအများပျော်ရွှင်ရာ၊ အပန်း ဖြေအနားယူရာ နေရာတစ်ခုဖြစ် သော်လည်းမိုက်ခရိုဖုန်းမှ လွင့်ပျံ လာသောအသံမှတစ်ပါး အရာ အားလုံး တိတ်ဆိတ်နေသည်။ပွဲခင်းကြီး တစ်ခုလို လူစုလူဝေး ထောင်နှင့်ချီ ရှိနေသော်လည်း    မိုက်ခရိုဖုန်းမှ စကားပြောသံမှ တစ်ပါးဘာမှမကြား ရ။ လူအများ ၏ မျက်လုံးများက စင်မြင့်မှစကား ပြောနေသူဆီသို့။

”အမေတွေကို အဓိကပြော ချင်တာက ဘာလဲဆိုတော့”             မိုက်ခရိုဖုန်းရှေ့တွင် စကားပြော နေသောအမျိုးသမီးက စကားပြော   နေရင်းတန့်သွားသည်။ ခံစားချက် ကြောင့် သူ့အသံများတုန်ရီနေသည်။ မိုက်မှခဏခွာကာမျက်လုံးအိမ်မှ လျှံကျလာသော မျက်ရည်များ ကို လက်ဖမိုးနှင့်သုတ်လိုက်သည်။ ခံစား ချက်ကိုတည်ငြိမ်အောင်ထိန်းသည့် အနေဖြင့် စက္ကန့်အနည်းငယ် ငြိမ် သက်နေပြီးမှ စကားကို ဆက်သည်။

15220216_10202432242364120_1369066659960624473_n-copy

”ကျွန်မတို့တွေ ဖြစ်နေတာက လေ။ သြော် မဖြစ်နိုင်ပါဘူးမလုပ် လောက်ပါဘူး ငါ့အိမ်ဘေးနားက လူက တစ်သက်လုံးနေနေတာပဲ ငါ့ကလေးကို မလုပ်လောက်ပါဘူး။မဖြစ်နိုင်လောက်ပါဘူးဆိုတဲ့ဟာ လေးကိုမတွေးစေချင်ဘူး”ဟုပြော လိုက်သော သူ့အသံက ငိုသံ စွက် ကာ တိမ်ဝင်သွားသည်။

ထောင်နှင့်ချီရှိနေသော လူစု လူဝေးကြီးက  ၄င်းအားငေးရီလျက်၊ အားလုံးငြိမ်သက်နေကြသည်။ စင် မြင့်ထက်တွင် စကားပြောနေေ သာ သမီးနှစ်ယောက်မိခင်လည်းဖြစ်သော သရုပ်ဆောင်စမိုင်းလ်၏သက်ငယ် မုဒိမ်းနှင့်ပတ်သက်၍ ဆွေးနွေး သော စကားသံများကို သူတို့ အာရုံ စိုက်နေကြသည်။ ထူးခြားသည်မှာ ထိုသူအားလုံး အဖြူရောင်များ ဝတ်ဆင်ထားကြသည်။ လက်မောင်း မှာတော့ အနီရောင် စတစ်ကာလေး များကိုယ်စီနှင့်။ ထိုသူများသည် သက်ငယ်မုဒိမ်းမှုများအပါအဝင် လိင်အကြမ်းဖက်မှုများကို ကြီး လေးသော ပြစ်ဒဏ်ချ မှတ်နိုင်ရေး ဆန္ဒပြုပွဲကို လာရောက်ပူးပေါင်း ဆင်နွှဲကြသူများဖြစ်သည်။

15284009_10202432242764130_4779168213396574392_n-copy

လိင်အကြမ်းဖက်မှု ပပျောက်ရေး ကမ်ပိန်း

သက်ငယ်မုဒိမ်း အပါအဝင် လိင်အကြမ်းဖက်မှုများကို ကြီး လေးသည့်ပြစ်ဒဏ်ချမှတ်ရေး အတွက် ဆန္ဒပြုပွဲကို နိုဝင်ဘာ ၂၇ ရက်က ကန်တော်ကြီးမျှော်စင်  ကျွန်း၌ပြုလုပ်ခဲ့သည်။ မျှော်စင်ကျွန်း အဝင်ဝတွင် သက်ငယ်မုဒိမ်းမှုများ အတွက်ပြည်သူများ ဆန္ဒပြုရန် ရောင်စုံ စာရွက်လေးများနှင့်ဘောပင် များ ချပေးထားသည်။ ပွဲပတ်ပတ် လည်ကိုတော့ သက်ငယ်မုဒိမ်း တားဆီးရေးဆိုင်ရာ ကဗျာများ၊ ကာတွန်း များ၊ သတင်းများကို ဗီနိုင်းများထုတ်ကာပြသထားသည်။ ပွဲအတွင်းလာရောက်သူများက အဖြူရောင်ကိုသာ ဝတ်ဆင်ထား ကြသဖြင့် ကွင်းတစ်ခုလုံး အဖြူ ရောင်သာ လွှမ်းမိုးနေသည်။ ပွဲသို့ တက်ရောက်လာသူများတွင် သာ မန်ပြည်သူများ၊ အနုပညာရှင်များ၊ ဥပဒေ ပညာရှင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အရပ်ဘက် အဖွဲ့အစည်းများစသည်ဖြင့် လူထု လူတန်းစားအလွှာအသီးသီး ပါဝင် သည်။ ပွဲစီစဉ်သူများ၏ အဆိုအရ အဆိုပါပွဲသို့ တက်ရောက်သူလူဦး ရေ ၂ဝဝဝ ဝန်းကျင်ရှိကြောင်း သိရသည်။

တက်ရောက်လာသည့် လူ များကြားအသက်အရွယ်၊ နေထိုင် ရာမြို့နယ်၊ အလုပ်အကိုင်စသည် ဖြင့် ကွဲပြားသော်လည်း ၄င်းတို့ အားလုံးတွင် တူညီသည့်ရည်မှန်း ချက်တစ်ခုရှိသည်။ တူညီသည့် ရည်မှန်းချက်ဖြင့် ထိုနေရာသို့ သူတို့ စုဝေးရောက်ရှိလာကြခြင်းဖြစ် သည်။ ထိုအရာကား ‘သက်ငယ်မုဒိမ်းမှု များကို ကြီးလေးသည့်ပြစ်ဒဏ် ချမှတ်နိုင်ရေး’ ပင် ဖြစ်သည်။

တကယ်တော့အဆိုပါ ကမ်  ပိန်းကို ပရဟိတအဖွဲ့အစည်းများမှ လူငယ်များက ဦးဆောင်ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။ တစ်နေ့ထက် တစ်နေ့ ပိုမိုဖြစ်ပွားလာသောအရေအတွက် များလာသော သက်ငယ်မုဒိမ်းမှု သတင်းများမြင်ရသည့်အခါ ပြည်သူ တစ်ယောက်အနေနှင့် မိမိတွင် တာဝန်မကင်းဟု ခံစားရသဖြင့် အဆိုပါ ဆန္ဒပြုပွဲဖြစ်မြောက်ရေး အတွက် စိတ်တူကိုယ်တူ ပရဟိတ လူငယ်များဖြင့် ပြုလုပ်ခြင်းဖြစ်   ကြောင်း ကမ်ပိန်းဖြစ်မြောက်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုဇေယျာ ထွန်းကပြောသည်။

ကမ်ပိန်း ဖြစ်မြောက်ရေး အတွက်Event တစ်ခုကိုလူမှုကွန် ရက်တွင်စတင်လိုက်ပြီး ရက်ပိုင်း အတွင်း စိတ်ဝင်စားသူလေးသောင်း ခန့် အထိရှိလာသည့်အတွက် ယခု ကဲ့သို့ ကမ်ပိန်းကို အချိန်တိုအတွင်း မြန်မြန်ဆန်ဆန်ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၎င်းကဆိုသည်။

”ပွဲတက်တဲ့လူဦးရေ အကုန် လုံးက သက်ငယ်မုဒိမ်းနဲ့ လိင်    အကြမ်းဖက်မှုကို ဆန့်ကျင်ရှုတ်ချ တယ်ဆိုတာ ပေါ်လွင်စေရမယ်။ တာဝန်ရှိသူတွေက သတိထားမိပြီး ဆောင်ရွက်ပေးမယ်ဆိုရင် ကျွန် တော်တို့ကျေနပ်ပါတယ်” ဟု ၄င်း၏ မျှော်လင့်ချက်ကို ပြောသည်။

15181672_10202432243764155_6229513518968755813_n-copy

သက်ငယ်မုဒိမ်းကိုသေဒဏ်ပေးဖို့တောင်းဆို

ယခုနှစ်အတွင်း ပြည်သူများ ၏ နှလုံးအိမ်ကိုအထိခိုက်စေဆုံး၊ အလှုပ်ခတ်ဆုံးကိစ္စမှာ သက်ငယ် မုဒိမ်းကိစ္စပင်ဖြစ်သည်။ ရက်ခြား ရက်ခြားဆိုသလို ကလေးသူငယ် များအပေါ် လိင်အကြမ်းဖက်မှုများ ဆက်တိုက် ဖြစ်ပေါ်နေကြောင်း ရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းများ က သက်သေပြနေသည်။၂ဝ၁၆ ခုနှစ် ဆယ်လတာအတွင်း ဖြစ်သည့် မုဒိမ်းမှု အရေအတွက်သည် ၂ဝဝ၈၊ ၂ဝဝ၉၊၂ဝ၁ဝ ခုနှစ်များတွင် ဖြစ်ခဲ့ သည့်မုဒိမ်းမှုအရေအတွက် စုစု ပေါင်း၏ထက်ဝက်နီးပါးခန့် ရှိနေ သည်။ ယခုနှစ်အတွင်း ဖြစ်ပွားသည့်မုဒိမ်းမှုမှာ အောက်တိုဘာလ ကုန်အထိ ၇၆၁ မှုရှိပြီး ထိုထဲတွင် သက်ငယ်မုဒိမ်းမှု ၃၈ဝ မှုရှိကြောင်း သိရသည်။

”ရန်ကုန်တိုင်းမှာဆိုရင် ကျွန် မတို့ကို အကူအညီတောင်းတဲ့မုဒိမ်း မှု၊ ဇန်နဝါရီလကနေ နိုဝင်ဘာ အထိလာပြီး အကူအညီတောင်း တဲ့အမှုတိုင်းသည် သက်ငယ်  မုဒိမ်းမှုဖြစ်ပါတယ်” ဟု အမျိုး သမီးများနှင့် ကလေးအကြမ်းဖက် ခံရမှုများကို ကူညီဆောင်ရွက်ပေး နေသည့် ဥပဒေရေးရာကုစားရေး အဖွဲ့ (မြန်မာ) ဒါရိုက်တာဒေါ်လှ လှရီက ပြောသည်။

သက်ငယ်မုဒိမ်းမှုများ၊ ကလေး ငယ်ကို မုဒိမ်းကျင့်၍ သတ်ဖြတ် ထားသည့်သတင်းများ လူမှုကွန် ရက်များတွင် တက်လာသည့်အခါြ ပည်သူက အော့နှလုံးနာကြသည်။ မြန်မာနိုင်ငံတွင်  အမျိုးသမီးများကို အကြမ်းဖက်မှု နှင့် ပတ်သက်၍ သီးသန့်ပြဋ္ဌာန်းထားသည့် ဥပဒေ မရှိဘဲ ပြစ်မှုဆိုင်ရာဥပဒေဖြစ်သော ရာဇသတ်ကြီးဖြင့်သာ တရားစွဲဆို ရခြင်းဖြစ်သည်။ သက်ငယ်မုဒိမ်းမှု များအတွက် သီးခြားပြစ်ဒဏ် မရှိ ဘဲ မုဒိမ်းမှုအတွက်ပြစ်ဒဏ်ဖြင့်ပင် ချမှတ်ခြင်းဖြစ်သည်။ အမြင့်ဆုံး ပြစ်ဒဏ်က တစ်သက်တစ်ကျွန်း (ထောင်ဒဏ် နှစ် ၂ဝ)၊ အနိမ့် ဆုံး ပြစ်ဒဏ်က ထောင်ဒဏ် ၁ဝ နှစ် ဖြစ်သည်။ သို့သော်လည်း ကလေး များကို မုဒိမ်းကျင့်သူများကို တရားသူကြီး၏ ဆင်ခြင်တုံတ ရားနှင့် ထောင်ဒဏ်လေးနှစ်၊ ငါးနှစ်စသည် ဖြင့် ပြစ်ဒဏ်များကို ‘လိုတစ်မျိုး မလိုတစ်မျိုး’ ချနေကြသည်ဟု ဒေါ်လှလှရီက ပြောသည်။

ထိုထောင်ဒဏ်လောက်နှင့် သက်ငယ်မုဒိမ်းသမားများကို မထိန်းချုပ်နိုင်ဟု ယူဆလာသော ပြည်သူများက ထိရောက်သော ပြစ် ဒဏ်ပေးရေးကို တောင်းဆိုလာ တော့သည်။ မျှော်စင်ကျွန်း၌ ပြု လုပ်သော ကမ်ပိန်းတွင်တက်ရောက် လာသူများက မိမိတို့ဖြစ်ချင်သည် များကို စာရွက်လေးများတွင် ရေး သားကာဆန္ဒပြုခဲ့ကြသည်။ ဆန္ဒပြု ခဲ့သည့် စာရွက်ပေါင်း ၅ဝဝခန့် ရှိပြီး ထက်ဝက်ခန့်မှာ သက်ငယ် မုဒိမ်းမှု ကျူးလွန်သူများကို သေဒဏ်ပေးရန် ဆန္ဒပြုထားကြသည်ကို တွေ့ရကြောင်း ပွဲစီစဉ်သူတစ်ဦးဖြစ်သည့်ကိုဇေယျာ ထွန်းက ပြော သည်။

”သက်ငယ်မုဒိမ်းဆို ကြီးကြီး မားမား ပြစ်ဒဏ်မျိုးချစေချင်တယ်။ သေဒဏ်ပေးရမယ့်အမှုဆိုလည်း သေဒဏ် ပေးစေချင်တယ်။ တချို့ ဆို ကလေးနဲ့မှမမျှ အနိုင်ကျင့်ခံရ တယ်၊ ရက်ရက်စက်စက် အသတ်ခံ ရတယ်၊ ဒါမျိုးဆိုလူမဆန်တဲ့ကိစ္စပဲ လေ။ ဒါမျိုးဆိုသေဒဏ်ပေးရမယ်” ဟု ဆန္ဒပြုပွဲကို တက်ရောက်လာ သည့်အလှမယ်ထားထက်ထက်က ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦး ရောဘတ်စန်းအောင်က ၄င်း၏ဟောပြောမှုမစမီ သက်ငယ်မုဒိမ်း မှုအတွက် ပြစ်ဒဏ်ကိုသေဒဏ် အဖြစ် ပြောင်းလဲသင့်လားဟူ၍ တက်ရောက်လာသူများကို မေး မြန်းသည့်အခါ အားလုံးက တညီ တညွတ်တည်း သဘောတူကြသည်။

”သက်ငယ်ပဲဖြစ်ဖြစ် သက် ကြီးပဲဖြစ်ဖြစ် မုဒိမ်းကျင့်ရင်တော့ ထိုက်သင့်တဲ့ပြစ်ဒဏ် ပေးသင့်ပါတယ်။ မခုခံ မကာကွယ်နိုင်တဲ့ ကလေး ကို မုဒိမ်းကျင့်ရင်တော့ သေဒဏ်ပေး သင့်ပါတယ်”ဟု မဆုဆုဝင်းလှိုင် ဆိုသူက ၄င်း၏ဆန္ဒကို ရေးသား ထားသည်။

15232151_10202432291245342_7078710894781844292_n-copy

သက်ငယ်မုဒိမ်း ကို သေဒဏ်ပေး သင့်သလား

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူ များကို သေဒဏ်ပေးရန်တောင်းဆို ကြသော်လည်းတစ်ဖက်တွင် ထည့် တွက်ရမည့် အချက်များကရှိနေ သည်။ မုဒိမ်းအကျင့်ခံရသည့် ကလေးဘက်မှ ပြောမည်ဆိုလျှင် သေဒဏ်မပြောနှင့်၊ ထိုထက်မြင့် သည့် ပြစ်ဒဏ်ပင်ဖြစ်စေချင်ကြောင်း ဥပဒေရေးရာ ကုစားရေးအဖွဲ့ (မြန်မာ) ဒါရိုက်တာ ဒေါ်လှလှရီက ပြောသည်။

သို့သော်ထိုပြစ်ဒဏ်ကို တောင်း ဆိုမည်ဆိုပါက အချက်ငါးချက်ကို ထည့်သွင်းစဉ်းစားရမည် ဖြစ် ကြောင်း ၄င်းကသတိပေးသည်။

”မြန်မာ့ တရားစီရင်ရေးမှာ မေးခွန်းထုတ်စရာတွေ ရှိနေသေး တယ်။ မုဒိမ်းမှု မကျူးလွန်တဲ့သူ ကို သေဒဏ်ပေးမိရင် ဘယ်လိုကု စားမလဲ။ သေဒဏ်ပေးရုံနဲ့ မုဒိမ်းမှု တွေပျောက်သွားမလား။ ကျွန်မတို့ ရုံးကို လာတိုင်တဲ့အမှုတွေကိုAnalyze  (ခွဲခြမ်းစိတ်ဖြာလေ့ လာခြင်း) လုပ် ပြီးပါပြီ။ မုဒိမ်းကျင့်တဲ့သူတွေကို လေ့လာတဲ့အခါ မိသားစုဝင် အိမ် ထောင်စုဝင် ရင်းနှီးကျွမ်းဝင်သူ၊ အိမ်နီးနားချင်းေ တွ ဖြစ်နေတယ်။

တခြားလူက ခေါ်သွားပြီး ကျင့်တယ်ဆိုတာ အရမ်းနည်းပါ တယ်။ နောက် သက်သေခံတွေ။ ငါဒီအမှုကို ထွက်ဆိုလိုက်တဲ့ အတွက် သူသေဒဏ်ကျသွားမယ် ငါမထွက်ဘူး၊ ငါမမြင်ဘူး၊ အဲဒီ ဟာတွေ စဉ်စားရပါမယ်။ နောက် အကြမ်းဖက်ခံရတဲ့ကလေးနဲ့ အကြမ်းဖက် ခံရတဲ့ မိန်းကလေး မိသားစုကို ဘယ်လိုလုံခြုံမှုပေး မလဲ။ သေဒဏ်ပေးခံရတဲ့ မိသားစု တွေရဲ့ခြိမ်းခြောက်မှု၊ ပတ်ဝန်းကျင်က ခွဲခြားမှုကို ဘယ်လိုတားမလဲ”ဟု ¤င်းက ထည့်သွင်းစဉ်းစားသင့်သည့် အချက်များကို ထောက်ပြသည်။

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူ များကို သေဒဏ်အဖြစ် ပြစ်ဒဏ် တိုးမြှင့်မည်ဆိုလျှင် ပုဂ္ဂိုလ်ရေး ခံစားချက်နှင့် မှားယွင်းစွာမစွပ်စွဲမိ ရန်လည်း လိုအပ်လာမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်က ထောက်ပြသည်။

”သေဒဏ်ဆိုတဲ့ အဆင့်ကို   ရောက်သွားရင်လူ့ဘဝရဲ့ ကံကြ  မ္မာက ပြောင်းလဲခြင်းတစ်ခုဆီကို ရွေ့လျားသွားနိုင်တယ်။ အဲဒီတော့   သေဒဏ်ကိုချလို့ရတယ်။ ကျူးလွန် တဲ့ပေါ်မှာ ဥပမာမူးယစ်စေတဲ့ဆေး ဝါးသုံးတယ် အဲဒါဆိုပုဒ်မကြီး သွားပြီ။ အဲဒီမူးယစ်ဆေးနဲ့ တွဲ ပြီးတော့ နှစ် ၂ဝ ချပေးရင်လုံ လောက်ပါတယ်” ဟု၎င်းက ပြော သည်။

သို့သော် မုဒိမ်းကျင့် သတ် ဖြတ်ခြင်း၊ လုယက်သတ်ဖြတ်ခြင်း တို့အတွက် သေဒဏ်ပြစ်ဒဏ်ပေး ခြင်းကို မကြားမိသလောက်ပင်   ဖြစ်ကြောင်း ၄င်းကပြောသည်။

”လူသတ်တယ် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃ဝ၂ မှာရှိတယ်။ ၃ဝ၂ အရ ကြည့်တဲ့နေရာမှာ ထောင်ဒဏ် အနှစ် ၂ဝ ထိုက်တဲ့ ပြစ်မှုကို ကျူးလွန်နေရင်းနဲ့ လူ သတ်တယ်ဆိုရင် ပုဒ်မ ၃ဝ၂ ပုဒ်မ ခွဲ ၁ ပုဒ်မခွဲ (က)အရ သေဒဏ်ထိုက် တယ်။ အဲဒီတော့မုဒိမ်းကိုသေ ဒဏ် ပေးတယ်ဆိုတာ ခုထိ မကြားသေး ဘူး” ဟု ၄င်းကပြောသည်။

ယခင်ခေတ်ကာလကမူ မုဒိမ်း မှုကျူးလွန်သူတို့ကို သေဒဏ်အပြစ် ပေးခဲ့ကြသော်လည်း ယနေ့ခေတ် တွင် မုဒိမ်းမှုကို သေဒဏ်အထိ အ ပြစ်ပေးနိုင်သောနိုင်ငံများမှာ တရုတ်၊ အာဖဂန်နစ္စတန်၊ အာရပ်စော်ဘွား များနိုင်ငံ(ယူအေအီး)၊ အီဂျစ်၊ ဘင်္ဂ လားဒေ့ရှ်၊ အီရန်၊   ဆော်ဒီအာရေဗျ၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် မြောက်ကို ရီးယား အစရှိသည့် ၁ဝ နိုင်ငံမျှသာ ရှိတော့သည်။ သို့ရာတွင် မုဒိမ်းမှု ကျူးလွန်သည် ဆိုတိုင်း သေဒဏ်အ ပြစ်ပေး၍ မရချေ။ ဥပမာဆိုရသော် အိန္ဒိယနိုင်ငံတွင်ဆိုပါက မုဒိမ်းမှု ကျူးလွန်သူသည် ကျူးလွန်ခံရသူ အား နာကျင်စေရန် အကြိမ်ကြိမ် နှိပ်စက်ခြင်း(သို့) ရာသက်ပန်ကိုယ် လက်အင်္ဂါ ချည့်နဲ့သွားအောင်ပြုမူ ခြင်းတို့ကိုပါပြုလုပ်မှသာလျှင် သေ ဒဏ်အထိအပြစ်ပေးရန် အမိန့်ချ မှတ်နိုင်သည်။ အီရန်နိုင်ငံတွင် ဆို လျှင်လည်း သေဒဏ်ကို အခြားပြစ် ဒဏ်တစ်ခုခုဖြင့် အစားထိုးပေးနိုင်   ပြန်သည်။

ထိရောက်တဲ့ ပြစ်ဒဏ်ဆိုတာ

သက်ငယ်မုဒိမ်းမှုများအတွက် သီးသန့်ဥပဒေ မပြဋ္ဌာန်းနိုင်သေး သော်လည်း လက်ရှိတွင်အမျိုးသမီး များ အကြမ်းဖက်မှုတားဆီး ကာ ကွယ်ရေးဥပဒေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက ရေးဆွဲ နေကြောင်း၊ ထိုဥပဒေတွင် ကလေး သူငယ်များနှင့် မသန်စွမ်းများကို အဓမ္မကျင့်ပါကထောင်ဒဏ် နှစ် ၂ဝ ချမှတ်ရန်ပြဋ္ဌာန်းထားကြောင်း၊ ထိုဥပဒေကြမ်းကိုအမြန်ဆုံး အတည် ပြုနိုင်ရေး ကြိုးပမ်းရမည်ဖြစ် ကြောင်း ဥပဒေကြမ်းရေးဆွဲရေး အဖွဲ့မှ နည်းပညာဆိုင်ရာအကြံပေး ဖြစ်သူ ဒေါ်လှလှရီက ပြော သည်။

”အမျိုးသမီးတွေ အကြမ်း ဖက်မှုတားဆီးကာကွယ်ရေးဥပ ဒေကြမ်းမှာဆိုရင် ပြစ်ဒဏ်တွေကို ‘လိုတစ်မျိုး မလိုတစ်မျိုး’ ချလို့ မရ အောင် အနည်းဆုံး ဘယ်လောက် ကနေ အများဆုံး ဘယ်လောက် အထိ ချမှတ်ရမယ်ဆိုတာ ပြဋ္ဌာန်း ထားပါတယ်၊ အဲဒီ ဥပဒေများ အတည်ပြု တယ်ဆိုရင် ကျွန်မတို့ နိုင်ငံက အမျိုးသမီးထုကို အတိုင်း အတာတစ်ခုအထိ ကာကွယ်ပေး နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ၄င်းကဆို သည်။

သေဒဏ်ဆိုသည်မှာလည်း လူ့အခွင့်အရေးရှုထောင့်မှ ကြည့်ပါ က ကန့်ကွက်သူများရှိလာနိုင်သဖြင့် လက်ရှိရှိနေသော တစ်သက် တစ်ကျွန်း ပြစ်ဒဏ်ကိုချမှတ်ရမည် ဖြစ်ကြောင်း သမီးနှစ်ဦး၏မိခင်ဖြစ်သူ သရုပ် ဆောင်စမိုင်းလ်က ပြောသည်။

”ဒီလိုပြင်လို့ မရသေးတဲ့ဥပ ဒေကို ပြင်မယ့်အစားရှိပြီးသားဖြစ် တဲ့ တစ်သက်တစ်ကျွန်းဆိုတာကြီး ကို ဘာလို့မချနိုင်ရမှာလဲ။ လူတွေ ရဲ့ စိတ်ထဲမှာမုဒိမ်းမှုကို  ကျူးလွန် တာနဲ့ ထောင်ဒဏ်တစ်သက် တစ် ကျွန်းဆိုတာမျိုးဖြစ်သွားစေချင် တယ်”ဟု စမိုင်းလ်ကပြောသည်။

 ထို့ပြင် သက်ငယ်မုဒိမ်းမှုကျူး လွန်သူများကို လျှော့ရက်နှင့် လွတ်ငြိမ်းချမ်းသာခွင့် မပေးသင့် ကြောင်း ကမ်ပိန်းသို့ တက်ရောက် လာသူ များက ဆိုသည်။

ရန်ကုန်တွင် ထိုသို့ကမ်ပိန်းပြု လုပ်၍ တောင်းဆိုသလို မန္တလေး တွင်လည်း သက်ငယ်မုဒိမ်းမှုကျူးလွန်သူများကို ကြီးလေးသည့် ပြစ် ဒဏ်ပေးရေး တောင်းဆိုသည့် Photo Campaign ကို နိုဝင်ဘာ လ ၂၆ ရက်နေ့ကပြုလုပ်ခဲ့သည်။

ပြည်သူများက သက်ငယ်မုဒိမ်းကိစ္စ နှင့်ပတ်သက်၍ သွေးအေးမနေ ကြောင်း ¤င်းတို့၏ဆန္ဒသဘောထား များကိုထုတ်ဖော်ကာ လွှတ်တော် ကိုယ်စားလှယ်များသိနိုင်ရန် သက် သေပြခဲ့ကြပြီဖြစ်သည်။ လွှတ် တော်ကိုယ်စားလှယ်များအနေဖြင့် သက်ငယ်မုဒိမ်းကိစ္စကို
သွေးအေး မနေသင့်ဘဲ ကြီးလေးသည့်ပြစ်ဒဏ် ချမှတ်နိုင်ရေး အမြန်ဆုံးလုပ် ဆောင်ပေးရန်လိုကြောင်း ကမ်ပိန်း တက်ရောက်လာသူ အများစုက တောင်းဆိုကြသည်။

ပွဲမှရရှိလာသော ဆန္ဒပြုမှုများ နှင့်ပြည်သူတို့၏သဘောထားများ ကို ဥပဒေပညာရှင်များနှင့်တိုင်ပင်ကာ လွှတ်တော်သို့ပေးပို့သည် အထိ ပြု လုပ်သွားရန်ရည်မှန်းထားကြောင်း၊ မိမိတို့လိုချင်သည့်ရလဒ် မရမချင်း တစ်ဆင့်ပြီးတစ်ဆင့် တောင်းဆို သွားမည်ဖြစ်ကြောင်း ကိုဇေယျာ ထွန်းက ပြတ်သားစွာပြောသည်။

”ကျွန်တော်တို့က ဒါကို Photo Campaign  အနေနဲ့သွားမှာပါ။ ပထမ ဆုံးတစ်ကြိမ်စလုပ်တယ်၊ ပြောင်းလဲမှုကြီးကြီးမားမားမရှိရင် ဒီထက် ပိုပြီး အင်အားများများနဲ့ဆောင်ရွက် သွားမှာပါ”ဟု၎င်းကဆိုသည်။

မေဇင်ဝင်း၊ ထူးထူး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*