7:30 am

PN-002
နယူးယောက်၊ နိုဝင်ဘာ ၂၉
အမေရိကန်သမ္မတ ဂျင်မီကာ တာလက်ထက်က အပြန်အလှန် ပေးပို့ခဲ့ကြသည့် သံတမန်ကြေးနန်း စောင်ရေ ၅ သိန်းထက်မနည်းကို ဝီကီလိခ်စ်မှ ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ယင်းကြေးနန်းစာများမှာ ၁၉၇၉ ခုနှစ်က အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ အာဏာပိုင် များပေးပို့ခဲ့ခြင်းဖြစ်ပြီး၊ ထိုစဉ်က ဗြိတိန် ဝန်ကြီးချုပ် မာဂရက်သက် ချာနှင့်ပတ်သက်သော ကြေးနန်း များ၊ အီရန်တော်လှန်ရေးနှင့်ပတ် သက်သော ကြေးနန်းများ အပါအ ဝင် အမေရိကန်အစိုးရ၏ ဆောင် ရွက်ချက်များလည်း အများအပြား ပါဝင်သည်။
”၁၉၇၉ ခုနှစ်တုန်းက ကမ္ဘာ ကြီးမှာ သွေးထွက်သံယိုဖြစ်မှုတွေ အတော်များခဲ့သကိုး။ နိုင်ငံပေါင်း ဒါဇင်နဲ့ချီပြီး လုပ်ကြံမှုတွေ၊ အာ ဏာသိမ်းမှုတွေ၊ တော်လှန်ရေး တွေ၊ ဗုံးပေါက်ကွဲမှုတွေ၊ နိုင်ငံရေး အရ ပြန်ပေးဆွဲမှုတွေနဲ့ လွတ် မြောက်ရေးအတွက် တိုက်ပွဲဝင်ကြ တာတွေ မနည်းမနောပဲ”ဟု ဝီကီ လိခ်စ်ကိုတည်ထောင်သူ ဂျူလီယန် အက်ဆင်းက ပြောပါသည်။
ထိုစဉ်က ၃၉ ဦးမြောက်အမေ ရိကန်သမ္မတအဖြစ် တာဝန်ယူခဲ့သော ဂျင်မီကာတာသည် အီရန် ဓားစာ ခံအရေးအခင်းအပါအဝင် ကြီးမား သောအရေးကိစ္စများကို ကိုင်တွယ် ခဲ့ရသည်။
ယခုထုတ်ပြန်မှုသည် ဝီကီ လိခ်စ်တည်ထောင်ခြင်း ၆ နှစ် မြောက်ဝယ် သံတမန်ဆိုင်ရာ လျှို့ ဝှက်ကြေးနန်းများကို ပထမဆုံးအ ကြိမ် ထုတ်ပြန်ခြင်းဖြစ်သည်။
ref: WikiLeaks releases thousands of diplomatic cables