ညဈေးတန်း ယဉ်ကျေးမှု

ညဈေးတန်း ယဉ်ကျေးမှု
November 30, 2016 Asian Fame

5:41 am
ညဈေးတန်း ယဉ်ကျေးမှု
ဓာတ်ပုံ - ကောင်းစွမ်းသာ

ညဈေးတွင် အမှိုက်များကိုစနစ်တကျစွန့်ပစ်နိုင်ရန် ၂၄ဝ လီတာဆံ့ အမှိုက်ပုံး ၅ဝ၊ ၆၆ဝ လီတာဆံ့ အမှိုက်ပုံး ၅ဝ ထားရှိသည်

မြို့တွင်း ၄ မြို့နယ်ရှိ လမ်းဘေးပျံကျဈေးသည်များအနက် စားသောက်ဆိုင်နှင့်သစ်သီးဆိုင်များကို ကမ်းနားလမ်း ညဈေးတန်းသို့ နိုဝင်ဘာလ ၂၃ ရက်မှစတင် ပြောင်းရွှေ့စေခဲ့ပြီဖြစ်သည်။ အစိုးရကလည်း စနစ်တကျတာဝန်ယူ ဆောင်ရွက်ပေးသည့် ညဈေးတန်းဖြစ်သည်။ လမ်းမတော်၊ ပန်းဘဲတန်း၊ ကျောက်တံတားနှင့် လသာမြို့နယ်များမှ သစ်သီး ဆိုင်များနှင့်စားသောက်ဆိုင်များ ပြောင်းရွှေ့ရောင်းချနေကြပြီ ဖြစ်သည်။ ညဈေးတန်းကို ကမ်းနားလမ်းတစ်လျှောက် (အောင်ရတနာလမ်းမှ ပန်းဆိုးတန်းလမ်းအထိ)၊ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံလမ်း (မဟာဗန္ဓုလလမ်းမှ ကမ်းနားလမ်းကြား)နှင့်ဘဏ်လမ်း (မဟာဗန္ဓုလပန်းခြံလမ်းမှ ပန်းဆိုးတန်းလမ်းကြား)ဟူ၍ သတ်မှတ်ထားပြီး စုစုပေါင်း ဆိုင်ခန်း တစ်ထောင့်ခြောက်ရာကျော်ရှိသည်။ ဈေးရောင်းချခွင့်ရရှိသူများအား ဈေးကောက်ကောက်ခံခြင်းမပြုဘဲ မှတ်ပုံတင်ကြေးအဖြစ် တစ်နှစ်လျှင် ကျပ် ၅ဝဝ သာပေးသွင်းရမည်ဖြစ်ပြီး သက်သေခံလက်မှတ်ထုတ်ပေးရာတွင် ကုန်ကျခြင်းအတွက်သာ ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ကောင်းစွမ်းသာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*