ထိုင်းသို့ အလုပ်သမားပို့သည့် မြန်မာအေဂျင်စီငါးခုကို စည်းကမ်းချိုးဖောက်မှုဖြင့် လိုင်စင်သိမ်းမည်

ထိုင်းသို့ အလုပ်သမားပို့သည့် မြန်မာအေဂျင်စီငါးခုကို စည်းကမ်းချိုးဖောက်မှုဖြင့် လိုင်စင်သိမ်းမည်
November 25, 2016 Asian Fame

6:09 am
ထိုင်းသို့ အလုပ်သမားပို့သည့် မြန်မာအေဂျင်စီငါးခုကို စည်းကမ်းချိုးဖောက်မှုဖြင့် လိုင်စင်သိမ်းမည်

ရဲလွင်
ရန်ကုန်၊ နိုဝင်ဘာ ၂၂

ထိုင်းသို့ အလုပ်သမားပို့နေသည့် မြန်မာအေဂျင်စီ ၅ ခုကို စည်းကမ်းချိုးဖောက်မှုဖြင့် ထပ်မံလိုင်စင်ပိတ်သိမ်းသွားရန် ဆောင်ရွက်နေကြောင်း မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင် မှုလုပ်ငန်းရှင်များအသင်းချုပ် MOEAF မှသိရသည်။

ယင်းအေဂျင်စီ ၅ ခုမှာ မိမိပို့ဆောင်လိုက်သည့် အလုပ်သမားများ တစ်စုံတစ်ရာ ပြဿနာပေါ်ပေါက်ပါက တာဝန်ယူ ဖြေရှင်းပေးခြင်းမရှိဘဲ တာဝန်ယူမှု တာဝန်ခံမှု အားနည်းနေ ခြင်းကြောင့် ယခုကဲ့သို့ လိုင်စင်ပိတ်သိမ်းသွားရန် အလုပ်သမား နှင့်လဝက ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ် ကြောင်း MOEAF မှ တာဝန်ရှိသူတစ်ဦးကပေါ် ပြူလာနယူးစ် သို့ ပြောသည်။

”ကျွန်တော်တို့ဘက်က လိုအပ်တဲ့ အချက်အလက်တွေကို အလုပ်သမား ဝန်ကြီးဌာနဘက်ကိုပို့ပေးတယ်။ လိုင်စင်ပိတ် သိမ်းအရေးယူတာတွေ ဘာတွေကတော့ ဝန်ကြီးဌာနက လုပ်တာပေါ့ဗျာ။ ငါးခုစလုံး ထိုင်းကိုပို့နေတဲ့အေဂျင်စီတွေပါပဲ” ဟု အဆိုပါ တာဝန်ရှိသူကဆိုသည်။ ယခု လိုင်စင်ပိတ်သိမ်းအရေးယူသွားဖွယ်ရှိသည့် အေဂျင်စီငါးခုသည် ထိုင်းသို့ မြန်မာလုပ်သားများ ပို့ဆောင်ရာတွင် ကြားနေပွဲစားများကို အသုံးပြုခဲ့ကြောင်း သိရသည်။

”ဒီအေဂျင်စီတွေ အခုလိုဖြစ်ရတာ အဓိကက ကြားနေပွဲ စားတွေကြောင့်ပဲ။ သူတို့က သူတို့ အလုပ်သမားပို့မယ့် စက်ရုံ၊ အေးဂျင့်၊ သူဌေးတွေနဲ့သွားမတွေ့ဘူး။ တိုက်ရိုက် ကိုယ်တိုင် သွားမတွေ့ဘဲ ကြားထဲကပွဲစားနဲ့လုပ်နေကြတာ။ ကြားပွဲစားတွေ စကားနဲ့လုပ်တော့ ပြဿနာတက်ရော၊ ကြားပွဲစားတွေ လှည့်စားတာခံရရော” ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် ထိုင်းနိုင်ငံသို့ အလုပ်သမားပို့ဆောင်နေသည့် အေဂျင်စီ ၁ဝ ခုခန့်ကို တာဝန်ယူမှုတာဝန်ခံမှု မရှိမှုဖြင့် လိုင် စင်ပိတ်သိမ်း အရေးယူထားပြီး ထိုင်းနိုင်ငံမှ ကုမ္ပဏီ ၂ဝ ကျော် ကိုလည်း အလုပ်သမားများအပေါ် အနိုင်ကျင့်ခေါင်းပုံဖြတ်မှု ဖြင့် နောက်နောင် မြန်မာလုပ်သား လုံးဝခေါ်ယူခွင့်မရှိအောင်ပိတ်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံမှ နိုင်ငံခြားသို့ အလုပ်သမားပို့ဆောင်နေသည့် အေဂျင်စီနှစ်ရာကျော်တွင် ထိုင်းသို့လက်ရှိအချိန်ထိ အလုပ် သမားပို့နေသည့် အေဂျင်စီ ၆၅ ခုခန့်ရှိကြောင်း MOEAF မှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*