ရှေ့ကိုမလှမ်းနိုင်သေးသည့် ခြေလှမ်းများနှင့် ပြည်သူတို့ အကျပ်အတည်း

ရှေ့ကိုမလှမ်းနိုင်သေးသည့် ခြေလှမ်းများနှင့် ပြည်သူတို့ အကျပ်အတည်း
November 23, 2016 Asian Fame

6:05 am
ရှေ့ကိုမလှမ်းနိုင်သေးသည့် ခြေလှမ်းများနှင့် ပြည်သူတို့ အကျပ်အတည်း
In Articles

capture

တောင်ကိုရီးယားနိုင်ငံဟာ ဒီမိုကရေစီစနစ်နဲ့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံတစ်ခုပါ။ နိုင်ငံရဲ့ အာဏာအရှိဆုံး သမ္မတက နုတ် ထွက်ပေးလိုက်ရပါပြီ။ ဒီမိုက ရေစီစနစ်မှာ ပြည်သူက ရွေးချယ် တင်မြှောက်နိုင်ပြီး ပြည်သူကပဲ အ ချိန်မရွေးပြန်လည် ဖြုတ်ချနိုင်တယ် ဆိုတာကို ပြသလိုက်တာပါပဲ။ ဒါ ကို ကြည့်ရင်း ကျွန်တော်တို့ တိုင်း ပြည်အတွက် ရင်လေးမိပါတယ်။

ကျွန်တော်တို့ တိုင်းပြည်မှာက အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ် ကို တော်လှန်ပြောင်းလဲခဲ့တာ နှစ် ပိုင်းပဲရှိပါသေးတယ်။ အာဏာရှင် လက်အောက်မှာ ဒုက္ခဆင်းရဲမှုမျိုးစုံ ကိုခံခဲ့ရလို့ သည်းခံနိုင်စွမ်းတွေ ရှိ နေခဲ့ရတာပါ။ အခုအချိန်ထိ အ ကြောက်တရားမှ မလွတ်မြောက်   နိုင်သေးပါဘူး။ အကြောက်တရား တွေ ရှိနေသေးပေမယ့် ဒီမိုကရေစီ စနစ်အကြောင်းကို ပြည်သူတိုင်း သိ နေကြပါပြီ။ ပြည်သူက ရွေး ချယ်တင် မြှောက်ပြီး ပြည်သူက ပြန်ဖြုတ်ချ နိုင်တယ်ဆိုတာကို သိနေပါပြီ။

စစ်အာဏာရှင်စနစ်အောက် မှာ ရင်ဆိုင်ခဲ့ရတဲ့ ကျပ်တည်းမှုတွေ၊ ဆင်းရဲမွဲတေမှုတွေ၊ မတရားအပြုခံ ခဲ့ရမှုတွေရဲ့ဘဝကနေ လွတ်မြောက် ခဲ့ပြီဆိုတာကို သိနေပေမယ့် စစ် အာဏာရှင်လက်အောက်မှာ နေခဲ့ ရတဲ့ ဘဝတွေထက် အနည်းငယ်ပို တဲ့ ဘဝကနေတစ် ဆင့် ပိုမိုဖွံ့ဖြိုး တိုးတက်တဲ့ ဘဝတွေအထိ ရောက် ချင်နေကြပါတယ်။

အခုအချိန်ဟာ ခေတ်အပြောင်း အလဲကာလဆိုတာကို ပြည်သူတွေ နားလည်နေကြပါတယ်။ ခေတ် တစ်ခုမှ ခေတ်တစ်ခုကို ပြောင်းလဲ ပြီး ခေတ်ကို အသစ်တည်ဆောက် ဖို့အတွက် ခက်ခဲမယ်ဆိုတာလည်း သိနေကြပါတယ်။ ပြည်သူတွေ သည်းခံနေကြပါတယ်။

အဲဒီလို သည်းခံနေခြင်းက လည်း စစ်အာဏာရှင်ခေတ်ကို ပြန် မရောက်ချင်သလို ခေတ်အပြောင်း အလဲကို ဦးဆောင်ပြီး ခေတ်သစ် တစ်ခုကို ပြန်လည်တည်ဆောက် ပေးမယ့် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယုံ ကြည်အားကိုးလို့ဆိုတာ မငြင်းနိုင် တဲ့ အချက်ပါ။

ရရှိလာမယ့်  အခွင့်အရေးကို မျှော်လင့်နေကြတာလည်း မငြင်း နိုင်ပါဘူး။ ပြည်သူတွေဟာ နား လည်လာတဲ့ ဒီမိုကရေစီစနစ်မှာ လူ့အခွင့်အရေးဆိုတာ ရရှိလာ တော့မယ်လို့ယုံကြည်နေသလို ကြုံ တွေ့နေရတဲ့ ဆင်းရဲကျပ်တည်းမှု တွေ အနည်းငယ် လွတ်မြောက်   တော့မယ်ဆိုတာလည်း မျှော်လင့် ယုံကြည်နေကြပါတယ်။

ပြည်သူတွေ မျှော်လင့်နေတာ အနိမ့်ဆုံးပါ။ လူသားတစ်ယောက် ရဲ့ ဘဝကို လူသားပီပီ ပြန်လည်နေ ထိုင်နိုင်ဖို့ပါ။ ဘဝလုံခြုံမှုကို ရချင် ကြတာပါ။ အေးချမ်းစွာ နေထိုင် ပြီး အေးချမ်းစွာ ရှာဖွေစားသောက် ခွင့်ဆိုတာလောက်ပါပဲ။

   အေးချမ်းစွာရှာဖွေ စားသောက် ခွင့်ရရှိနိုင်ရေးအတွက် ပြည်သူတွေ အတွက် အခြေခံလိုအပ်နေတာက ကုန်ဈေးနှုန်း ဒီထက်မမြင့် တက်ဘဲ ပြန်လည်နိမ့်ကျလာတာကို မျှော်လင့် နေကြပါပြီ။ အခုဒီမိုကရေစီခေတ် မှာ ကုန်ဈေးနှုန်းက တဖြည်းဖြည်း မြင့်သထက် မြင့် လာနေပါတယ်။ ပြည်သူတွေအတွက် ပိုပိုကျပ်တည်း နေကြပါတယ်။

ပြည်သူဆိုတာ လိုအပ်နေတာ ထက် ပိုခက်ခဲလာရင် ချစ်ခဲ့ပေ မယ့် ပြန်ပစ်လိုက်ရတာပါပဲ။

တကယ်တော့ တိုင်းပြည်တစ် ခုမှာ တစ်ဦးတစ်ယောက်တည်းက  ရှေ့က လျှောက်နေလို့ မရပါဘူး။ ဦးဆောင်သူရဲ့ နောက်မှာ လူတစ် စုဟာ ဟန်ချက်ညီညီ လိုက်ပါနိုင် ဖို့ အရေးကြီးပါတယ်။

ဦးဆောင်သူနဲ့အတူ ဝန်းရံသူ လူတစ်စု ဘယ်လိုလိုက်ပါတယ်ဆို တာကို သူတို့နောက်မှာရပ်နေတဲ့ လူစုလူဝေးကြီးက စောင့်ကြည့်နေ ပါတယ်။ ဦးဆောင်သူနဲ့ ဝန်းရံ သူတွေ ရှေ့ကို ခြေတစ်လှမ်း လှမ်း ရင် နောက်က လူစုလူဝေးကြီးက ဟေးခနဲ အော်ဟစ်၊ လက်ခုပ် လက်ဝါးတီးပြီး လိုက်ပါလာကြမှာ ပါ။ ရှေ့ကသူတွေ ရပ်တန့်နေမယ် ဆိုရင်တော့ ပြည်သူတွေရဲ့ မကျေ နပ်သံတွေ တစ်စတစ်စ ထွက်ပေါ် လာမှာပါပဲ။

အခုဆိုရင်လည်း ကုန်ဈေး နှုန်း တရိပ်ရိပ်မြင့်မားလာမှုကြောင့် ပြည်သူများနဲ့ နိုင်ငံရေး လေ့လာ သူများ ဝေဖန်သံတွေ ထွက်ပေါ် လာပါပြီ။ နိုင်ငံတော်၏ အတိုင်ပင် ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အတွက် စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့ ကြုံရမှာပါ။ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ကို ပြည်သူတွေ အားကိုးနေ ကြပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစု ကြည်တစ်ဦးတည်းကို အားကိုးလို့ မရပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီမိုကရေစီခေတ်ြေ ပာင်း နိုင်မယ့် အကြမ်းတမ်းဆုံးလမ်းကို ဖြတ်သန်းခဲ့တာကို ပြည်သူတွေ သိ ကြပါတယ်။ ဦးဆောင်နိုင်မယ်လို့ လည်း ယုံကြည်ကြပါတယ်။ ဒါပေ မယ့် ဒေါ်အောင်ဆန်းစုကြည်တစ် ဦးတည်း ရှေ့ကလျှောက်လို့ မရ ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ကို ဝန်းရံနေကြတဲ့ လူတွေလ ည်း  ဒေါ်အောင်ဆန်းစုကြည်နောက်ကို လိုက်ပါနိုင်ဖို့က အလွန်အရေးကြီး ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယုံကြည်သလို ဝန်းရံေ နသူတွေ ကိုလည်း ယုံကြည်ချင်ကြပါတယ်။

ပြောမယ်ဆိုရင် ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ အဖွဲ့ကိုပါ။ အစိုးရအဖွဲ့မှာပါတဲ့ ဝန်ကြီးတာဝန်ယူထားကြသူများ ကို ဒေါ်အောင်ဆန်းစုကြည်လို စွန့် လွှတ်ပြီး ပြည်သူအတွက် ဆောင် ရွက်သူတွေ ဖြစ်လိမ့်မယ်လို့ မျှော် လင့်ခဲ့ကြပါတယ်။ စွန့်လွှတ်နိုင် သူ တွေ ဖြစ်တဲ့အပြင် အရည်အချင်း ပြည့်ဝသူတွေ ဖြစ်လိမ့်မယ်လို့ လည်း မျှော်လင့်ခဲ့ကြပါတယ်။

သို့သော်…

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်တဲ့ အစိုးရအဖွဲ့ အာဏာရ တာ တစ်နှစ်နီးပါး ရှိလာပါတော့ မယ်။ အနိမ့်ဆုံးအဆင့်ကနေ ရှေ့ ကို မတက်နိုင်သေးသလို ပိုမို ကျပ် တည်းလာတာတွေ မြင်နေရပါ တယ်။ အစိုးရအဖွဲ့ရဲ့ လုပ်ရပ်တွေ ကို လက်ခုပ်တီးအားပေးဖို့ အသင့် ပြင်ဆင်ထားတဲ့ ပြည်သူများအနေ နဲ့ မျှော်လင့်ထားသလို ဖြစ်မလာ သေးပါဘူး။

အစိုးရဝန်ကြီးများရဲ့ လုပ်ရပ် တွေကို လက်ခုပ်မတီးနိုင်တာထား ဦးတော့။ စိတ်ပျက် ညည်းညူးသံ တွေ၊ ဝေဖန်အပြစ်စကား ပြောသံ တွေ ထပ်မလာစေချင်တော့ပါဘူး။ ပြည်သူများအတွက် စားဝတ်နေ ရေးက အရေးကြီးပါတယ်။ ဒီစား ဝတ်နေရေးကိုအစိုးရဝန်ကြီးများ အနေနဲ့ အနိမ့်ဆုံးအဆင့်ပြေလည် အောင်ဖြေရှင်းပေးနိုင်ဖို့ လိုပါတယ်။

ကုန်ဈေးနှုန်း တရိပ်ရိပ် တက် လာမှုအပေါ်မှာ အစိုးရဝန်ကြီးတစ် ဦးဖြစ်တဲ့ စီးပွား/ကူးသန်းဝန်ကြီး မှာလည်း တာဝန်ရှိပါတယ်။

ဒီပြဿနာကလည်း အစိုးရ အနေနဲ့ ကိုင်တွယ်ဖို့ ခက်ပါတယ်။ ဈေးကွက်စီးပွားရေးမှာ ကုန်ဈေး နှုန်းမတက်အောင် အစိုးရအနေနဲ့ တိုက် ရိုက်ချုပ်ကိုင် ဆောင်ရွက် ပေးလို့မရပါဘူး။ အစိုးရချုပ်ကိုင် မှုကို ဗဟိုချုပ်ကိုင်မှုအဖြစ် မြင် သွားနိုင်ပါတယ်။။

သို့သော် ကုန်ဈေးနှုန်း မြင့် တက်လာမှုကို ကိုင်တွယ်ဖြေရှင်း ဖို့ ပေါ်လစီများ ထက်မြက်သွက် လက်စွာ ရေးဆွဲနိုင်ဖို့ လိုပါတယ်။ ဈေး ကွက်စီးပွားရေးမှာ ကုန်တွေ ကို ထိန်းထားပြီး ဈေးကစားနိုင်တဲ့ ကုန်သည်ကြီးများကို ကိုင်တွယ် တတ်ဖို့လည်း အလွန်အရေးကြီး ပါတယ်။

    အစိုးရကို ပြည်သူများ ယုံ ကြည်လို့ မဲပေးတင်ထားတာ ဒီ ကုန်ဈေးနှုန်း ကျဆင်းလာဖို့က အဓိကပါ။ ဒါကို ဖြေရှင်းနိုင်ခဲ့ရင် လွှတ်တော် က ခေါ်ယူမေးမြန်းမှု အထိမရောက်ပါဘူး။ လွှတ်တော် က ခေါ်ယူမေးမြန်းတာကိုလည်း အစိုးရအနေနဲ့ ကုန်ဈေးနှုန်း ကျ အောင် တိုက်ရိုက်မချုပ်ကိုင်နိုင်ပါ ဘူးဆိုတဲ့ စကားကို ဝန်ကြီးတစ် ယောက်အနေနဲ့ မပြောဆိုသင့်ပါ ဘူး။ နိုင်ငံရေး အခြေအနေအား လုံးကို ပြည် သူတွေ နားမလည်ဘူး ဆိုတာလောက်တော့ သိထားသင့် ပါတယ်။

    ချုပ်ရရင် ဒီလိုအခြေအနေ မျိုး ဆက်သွားနေမယ်ဆိုရင် အစိုး ရအနေနဲ့ ပြည်သူတွေရဲ့ အဆိုးမြင် ကို ခံရနိုင်ပါတယ်။

မြတ်လှိုင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*