ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးအောင်သန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးအောင်သန်းနှင့် တွေ့ဆုံမေးမြန်းခြင်း
November 23, 2016 Asian Fame

7:40 am
ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးအောင်သန်းနှင့် တွေ့ဆုံမေးမြန်းခြင်း
In Education

untitled-1-copy

အိ မ် စ ည် စိုး စံေ တွ့ ဆုံေ မး မြ န်း သ ည်

ယခုနှစ် နှစ်လယ်ပိုင်းတွင်နိုင် ငံရေး စာပေစာတမ်းဖတ်ပွဲနှင့် မိုး ရာသီ စာအုပ်ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ေ ရး နှင့်ထုတ်ဝေရေးဦးစီးဌာနတွင် ၃ရက် တာ ကျင်းပခဲ့ပြီး စည်ကားလှသည့် စာတမ်းဖတ်ပွဲနှင့် စာအုပ်ဈေး ရောင်းပွဲတော် တစ်ခုဖြစ်ခဲ့ သည်။ လာမည့် ဒီဇင်ဘာလဆန်းပိုင်း တွင်လည်း ခေတ်ပြိုင်သမိုင်းဆိုင် ရာစာပေစာတမ်းဖတ်ပွဲနှင့် ဆောင်း ရာသီစာအုပ်ဈေးရောင်း ပွဲတော် ကို ကျင်းပရန်စီစဉ်နေကြပြီဖြစ် သည်။ ထိုပွဲတော်တွင် ခေတ်ပြိုင် သမိုင်းဆိုင်ရာစာပေစာတမ်းများ ဖတ်ကြားနိုင်ရန်အတွက် စာတမ်း ရှင်များကို ဖိတ်ခေါ်ရွေးချယ်ပြီးလည်း ဖြစ်သည်။ ထို့အတွက် ဖတ်ကြား နိုင်ရန်ရွေးချယ်ထားသည့် စာတမ်း များနှင့်ပတ်သက် ပြီး ခေတ်ပြိုင် သမိုင်းဆိုင်ရာ စာပေစာတမ်းဖြစ် မြောက်ရေး ကော်မတီအတွင်ရေး မှူး ဦးအောင်သန်းနှင့် တွေ့ဆုံ မေးမြန်း   ဖော်ပြပေးလိုက်ပါသည်။

►ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေပွဲ တော်ကျင်းပရခြင်း ရည်ရွယ်ချက် ကို ပြောပြပေးပါဦးရှင်။

ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာ တမ်းဖတ်ပွဲ ကျင်းပရခြင်းရည်ရွယ် ချက်ကတော့ အဓိက ကတော့ ဒီဘက်ခေတ်မှာ နိုင်ငံရေးကို လူ တွေ ပိုပြီးစိတ်ဝင်စားလာကြတယ်။ လက်ရှိ ပြည်ထောင်စုဝန်ကြီးက လည်း စာရေးဆရာဖြစ်တဲ့အတွက် စာတမ်းဖတ်ပွဲတွေ ပြုလုပ်ခြင်း အားဖြင့် ပြည်သူတွေပိုမိုပြီး စာပေ အပေါ်မှာ စိတ်ပါဝင်စားပြီး ပိုပြီး တော့ နိုးကြားမှုတွေရှိလာမယ်။ ဒါကြောင့်မို့လည်းလေးလတစ် ကြိမ် လောက်လုပ်ဖို့ရည်မှန်းထားပါ တယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်၊ ၃ဝ ရက်၊ ၃၁ ရက်တုန်းကလည်း နိုင်ငံရေး စာပေစာတမ်းဖတ်ပွဲနဲ့ မိုးရာသီ စာတမ်းဖတ်ပွဲကို လုပ်ခဲ့ တယ်။ အခုလည်း ကျွန်တော်တို့ ဒုတိယအကြိမ်အဖြစ်နဲ့ ဒီဇင်ဘာ လ ၁ ရက်၊ ၂ ရက်၊ ၃ ရက်၊ ၄ရက် တွေမှာလည်း ခေတ်ပြိုင်သမိုင်းဆိုင် ရာစာပေစာတမ်းဖတ်ပွဲနဲ့ ဆောင်း ရာသီစာအုပ်ရောင်းပွဲတော်ကို လုပ်မှာ ဖြစ်ပါတယ်။

►ပွဲတော်မှာဖတ်မယ့် စာတမ်းတွေကို ရွေးချယ်ပြီးသွားပြီလို့လည်း သိရ ပါတယ်။ စာတမ်းဖတ်ကြားဖို့ အတွက် ပေးပို့လာတဲ့စာတမ်း  အရေအတွက်နဲ့ စာတမ်းတွေကို ဘယ်လို ရွေးချယ်ခဲ့တယ်ဆိုတာကို လည်းသိချင်ပါတယ်ရှင်။

စာတမ်းအနေနဲ့ ပတ်သက်လို့ ကတော့ စက်တင်ဘာလပထမ အပတ်ကတည်းက သတင်းစာထဲ က နေပြီးတော့ စာတမ်းဖတ်ဖို့နဲ့ ပတ်သက်ပြီး ဖိတ်ကြားခဲ့တာရှိပါ တယ်။ ဒီမှာလက်ရှိ စုစုပေါင်း ၂၅ စောင်ရရှိပါတယ်။ ၂၅ စောင်ဆို တဲ့နေရာမှာ ကျွန်တော်တို့မှာစာ တမ်းဖြစ်မြောက်ရေး ကော်မတီဆို တာရှိပါတယ်။ အဲဒီစာတမ်းဖတ် ပွဲဖြစ်မြောက်ရေး ကော်မတီရယ် နောက်ပြီး စာတမ်းဖတ်ပွဲကို ကြီး ကြပ်မယ့် သဘာပတိအဖွဲ့ဆိုတာ ရှိပါတယ်။ စာတမ်းဖြစ်မြောက်ရေး ကော်မတီရယ် စာတမ်းဖတ်ပွဲ ကြီးကြပ်မယ့် သဘာပတိအဖွဲ့ရယ်   နှစ်ခုပေါင်း ပြီးတော့ ရောက်ရှိလာ တဲ့စာတမ်း ၂၅စောင်ကို ကျွန်တော် တို့ ဖတ်ရှုစိစစ်ခဲ့ပါတယ်။ စိစစ် တယ်ဆိုတာကလည်း စာပေ စိစစ် ရေးကဲ့သို့ဆင်ဆာလုပ်တာ မဟုတ် ပါဘူး။ အဓိက ကတော့ လုပ်မယ့် စာတမ်းဖတ်ပွဲရဲ့ ရည်ရွယ်ချက်ဒါနဲ့ ကိုက်ညီမှု ရှိ မရှိနဲ့ လက်ရှိဖြစ် ပေါ်နေတဲ့နိုင်ငံရေး ဖြစ်စဉ်တွေ ပေါ်မှာ အကျိုးသက်ရောက်မှု၊ အကျိုးသက်ရောက်မှုဆိုတာ အရင် အစဉ်အဆက်က မျိုသိပ်လာတာ တွေကို ဖွင့်ဟပေါက်ကွဲတဲ့အခါမှာ လက်ရှိသွားနေတဲ့ ဖြစ်စဉ်တွေ ပေါ်မှာ မထိခိုက်စေဖို့ဆိုတဲ့ ရည် ရွယ်ချက်နဲ့ပဲ စိစစ်တဲ့သဘောပါ။ အရင်စိစစ်ရေး ရှိစဉ်ကကဲ့သို့ ဆင်ဆာဆိုတဲ့ အနေအထားတော့ မပါပါဘူး။ ဒီလိုမျိုးရည်ရွယ်ချက် နဲ့ရောက်လာတဲ့ စာတမ်း ၂၅စောင် ကို စိစစ်တဲ့အခါမှာ စာတမ်း ၁၄ စောင်ကျန်ပါတယ်။ အဲဒီ ၁၄စောင် ကို ကျွန်တော်တို့ ဒီဇင်ဘာလ ၁ ရက်၊ ၂ ရက်၊ ၃ ရက်နဲ့ ၄ ရက်မှာ ဖတ်ကြားသွားမှာ ဖြစ်ပါတယ်။

►ဒီနှစ်ထဲမှာပဲ နိုင်ငံရေးစာပေစာတမ်း ဖတ်ပွဲကို ကျင်းပခဲ့တာဆိုတော့ အဲဒီစာတမ်းဖတ်ပွဲရဲ့ အောင်မြင်မှု အတိုင်းအတာကိုလည်း သုံးသပ် ပေးပါဦးရှင်။

ပထမတစ်ခေါက်တုန်းက စာ တမ်းရှင်တွေကို ဖိတ်ခေါ်တယ် ဆိုပေမယ့် အခုလိုသတင်းစာထဲကနေဖိတ်ခေါ်ခဲ့တာတော့ မဟုတ် ပါဘူး။  ကျွန်တော်တို့ ပထမဆုံး လုပ်တဲ့ပွဲလည်းဖြစ်တယ်။ အချိန် ကန့်သတ်ချက်လည်း ရှိနေတော့ နိုင်ငံရေးစာပေကို စိတ်ဝင်စားတဲ့ လက်စလက်နရှိတဲ့ စာရေးသူတွေ ရှိတယ်။ အဲဒီသူတွေကိုဖိတ်ခေါ် ခဲ့တာပါ။ အဲဒီတုန်းက စုစုပေါင်း ၃ ရက် လုပ်တာဖြစ်တဲ့အတွက် တစ်ရက်ကို ၆ စောင်နှုန်းနဲ့ ၁၈ စောင် ဖတ်ကြားခဲ့ပါတယ်။အောင် မြင်ပါတယ်။ အောင်မြင်ပါတယ်ဆို တာ မနက်ပိုင်းလောက်ပဲ လူရှိမယ် ထင်တာ ၃ ရက်လုံးခန်းမအပြည့် အလျှံပါပဲ။ တစ်ဖက်ကလည်း စာအုပ်ဈေးရောင်းပွဲတော် ရှိတဲ့ အတွက် ကိုယ်နှစ်သက်ရာစာအုပ် တွေကို လည်း ဝယ်ယူလို့ရတယ်။Discount တွေလည်းရှိတော့ ဝယ် ကြတယ်။ ဈေးရောင်းပွဲတော်လည်း အောင်မြင်ပါတယ်။ အခုအဲဒီစာ တမ်းတွေကိုလည်း စာအုပ်အဖြစ် နဲ့ ရောင်းချပေးနေပြီဖြစ်ပါတယ်။ ရောင်းချတဲ့ နေရာမှာလည်း စာ အုပ်လက်ကျန် နည်းသွားပြီဖြစ်လို့   နောက်တစ်ကြိမ်ပြန်ရိုက်ဖို့ စီစဉ် ဆောင်ရွက်ဖို့လုပ်နေပါတယ်။

►အခုဖတ်ကြားမယ့် စာတမ်းတွေကို ရော စာအုပ်အဖြစ် ပြန်ထုတ်သွား ဖို့များ ရှိဦးမလားဆိုတာကိုလည်းသိချင်ပါတယ်ရှင်။

လုပ်ပါမယ်။ စာတမ်းဖတ်ပွဲ နေ့မှာလည်း တက်ရောက်လာတဲ့ သူတွေကို စာတမ်းတွေပေးနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ပြီးရင် လည်းစာအုပ်ပုံစံနဲ့ စာတမ်းဖတ်ပွဲ ကို လာရောက် နားထောင်နိုင် တဲ့သူတွေကိုလည်း သိရှိအောင် စာအုပ်အဖြစ်နဲ့ ပြန်လည်ထုတ်ဝေ သွားမှာဖြစ်ပါတယ်။

►အခုလုပ်မယ့်ပွဲမှာ ဖတ်ကြားသွားဖို့ ရွေးချယ်ထားတဲ့ စာတမ်းရှင်တွေ က ဘယ်လိုသူတွေဖြစ်တယ်ဆို တာကိုလည်း ပွဲတော်ကိုလာမယ့် သူတွေအတွက် ကြိုတင်ပြောကြား ထားပေးပါဦးရှင်။

ခေတ်ပြိုင် သမိုင်းဆိုင်ရာစာ ပေ စာတမ်းဖတ်ပွဲဖြစ်တဲ့အတွက် ကြောင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွား ရေး ပညာရေးဆိုပြီး ကဏ္ဍစုံပါ တယ်။ စာတမ်းရှင်တွေကတော့  နိုင်ငံရေးစာပေတွေကို တစိုက်မတ် မတ် ရေးသားနေတဲ့ပုဂ္ဂိုလ်တွေ ပါသလို သမိုင်းပညာရှင်တွေလည်း ပါပါတယ်။ သမိုင်းကဏ္ဍကပုဂ္ဂိုလ် တွေလည်း ပါပါတယ်။

►ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာ တမ်းဖတ်ပွဲနဲ့ ဆောင်းရာသီစာ   အုပ်ရောင်းပွဲတော်ကို လာရောက် ကြဖို့လည်း ဖိတ်ခေါ်စကားပြော ကြားပေးပါဦးရှင်။

အခုက အရင်ထက်စာရင် အများကြီးပဲ ပြောဆိုရေးသားခွင့် တွေကရရှိလာပါပြီ။ နိုင်ငံရေးဆို တာကတော့ ဘယ်သူနဲ့မှမကင်း နိုင်တဲ့ အရေးကိစ္စဖြစ်ပါတယ်။ ဒါ ကြောင့်မိုလည်း ဒီစာတမ်းဖတ်ပွဲ မှာ လာနားထောင်ခြင်းအားဖြင့် မသိမမီလိုက်တဲ့ အတိုင်းအတာ တွေကို လည်း စာတမ်းဖတ်ပွဲကနေ သိရမှာဖြစ်ပါတယ်။ ဒီအပေါ်မှာ အကြောင်းအကျိုး အကောင်း အဆိုးကို ဝေဖန်ပိုင်းခြားပြီး ကိုယ် ဘာဆက် လုပ်ရမယ်။ ဘာဆက် လုပ်သင့်တယ်ဆိုတဲ့ အဖြေပေါ် လာမှာ ဖြစ်တဲ့အတွက်ကြောင့် စာတမ်းဖတ်ပွဲကို လာရောက်ပြီး နားထောင်ကြဖို့ ဖိတ်ခေါ်လိုပါ တယ်။ တစ်ဖက်ကလည်းစာအုပ်ဆိုင်တွေကိုလည်း တစ်နေရာတည်း မှာ ဝယ်ယူနိုင်မှာဖြစ်တဲ့အတွက် စာပေမြင့်မှ လူမျိုးမြင့်မည်ဖြစ်တဲ့ အတွက် စာအုပ်ဈေးရောင်းပွဲ  တော်ကိုလည်း လာရောက်ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*