5:43 am
PN-002
ဝါရှင်တန်၊ နိုဝင်ဘာ ၂၂
အစ္စလာမ်မစ်နိုင်ငံတော် အကြမ်း ဖက်အဖွဲ့သည် ကလိုရင်းနှင့် ကန့်တို့ ပါဝင်သည့် ဓာတုလက်နက်များကို အ နည်းဆုံး ၅၂ ကြိမ်မျှ အသုံးပြုခဲ့ကြောင်း သုတေသီတို့က ဆိုကြသည်။
ဆီးရီးယားနှင့် အီရတ်တို့တွင် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများအတွင်း ယင်းလက်နက်များကို အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း အစိုးရနှင့် မသက်ဆိုင်သည့် သုတေသနစစ်တမ်းအသစ်တစ်ခုက ဆို ထားခြင်း ဖြစ်သည်။
အဆိုပါ ဓာတုလက်နက်များကို အီရတ်နိုင်ငံမြောက်ပိုင်း မိုဆူး မြို့အနီး တဝိုက်ဒေသများတွင် အသုံးအများဆုံး ဖြစ်ကြောင်းသိရသည်။
”IS တွေဟာ အီရတ်နဲ့ ဆီးရီးယား မှာ အဲဒီလက်နက်တွေကို အသုံးပြုခဲ့ တာဖြစ်ပေမယ့် ခုလည်း တိုက်ပွဲတွေမှာ ဆက်သုံးနေတုန်းပဲလို့ ကျွန်တော်တို့ မှန်းဆရပါတယ်”ဟု အီရတ်တွင်ရောက် ရှိနေသော အမေရိကန်တပ်များ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီးဂျွန်ဒိုရိမ်းက ပြောပါသည်။
ယင်းသို့ ဓာတုလက်နက်များ ပြု လုပ်ရန်အတွက် ကလိုရင်းသည် တရား ဝင်ဝယ်ယူနိုင်သော စက်ရုံသုံးဓာတု ပစ္စည်းတစ်ခုဖြစ်ပြီး ဆွန်နီ လက်နက် ကိုင်သူပုန်များက ဖောက်ခွဲရေးပစ္စည်း များ ပြုလုပ်ရာတွင် လွန်ခဲ့သည့် ဆယ် စုနှစ်ကတည်းက အသုံးပြုလေ့ရှိကြောင်း သိရ သည်။
”မိုဆူးမြို့ဟာ IS တွေရဲ့ ဓာတု လက်နက်ထုတ်လုပ်ရာ ဗဟိုဌာနပါပဲ”ဟု အကြီးတန်း သုတေသီတစ်ဦး ဖြစ်သူ ကူးလောင်း စထရက် က ပြောပါသည်။
REF: SIS Used Chemical Arms at Least 52 Times in Syria and Iraq, Report Says