သီရိမင်္ဂလာဈေး အနောက်ဘက်ရှိ ပျံကျဈေးသည်များအား တစ်လသာ အခမဲ့ ရောင်းချခွင့်ပြု

သီရိမင်္ဂလာဈေး အနောက်ဘက်ရှိ ပျံကျဈေးသည်များအား တစ်လသာ အခမဲ့ ရောင်းချခွင့်ပြု
November 23, 2016 Asian Fame

7:32 am
သီရိမင်္ဂလာဈေး အနောက်ဘက်ရှိ ပျံကျဈေးသည်များအား တစ်လသာ အခမဲ့ ရောင်းချခွင့်ပြု
In Local

ဖြိုးထက်အောင်
ရန်ကုန်၊ နိုဝင်ဘာ ၁၇

သီရိမင်္ဂလာဈေး အနောက်ဘက်ရှိဂိုဒေါင်ထဲတွင် ရောင်းချရမည့်ပျံကျဈေးသည်များသည် တစ်လသာအခမဲ့ ရောင်းချခွင့် ရှိမည်ဖြစ်ပြီး တစ်လကျော်ပါက ခွင့်ပြုထားသည့် ကုမ္ပဏီသို့ တစ်လငါးသောင်းကျပ်ပေးသွင်းရ မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ သိရသည်။

ဈေးများဌာနမှ ဒုတိယညွှန် ကြားရေးမှူး ဦးသောင်းတင်က ‘ သင့်တော်တဲ့နှုန်းပေါ့ ။ ပတ်ဝန်းကျင်မှာလည်း စုံစမ်းရတာပေါ့။ ပျံကျဈေးသည်တစ်ယောက်ဟာ ပုံမှန်အားဖြင့် ထီးတွေငှားရတယ်၊ထိုင်ခုံတွေငှားရတယ်၊ မီးဖိုးတွေ ပေးရတယ်။ တစ်ရက်ကို ကျပ် နှစ်ထောင်လောက်ကုန်တယ်လို့ သိရ ပါတယ်။ ဒီတော့ တစ်လခြောက် သောင်းပေါ့။ အဲဒီတော့ ဌာန အနေနဲ့ ငါးသောင်းလောက်တော့ လုပ်ပါဆိုပြီး ညှိနှိုင်းပေးခဲ့ပါတယ်” ဟု ပြောသည်။

ဘုရင့်နောင်လမ်းမသို့ ဖြတ် သန်းသွားလာနေသော မော်တော်ယာဉ်များ၊ ကွန်တိန်နာယာဉ်များ အနေဖြင့် ယာဉ်ကြောကျပ်တည်းမှု များစွာ ကြုံနေရ၍ နိုဝင်ဘာလ ၁၇ ရက်နေ့က ရဲတပ်ဖွဲ့နှင့်စည်ပင် သာယာရေးကော်မတီမှ ဝန်ထမ်း များ ပူးပေါင်း၍ ပျံကျဈေးသည် များအား ဖယ်ရှားရှင်းလင်းခဲ့သည်။ ထို့နောက် ၎င်းတို့ကို ဈေး အနောက်ဘက်ရှိ ဂိုဒေါင်နှင့်ဈေး တစ်ဖက်တစ်ချက်စီတွင် စည်ပင်မှ နေရာပြန်လည်ချထားပေးခဲ့ခြင်း ဖြစ်သည် ။

”အဆောက်အအုံက ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီက ပိုင်ပါတယ်။ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီကို နှစ်စဉ်စာချုပ်နဲ့ ငှားနေပါတယ်။ သူတို့ကတော့ ပြင်ဆင်ထားတဲ့ ကုန်ကျစရိတ်တွေရော စည်ပင် ကိုနှစ်စဉ် ပေးနေရတာတွေရောဆိုတော့ ၆ ပေ ပတ်လည်တစ်ကွက် ကို တစ်သိန်းခွဲ နှစ်သိန်း လိုချင် တယ်အဆိုပြုပါတယ်။ ကျွန်တော် တို့ကတော့ ပျံကျ ဈေးသည်ဖြစ်တဲ့အတွက် ဒီလောက်တော့ မလုပ်ပါနဲ့ မျှတတဲ့ဈေးနဲ့လုပ်ပါ ဆိုပြီး ဌာနအဆင့် ခေါ်ပြီး ညှိနှိုင်းခဲ့ပါတယ်” ဟု ဦးသောင်းတင်က ပြောသည်။

ယင်းဈေးသည်များကို သတ် မှတ် နေရာများတွင် တစ်လခန့် အမှန်တကယ် ရောင်းချခြင်းရှိမရှိ စောင့်ကြည့်စစ်ဆေးသွား မည်ဖြစ်ကာ သတ်မှတ်နေရာများ တွင် မရောင်းချသူများကို ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ဥပဒေ၊ နည်းဥပဒေ များအရ ထောင်ဒဏ်တစ်နှစ်နှင့် ဒဏ်ငွေကျပ် ငါးသောင်းမှ ငါးသိန်းအထိ ချမှတ်၍ အရေး ယူသွားမည်ဖြစ်ကြောင်း ဈေးများ ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းတင်က ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*