ရခိုင်ပြည်နယ် နယ်စပ်ဒေသကို တာဝန်ယူခဲ့ရသည့် နယ်ခြားစောင့်ကွပ်ကဲရေးမှူးဟောင်းကို နေပြည်တော်သို့ ခေါ်ယူပြီး စစ်ဆေးမှုများ ပြုလုပ်နေ

ရခိုင်ပြည်နယ် နယ်စပ်ဒေသကို တာဝန်ယူခဲ့ရသည့် နယ်ခြားစောင့်ကွပ်ကဲရေးမှူးဟောင်းကို နေပြည်တော်သို့ ခေါ်ယူပြီး စစ်ဆေးမှုများ ပြုလုပ်နေ
November 23, 2016 Asian Fame

3:56 am
ရခိုင်ပြည်နယ် နယ်စပ်ဒေသကို တာဝန်ယူခဲ့ရသည့် နယ်ခြားစောင့်ကွပ်ကဲရေးမှူးဟောင်းကို နေပြည်တော်သို့ ခေါ်ယူပြီး စစ်ဆေးမှုများ ပြုလုပ်နေ
In Politics

khine-htoo-mrat-copy

PN – 051
နေပြည်တော်၊ နိုဝင်ဘာ၂၂

ရခိုင်ပြည်နယ် နယ်စပ်ဒေသကို တာဝန်ယူခဲ့ရသည့်ရဲမှူးချုပ်အဆင့်ရှိ နယ်ခြား စောင့်ကွပ်ကဲရေးမှူးဟောင်းကို ပြည်ထဲရေး ဝန်ကြီးဌာန က နေပြည်တော်သို့ခေါ်ယူပြီး စစ်ဆေးမှုများပြုလုပ်နေသည်ဟု သတင်း ရရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ပထမ အပတ်အတွင်းက ရခိုင်ပြည်နယ် မောင် တောနယ်စပ်ရှိ နယ်ခြားစောင့်ရဲဌာနချုပ် နှင့် စခန်း (၂)ခုအကြမ်းဖက်ခံရသည့် ဖြစ် စဉ်နောက်ပိုင်း  ၄င်းသည် မူလတာဝန်မှ ရုပ်သိမ်းခံရပြီး ခေါ်ယူအစစ်ဆေးခံနေ ရခြင်းဖြစ်သည်။

ထိုသူနှင့်အတူ အဆိုပါတပ်ဖွဲ့၏ ဒုတိယ ကွပ်ကဲရေးမှူးဟောင်း ရဲမှူးကြီးအဆင့်ရှိ သူတစ်ဦးနှင့်အတူ နောက်ထပ် ဒုရဲမှူးကြီး အဆင့်ရှိ တပ်ရင်းမှူးတစ်ဦးတို့လည်း နေပြည် တော်သို့လာပြီး အစစ်ဆေးခံနေရသည်။

လက်တလောတွင် နေပြည်တော်ရှိ ရဲတပ်ဖွဲ့ဌာနချုပ်တွင် ၄င်းတို့ ၃ ဦးကို မူလ ရာထူးတို့နှင့်အတူတွဲဖက်ထားရှိပြီး သက်ဆိုင် ရာက စစ်ဆေးနေသည်ဟုသာ သိရသည်။

အမည်မဖော်လိုသည့် ရဲအရာရှိကြီး တစ်ဦးက ”စစ်ဆေးခံနေရတယ်ဆိုတာ ဟုတ်ပါတယ်” ဟု ပြောသည်။

တရားဝင်ပြောရေးဆိုခွင့်ရှိ ရဲမှူးကြီး ဇော်ဝင်းအောင်ထံ ထိုသတင်းနှင့်ပတ်သက် ၍ အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းရာ ၄င်း ၏ ကိုယ်ရေးအရာရှိကသာ ဖုန်းကိုင်ပြီး ထိုအကြောင်းမေးသည်နှင့် ရဲမှူးကြီး ပြင်ပ သို့ရုံးကိစ္စများနှင့် သွားရောက်နေသည်ဟု သာ အြ မဲဖြေကြားနေ၍ ရှင်းလင်းပြတ်သား သည့် အဖြေကိုမရခဲ့ပေ။

သို့ရာတွင် စစ်ဆေးခံနေရသည်ဟု သတင်းထွက်ပေါ်နေသော ၃ ဦးစလုံးသည် မူလတာဝန်ထမ်းဆောင်ရာ ရခိုင်ပြည်နယ်မှ နေ၍   နေပြည်တော်သို့ရောက်ရှိနေသည်ဟု Popular News  ၏စုံစမ်းမှုအရ သိရှိရသည်။

လစ်လပ်သွားသည့် နယ်ခြားစောင့် ကွပ်ကဲရေးမှူးနေရာတွင် ရဲမှူးချုပ် သူရ စန်းလွင်၊ ဒုတိယကွပ်ကဲရေးမှူးနေရာတွင် မန္တလေးတိုင်း ဒုတိယတပ်ဖွဲ့မှူးတို့နှင့် အစားထိုးခန့်အပ်ထားသည်။

ရခိုင်နယ်စပ်တွင်ဖြစ်ခဲ့သည့်မောင်တော အကြမ်းဖက်ဖြစ်စဉ်နောက်ပိုင်း တပ်မတော် သတင်းအမှန် ပြန်ကြားရေးအဖွဲ့၏ နောက် ဆုံးထုတ်ပြန်မှုတွင် နယ်မြေရှင်းလင်း စဉ်ကာလအတွင်း ဘင်္ဂါလီ ၆၉ ဦး သေဆုံး ပြီး ၂၄၃ ဦး ဖမ်းဆီးရမိထားကြောင်း၊ တပ် မတော်ဘက် မှ စစ်ကြောင်းမှူးအပါအဝင် အရာရှိစစ်သည် ၇ ဦးကျဆုံးသွားကြောင်း၊ ယင်းအပြင် ရဲတပ်ဖွဲ့ဝင် ၁ဝ ဦးလည်း ကျဆုံး ခဲ့ကြောင်း စသဖြင့်ဖော်ပြထားသည်။

အောက်တိုဘာလ ၁၇ ရက် နံနက်ပိုင်း က မောင်တောမြို့ရှိ မောင်တော ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ မိသားစုဝင်များ နှင့် ပြည်ထဲရေးဝန်ကြီးတွေ့ဆုံစဉ် သတင်း ထောက်များကို ”ဒီဖြစ်စဉ်ဖြစ်ရပ်အပေါ် မှာ ခေါင်းဆောင်ကို ငါ မကျေနပ်ဘူး။ အဲဒီ အတွက်ချက်ချင်း ငါခေါင်းဆောင်သစ်ကို ငါလဲတယ်”ဟု ပြောဆိုခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*