ပြတ်သားကြဖို့ အချိန်တန်ပြီ

ပြတ်သားကြဖို့ အချိန်တန်ပြီ
November 23, 2016 Asian Fame

5:59 am
ပြတ်သားကြဖို့ အချိန်တန်ပြီ
In Letters from Editor

editor

အယ်ဒီတာ့အာဘော်

မြန်မာနိုင်ငံအနောက်ဘက်ပိုင်း ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်သူ များက လုံခြုံရေးတပ်ဖွဲ့စခန်းများအား တစ်ပြိုင်နက် တိုက်ခိုက်မှုများပေါ်ပေါက်ပြီး အခြေအနေကို ထိန်းသိမ်းဆောင်ရွက်နေဆဲကာလမှာပင် ရှမ်းပြည်နယ်အရှေ့ မြောက်ဘက် မူဆယ်၊ ကွတ်ခိုင်၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း) ဒေသများတွင် KIA ၊ TNLA ၊ MNDAA  နှင့် AA လက်နက်ကိုင်ပူးပေါင်းအဖွဲ့များက နယ်မြေ လုံခြုံရေး တာဝန် ထမ်းဆောင်နေသော တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့၏ တပ်စခန်းများနှင့် ရဲကင်းများအားတစ်ပြိုင်တည်း အင်အားသုံး၍ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြ ပြန်သည်။ ပို၍ဆိုးသည်မှာ အရပ်ဘက်ပစ်မှတ်များကိုပါ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် တိုက်ခိုက်လာခြင်း ဖြစ်သည်။

ထိုတိုက်ခိုက်မှုများကြောင့် တပ်မတော်သား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအပါအဝင် အပြစ်မဲ့ပြည်သူများသေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိမှုများရှိခဲ့သည်ကို စိတ်မချမ်း မြေ့ဖွယ်ကြားသိနေရပါသည်။ တစ်ချိန်တည်းမှာပင် လားရှိုး၊ မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်ေ လျှာက် ကားများကိုရပ်တန့် ဆက်ကြေးကောက်ခြင်း၊ ပိတ်ဆို့ထား ခြင်း၊ တံတားများကို မိုင်းထောင်ဖျက်ဆီးခြင်းများဖြစ်ပေါ်နေသည့်အပြင် ရန်ကုန်မြို့ ရှိ လူစည်ကားရာဈေးဝယ်စင်တာကြီးများတွင်ပင် အသေးစားပေါက်ကွဲမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လျက်ရှိရာ ပြည် သူအများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် စိုးရိမ်နေရသောအခြေအနေသို့ ဆိုက်ရောက်လျက်ရှိပါသည်။

သမ္မတဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ဦးဆောင်သော နိုင်ငံတော်အစိုးရအနေဖြင့် ၂၁ ရာစုပင်လုံညီလာခံကြီးကို ကျင်း ပကာ ငြိမ်းချမ်းရေးကို အထူးအလေးပေး ဆောင်ရွက်နေသာအချိန်ကာလလည်းဖြစ် သည်။

ယခု တိုက်ခိုက်မှုတွင်ပါဝင်သော TNLA ၊ MNDAA နှင့် AA လက်နက်ကိုင်အဖွဲ့ များကို ယခင် သမ္မတဦးသိန်းစိန်လက်ထက်က လက်နက်စွန့်မှသာNCA လက်မှတ် ရေးထိုးပြီး အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ခွင့်ပြုရန်သတ်မှတ် ထားသော်လည်း လက်ရှိအစိုးရအနေဖြင့် ထိုလက်နက်ကိုင်အဖွဲ့များအနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပါမည်ဟု ကြေညာလိုက်သည်နှင့် လတ်တလော အခြေအနေတွင် လက်နက်စွန့်ရန်မလိုသေးဘဲ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲများသို့ဝင်ရောက်ရန် လမ်းဖွင့်ပေး ထားပြီးလည်း ဖြစ်သည်။ ထိုအခြေအနေတွင် ယခုကဲ့သို့ တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်းပင်။

ထူးခြားမှုမှာ အဆိုပါလက်နက်ကိုင်များအနေဖြင့် ယခင်ကလည်း ဆက်ကြေး ကောက်၊ လူသစ်စု၊ တပ်မတော်စစ်ကြောင်းများကို တိုက်ခိုက်မှုများရှိခဲ့သော်လည်း သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များက တရားဝင်ဝန်ခံခြင်းမရှိဘဲ အောက် ခြေတပ်ဖွဲ့ ဝင်များက ၄င်းတို့သဘောဖြင့်သာဆောင်ရွက်နေခြင်းဖြစ်ကြောင်း တုံ့ပြန်လေ့ ရှိပြီး ယခုတစ်ကြိမ်တွင်မူ ဤစစ်ရေးလှုပ်ရှားမှုကို ၄င်းတို့အနေဖြင့်စတင်ကြောင်း မြန် မာပြည်မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုအမည်ဖြင့် တရားဝင်ကြေညာချက်ထုတ် ပြန်ကာ နိုင် ငံတော်အစိုးရနှင့် တပ်မတော်အပေါ် စစ်ကြေညာလိုက်ခြင်းပင်ဖြစ်သည်။

ဤတိုက်ခိုက်မှုကို စတင်လိုက်ခြင်းဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ၄င်းတို့ အဖွဲ့များ၏ အရေးပါမှုကို နိုင်ငံတော်အစိုးရအနေဖြင့် အလေးထားလာစေရန်စစ်ရေး အရ ဖိအားပေးမှုပြုလုပ်လာခြင်းဖြစ်သလို မြန်မာနိုင်ငံ၏အဓိက နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းကို ထိန်းချုပ်ကာ အစိုးရအပေါ် စီးပွားရေးအရအကျပ်ကိုင်လိုက် ခြင်းလည်း ဖြစ်သည်။

ထိုသို့သောအခြေအနေတွင် နိုင်ငံတော်အစိုးရအနေဖြင့် KIA ၊ TNLA ၊  MNDAA  နှင့် AA  လက်နက်ကိုင်အဖွဲ့တို့အပေါ် တရား ဥပဒေစိုးမိုးရေး၊ ပြည်သူတို့၏ အသက် အိုးအိမ်စည်းစိမ်လုံခြုံရေးတို့အတွက် တိကျပြတ်သားသော သဘောထားကြေညာချက် တစ်ရပ် အမြန်ထုတ်ပြန်ကာ ထိထိရောက်ရောက်၊ ပြတ်ပြတ်သားသား အရေးယူ ကိုင်တွယ်ဆောင်ရွက်သင့်သောအချိန်အခါ ရောက်ေ နပြီဖြစ် ပါကြောင်း ရေးသား ဖော်ပြအပ်ပါသည်။

အယ်ဒီတာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*