သက်ငယ်မုဒိမ်းကို ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ကြတဲ့ အနုပညာရှင်တွေရဲ့ အသံများ

သက်ငယ်မုဒိမ်းကို ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ကြတဲ့ အနုပညာရှင်တွေရဲ့ အသံများ
November 23, 2016 Asian Fame

8:25 am
သက်ငယ်မုဒိမ်းကို ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ကြတဲ့ အနုပညာရှင်တွေရဲ့ အသံများ
In Cover News, Interview, Slider

cele

လတ်တလော ပြည်သူများအ ကြား အပြောအများဆုံး၊ အလှုပ် ခတ်ဆုံးမှာ သက်ငယ် မုဒိမ်းမှုများ အကြောင်းဖြစ်သည်။ ကလေးများ အပေါ် ကျူးလွန်သည့်အမှုများ နေ့စဉ်လိုလို သတင်းများတက်လာ သည့်အခါ ပြည်သူများက ရှုတ်ချ ကြသည်။ သက်ငယ်မုဒိမ်းမှု ကျူး လွန်သူများ ကို ပြင်းပြင်းထန်ထန် အရေးယူပေးရန် တောင်းဆိုလာကြ သည်။ သို့ဖြစ်ရာ သက်ငယ်မုဒိမ်း မှုများနှင့် ပတ်သက်၍ အနုပညာ ရှင်များ၏ စကားသံများကို စုစည်း ဖော်ပြလိုက်ပါသည်။

သက်ထားဦး

ဒီလို သက်ငယ်မုဒိမ်းမှုတွေ အဖြစ်များလာတာက လူတွေက ကိုယ်ချင်းစာစိတ် ကင်းမဲ့လာတယ်။ အမှတ်တကယ်ဆို စာနာတတ် တယ်၊ ကိုယ်ချင်းစာစိတ်ရှိတယ်ဆို  ရင် ကိုယ့်သမီးနေရာကနေပြီး ခံစားခဲ့ကြရင် ဒီလိုသက်ငယ် မုဒိမ်းမှုဆိုတာ ဘယ်သူမှ လုပ်မှာ မဟုတ်ဘူးေ လ။ အခုက တော် တော်လေးကို လူတွေက အရှက် တရားကင်းမဲ့လာတယ်။ ကောင်း မွန်တဲ့ ကိုယ်ကျင့်တရားတွေ မရှိ တော့ဘူး။ အခု ဖေ့စ်ဘွတ်ခ်မှာ အဲဒီလိုသတင်းတွေ တက်လာတိုင်း မကြည့်ချင်လောက်အောင်ကို ရွံ တာ။ ကြည့်လည်း မကြည့်တော့ ဘူး။
ကိုယ်တိုင်ကလည်း မိခင် တစ်ယောက်ဖြစ်နေတော့ အဲဒီ ကလေးကို သနားတဲ့စိတ်က ဘယ် လိုမှ မခံစားနိုင်ဘူး။ ကလေးမိဘ တွေဆို ဘယ်လောက်တောင် ခံ စားနေရမလဲ။ ဘယ်လောက် တောင် ပူပင်သောက ရောက်နေ မလဲ တွေးတာနဲ့တင် လုပ်တဲ့သူတွေ ကို
ပိုရွံလာတယ်။ သူတို့မှာ လူဆို တဲ့ အသိစိတ်မရှိတော့ဘူး။ အား လုံးက သေဒဏ်ပေးချင်ကြတယ်။ တချို့ဆို ဖေ့စ်ဘွတ်ခ်မှာ ကိုယ့် Profile ကို ချိန်းကြတယ်။ ထိ ရောက်တဲ့ဥပဒေ တစ်ခုခု လုပ် လိုက်ရင် တော်ရုံမဖြစ်တော့ဘူးလို့ ထင်တယ်။ အမှုတွေလည်း တော် တော်နည်း သွားမယ်။ ပြီးရင် ပပျောက်သွားမယ်။ သေဒဏ် တောင်းဆိုတဲ့လူတွေ အတိုင်းပဲ ကျွန်မ သဘောတူတယ်။ ဘာ ကြောင့်လဲဆိုတော့ ဒီလို ဖျက် ဆီးမှုက လူ့အသိုင်းအဝိုင်းမှာ လက်ခံနိုင်စရာအကြောင်း မရှိဘူး။ ကိုယ်ဆန္ဒတစ်ခုပြည့်ဖို့ သူများသား သမီး၊ ပြီးတော့ ဘာမှန်းမသိေ သးတဲ့ ကလေးကို ဖျက်ဆီးတာ လုံးဝရှုတ် ချတယ်။ ထိရောက်တဲ့ ပြစ်ဒဏ်ပေး လိုက်ရင် လုပ်တဲ့လူတွေလည်း လုပ်ရဲတော့မှာ မဟုတ်ဘူး။ ဘယ် လိုပဲဖြစ်ဖြစ် သေဒဏ်ပေးလိုက် ရင် နောက်လူတွေလည်း မလုပ်ရဲ တော့ဘူးလေ။ သူ့မှာ အခွင့်အရေး ရှိတယ်ဆိုပေမယ့် ခံစားနေရတဲ့ မိ သားစုဘက်မှာရော အခွင့်အရေး မရှိတော့ဘူးလား။ နောက်တစ်ခု က အဲဒီကလေး သူ့ဘဝက လူသာ အသက်ရှင်တာ ဘဝက သေပြီ။ သူဘယ်တော့မှ လူတောထဲ တိုးရဲ မှာ မဟုတ်တော့ဘူး။ ဒီအမည်း စက်က သူ့နောက်ကို လိုက်နေမှာ။ ဒီလိုလုပ်တဲ့လူကို ထိရောက်တဲ့ ပြစ်ဒဏ် ပေးကိုပေးသင့်တယ်။ မြန်မာပြည်မှာ ဖြစ်တာဖြစ်တဲ့အ တွက် ရှက်လည်းရှက်မိပါတယ်။ အားလုံးသိထားကြ တဲ့ မြန်မာလူ မျိုးတွေက မေတ္တာတရားရှိတယ်။ စာနာစိတ်ရှိတဲ့ လူတွေလေ။ အခု ဘာလို့ အသိဥာဏ်မဲ့တဲ့ လုပ်ရပ်မျိုး လုပ်တာလဲ နားမလည်ဘူး။

စမိုင်း

အခု သက်ငယ်မုဒိမ်းမှုတွေ များသထက် များလာတာ အသိ ပညာနည်းပါးလို့ ဒီလိုလုပ်ရပ်မျိုး လုပ်ရက်တယ်လို့ ထင်တယ်။

 ပညာရှိတယ်၊ ဗဟုသုတရှိ တယ်ဆိုတဲ့ လူတစ်ယောက်က ဒီလိုလုပ်မှာ မဟုတ်ဘူး။ အသက် အရွယ်ရှိလာတာနဲ့အမျှ ကာမစိတ် ဆိုတာ လူတိုင်းမှာ ပေါ်လာတာ ကျွန်မ လက်ခံတယ်။ အဲဒီဟာတစ် ခုကို အပြစ်မဲ့တဲ့ ကလေးတွေ အပေါ်မှာ စုပုံလိုက်တာကိုတော့ ဘယ်လိုမှ လက်မခံနိုင်ဘူး အရမ်း ကို ရိုင်းစိုင်းတယ်လို့ မြင်တယ်။ အဲဒီလို လူမျိုးတွေကို ထိထိရောက် ရောက် အရေးယူဖို့လိုကို လိုအပ် တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့ လုပ်လို့ရတယ်ဆိုတဲ့အသိက သူတို့ ဦးနှောက်ထဲမှာ ရှိတယ်လေ။ အဲဒီ တော့ အဲဒီလိုလုပ်တဲ့လူကို
နာကျင် အောင်၊ ရှက်တတ်အောင် အပြစ် ပေးသင့်တယ်။ အဲဒီလို မလုပ်ရင် မလိုလားအပ်တဲ့ အမှုတွေ တစ်မှု ကနေ နှစ်မှု၊ နှစ်မှုကနေ တဖြည်း ဖြည်း တိုးလာတာပဲ။ အခုက ဥပဒေပဲ ရှိတယ်။ အဲဒီဥပဒေက လည်း သူတို့ကို ကာကွယ်လို့ရတယ် ဆိုတော့ စမိုင်းကတော့
ပွင့်ပွင့် လင်းလင်းပဲ ပြောရမယ်ဆိုရင် သေဒဏ်မပေးဘူး။ သေဒဏ်ဆို တာ တစ်ခါပဲသေရမယ်။ ကျွန်မ ဖြစ်ချင်တာကတော့ မသေမချင်း သတ်မယ်။ တဖြည်းဖြည်း နှိပ်စက် မယ်။ မြန်မာပြည်ရဲ့ ဥပဒေကို လည်း ကြောက်ရတယ်လေ။ သေ ဒဏ်ဆိုပေမယ့် ချက်ချင်းလွတ်လာ တာလည်းရှိနေ တဲ့ အခါကျတော့ ကြောက်ရတယ်။ အဲဒီတော့သေဒဏ် ပေးပြီး ချက်ချင်းသတ်ရင်တော့ အေးတော့ အေးသွားတာပေါ့။ တစ်ယောက်နှစ်ယောက် လုပ်ပြ လိုက်ရင် နောက်ထပ်အမှုတွေ ရှိမလာနိုင်လောက်ဘူး။ လူဆိုတာ က ထမင်းစားတဲ့ လူတွေပဲလေ။ မကောင်းတာကို သိတယ်။ ဒါပေ မယ့်စမ်းကြည့်မယ်။ စမ်းကြည့် လို့ရတော့ လုပ်တော့တာပေါ့။ ကလေးဆိုတာ ဟိုကိုင်ဒီကိုင် လည်း ဘာနားလည်မှာလဲ။ ဒါကို အခွင့်ကောင်းယူပြီး ဟိုကိုင် ဒီကိုင် ကနေတစ်ဆင့် ဒီလိုဖြစ်အောင် လုပ်တယ်။

 ကျွန်မတို့ မြန်မာလူမျိုးတွေက အရှက်ကလည်း ကြီးတယ်လေ။ ဒီလိုအမှုမျိုးကို မကြားဝံ့မနာ သာဖြစ်နေတော့ မဖြစ်မနေမှသာ တိုင်တာေ လ။ ဒီလိုနဲ့ပဲ ပြီးသွား တဲ့အမှုတွေ ဘယ်လောက်တောင် ရှိနေမလဲ။ တိုင်တော့လည်း ဘာမှ မထူးခြားတော့ ပိုဆိုးတယ်လေ။ ကျွန်မကေ တာ့ ပြောချင်တယ်။ ဘယ်သူပဲဖြစ်ဖြစ် ဒီလိုဖြစ်တယ် ဆိုရင် မရှက်ပါနဲ့၊ မကြောက်ပါနဲ့ခေါင်းငုံ့ခံမနေပါနဲ့။ ရဲရဲဝံ့ဝံ့ ပြောပါ။ ဥပဒေက ဘယ်လောက် လုပ်လုပ် ကာယကံရှင်က မတိုင် ရင်လည်း ဘာမှ လုပ်လို့ မရဘူး။ ကိုယ်ကတော့ ကိုယ့်သားသမီးကို ချစ်တဲ့စိတ်နဲ့ ဖေ့စ် ဘွတ်ခ်ပေါ်မှာ ပုံလေးတွေတင်ကြတယ်။ နိုင်ငံခြား မှာရှိတဲ့ ကိုယ့်အမျိုးတွေအတွက် တင်လိုက်တယ်ဆိုပေမယ့် ဒါကို ကြည့်ပြီး အသား ယူချင်တဲ့ လူတွေ ရှိနေတယ်ဆိုတာ အခု ကျွန်မဆို အရမ်းကို သတိထားပြီး တင်ဖြစ် တယ်။

အိတုံ

အခု နေ့တိုင်းလိုလိုပါပဲ သတင်းစာတွေမှာ၊ ဂျာနယ်တွေမှာ၊ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကြည့်လိုက်ရင် သက်ငယ်မုဒိမ်းမှုက တော်တော် ပါလာတာတွေ့ရတယ်။ နေ့တိုင်း လိုလိုပါလာတယ်။ ကြည့်ရတာ စိတ်မချမ်းသာဘူး။ နားမလည်တဲ့ ကလေးကို ပိုပြီးကရုဏာသက်မိ တယ်။ ပြီးတော့ ဒီကလေးရဲ့ ဘဝ က တစ်သက်လုံး အမည်းစက်ဖြစ် သွားပြီ။ သေတာနဲ့ ဘာမှမထူးခြား ဘူး။ လူ့လောကမှာနေပြီး လူ တောမတိုးနိုင်တော့တဲ့ ကလေး တွေ ဖြစ်သွားပြီ။ ပြစ်မှုကျူးလွန်သူ ကို ထိထိရောက်ရောက်အရေးယူ ပေးပါ။ ကျွန်မကိုယ်တိုင် မိန်း ကလေးဖြစ်တယ်။ အဲဒီအပြင် ကျွန်မကိုယ်တိုင် မိခင်ဖြစ်နေတော့ ပိုပြီးခံစားရတယ်။ ပြင်းပြင်းထန် ထန် အရေးယူပါ။ အသိဥာဏ်မရှိ တာထက် မေတ္တာတရား စာနာစိတ် ကင်းမဲ့သွားတယ်လို့ မြင်တယ်။ ဒီ လို ကလေးကို ဘယ်လိုစိတ်နဲ့များ လုပ်ရက်တာလဲ စဉ်းစားမရဘူး။ လူမှန်ရင် ဒီလိုစိတ်ရှိမှာ မဟုတ် ဘူး။ မိခင်တွေ ပိုသတိထားကြပါ။ ဘယ်သူ့ကိုမှ မယုံပါနဲ့။ အခုဆို ဖေ့စ်ဘွတ်ခ်က မလုံမခြုံ ကလေး   တွေပုံကြောင့်မို့ ကလေးမုဒိမ်းမှု တွေ များလာတာဝေဖန်ကြတယ်။ မိဘဆိုတာကတော့ ကိုယ့်သား သမီးကိုချစ်တော့ ပုံလှလှလေးတွေ ရိုက်တင်ကြတယ်။ ဒါက သဘာဝ ပဲ။ ဒါကိုမှ အသားယူချင်တဲ့ မ ကောင်းတဲ့လူတွေက ရှိနေတော့ မိခင်တွေ ပိုသတိထားကြပါ။ အခု   ခေတ်ကြီးကလည်း ချစ်စရာလေး တွေ အမျိုးမျိုးကို ဆင်ကြတယ်လေ။ ဆင်ခြင်သင့်ပါပြီ။ လုံလုံခြုံခြုံထား ပါ။ အခုက ကိုယ့်ဘက်ကကာ ကွယ် မှရမယ်။ ဥပဒေဆိုတာကတော့ ရှိတာပဲ ရှိတယ်လေ။ အခုဖြစ်တဲ့ အမှုတွေကိုကြည့်ပြီး ခန့်မှန်းလို့ ရနေပြီပဲ။ ကိုယ်တိုင်က မိခင်ဖြစ် တော့ ဒီလုပ်ရပ်အပေါ် လုံးဝရှုတ် ချတယ်။ မြန်မာလူမျိုးတစ်ယောက် အနေနဲ့ပြောရတာ အရမ်းကို ရှက် ဖို့ကောင်းတဲ့လုပ်ရပ်ပါ။ ကြားတာနဲ့ တင်ရွံတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*