ပို့ကုန်၊ သွင်းကုန်ပစ္စည်းရှင်းလင်းရေးစနစ်အတွက် အကောက်ခွန်ကြေညာလွှာတစ်စောင်လျှင် ကျပ်သုံးသောင်းကျသင့်မည်

ပို့ကုန်၊ သွင်းကုန်ပစ္စည်းရှင်းလင်းရေးစနစ်အတွက် အကောက်ခွန်ကြေညာလွှာတစ်စောင်လျှင် ကျပ်သုံးသောင်းကျသင့်မည်
November 23, 2016 Asian Fame

7:21 am
ပို့ကုန်၊ သွင်းကုန်ပစ္စည်းရှင်းလင်းရေးစနစ်အတွက် အကောက်ခွန်ကြေညာလွှာတစ်စောင်လျှင် ကျပ်သုံးသောင်းကျသင့်မည်
In Bussiness

HEZ
ရန်ကုန်၊ နိုဝင်ဘာ ၂၁

ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ လုပ်ကိုင်ရာတွင် ကုန်ပစ္စည်းရှင်း လင်းရေးစနစ်  (Myanmar Auto-matic Cargo Clearance System -MACCS) ကို အသုံးပြု ဆောင် ရွက်မှုတွင် အကောက်ခွန်ကြေညာ လွှာ တစ်စောင်လျှင် သုံးသောင်း ကျပ်နှုန်းဖြင့်ကောက်ခံသွားမည်   ဖြစ်ကြောင်း အကောက်ခွန်ဦးစီး ဌာနမှ သိရသည်။

MACCS စနစ်သို့ တင်သွင်း လာသည့် အကောက်ခွန် ကြေညာ လွှာများအနက် အကြောင်းအမျိုး မျိုးကြောင့် စနစ်မှ လက်ခံဆောင် ရွက်မပေးနိုင်သည့် ကြေညာလွှာ များအား MACCS Fee  ကောက်ခံ သွားမည် မဟုတ်ပါကြောင်း၊ ယင်း ကြေညာလွှာများကို ယခင်ဆောင် ရွက်နေသည့် Manual လုပ်ငန်းစဉ် များအတိုင်း လက်ခံဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ MACCS  စနစ်သည် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ၌ လူကိုယ်တိုင် အကောက်ခွန် ရုံးများသို့ သွား ရောက် စရာမလိုဘဲ အွန်လိုင်းမှ တစ်ဆင့် အချိန်တိုအတွင်း ဆောင် ရွက်နိုင်မည့်စနစ်ဖြစ်ပြီး ယင်းစနစ် သည် ဂျပန်နိုင်ငံ၌ အောင်မြင်ခဲ့ သည့်အကောက်ခွန် ရှင်းလင်းရေး စနစ်ဖြစ်သည်။ ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီJICA  ၏အကူအညီဖြင့် ယင်းစနစ်ကို မြန်မာနိုင်ငံတွင် စတင် အကောင်အထည် ဖော်ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစနစ်ကို ကျင့်သုံးရာ တွင် Customs Broker များအနေ ဖြင့် စနစ်တစ်ခုနှင့် တစ်ခုအကြား အကူးအပြောင်းတွင်အခက်အခဲများ ကြုံတွေ့ရနိုင်သော်လည်း တဖြည်း ဖြည်းအဆင်ပြေသွားမည်ဟု မျှော် လင့်ထားကြောင်း အကောက်ခွန် ဦးစီးဌာန တာဝန်ရှိသူတစ်ဦး က ပြောသည်။

အဆိုပါစနစ်ကို ရန်ကုန်မြို့ ဆိပ်ကမ်းများနှင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တို့တွင် ဆောင်ရွက် သွားမည်ဖြစ်ပြီး နောက်ပိုင်းတွ င် အခြားသော နယ်စပ်ဂိတ်တို့တွင် လည်း ဆောင်ရွက်သွားရန် ကြိုးပမ်း သွားမည် ဖြစ်ကြောင်းသိရသည်။

ယင်းစနစ်သည် ရုံးပိတ်ရက် မရှိ ၂၄ နာရီပတ်လုံး ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ အွန်လိုင်းမှတစ် ဆင့်ငွေပေးချေမှုစနစ်များ အပါအ ဝင် သွင်းကုန်၊ ပို့ကုန်လုပ်ငန်းများ ကို လွယ်ကူချောမွေ့စွာ ဆောင်ရွက် နိုင်မည်ဖြစ်၍ ကုန်စည်စီးဆင်းမှု အတွက်များစွာ အထောက် အကူပြု မည်ဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*