တူရကီလျှပ်စစ်ဓာတ်အားပေးသင်္ဘောကြီးနှင့် နွေရာသီရန်ကုန်လျှပ်စစ်

တူရကီလျှပ်စစ်ဓာတ်အားပေးသင်္ဘောကြီးနှင့် နွေရာသီရန်ကုန်လျှပ်စစ်
November 23, 2016 Asian Fame

5:40 am
တူရကီလျှပ်စစ်ဓာတ်အားပေးသင်္ဘောကြီးနှင့် နွေရာသီရန်ကုန်လျှပ်စစ်
In International News
Photo : AA/ Murat Cetinmühürdar

Photo : AA/ Murat Cetinmühürdar

Pnews
ရန်ကုန်၊ နိုဝင်ဘာ ၂၂

မြန်မာနိုင်ငံသည် နွေရာသီ တွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက် များ ဖြစ်ပေါ်လေ့ရှိသောကြောင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို   ဖြည့်တင်းနိုင်ရန် တင်ဒါခေါ်ယူစေ ခဲ့ရာ အမေရိကန်နှင့် မြန်မာကုမ္ပ ဏီများ ပါဝင်သော ကုမ္ပဏီအုပ်စု က ပထမနေရာနှင့် တူရကီနိုင်ငံမှ Karadeniz Holding က ဒုတိယ နေရာ ရရှိသည်ဟု သိရသည်။

ယင်းကုမ္ပဏီတို့က တစ်ယူနစ် ကို ခန့်မှန်းခြေဈေးနှုန်း ကျပ် ၁၂ဝ ဝန်းကျင်နှင့် ရောင်းချပေးမည်ဟု ဆိုထားကြောင်း ပြည်ပအခြေစိုက် သတင်းဌာနတစ်ခုကို ဖြေထားသည်။

တင်ဒါပထမရသည့် အမေရိ ကန်နှင့် မြန်မာကုမ္ပဏီများပါဝင် သော ကုမ္ပဏီအုပ်စုက ၄င်းတို့ ဆောင်ရွက်သွားမည့် အကြောင်း အရာတို့နှင့် ပတ်သက်၍ မည် သည့် သတင်းအချက်အလက်ကိုမှ မထုတ်ပြန်ထားသေးသော်လည်း ဘဲ ဒုတိယနေရာမှ တင်ဒါအောင်   မြင်သည့် တူရကီနိုင်ငံမှ စွမ်းအင် ကုမ္ပဏီတစ်ခုဖြစ်သည့် Karadeniz Holding  ကမူ Onur Sultan  အမည်ရှိ ဓာတ်အားဖြန့်ဖြူးရေး သင်္ဘောကို မြန်မာနိုင်ငံ၏ နွေရာ သီ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ကို ဖြည့်စည်းပေးနိုင်ရန် အတွက် မြန်မာနိုင်ငံသို့ စေလွှတ်မည်ဟု တူရကီနိုင်ငံ အခြေစိုက် Anadolu Agency သတင်းဌာနသို့ဖြေထား သည်ကို တွေ့ရသည်။

ထိုသင်္ဘောကို စေလွှတ်ရန် အတွက် ယင်းကုမ္ပဏီက ယခုရက် မှစကာ လာမည့်နှစ် ဧပြီလမတိုင်မီ ရက်ပေါင်း ၁၈ဝ အတွင်း မြန်မာ   နိုင်ငံသို့ ရောက်ရှိလာတော့မည် ဖြစ်သည်ဟု အချိန်ကာလကိုပါ ထည့်သွင်းပြောခဲ့သည်။ ဓာတ်အား ပေး သင်္ဘောကို သန်လျင်မြို့နယ် သီလဝါဆိပ်ကမ်းတွင် အခြေစိုက် မည်ဖြစ်ပြီး သန်လျင်ဓာတ်အား ပေးရုံမှတစ်ဆင့် ရန်ကုန်မြို့သို့ ငါး နှစ်ကြာ ဓာတ်အား ဖြန့်ဖြူးနိုင်ရန် ရည်ရွယ်ထားကြောင်းKaradeniz Holding  ကုမ္ပဏီက သတင်းထုတ် ပြန်ထားသည်။

အဆိုပါ အစီအစဉ်များသည် ယခင်နိုင်ငံတော်သမ္မတဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက စီ စဉ်ခဲ့သည့် အစီအစဉ်များဖြစ်သော် လည်း ယခုအစိုးရနှင့် ၄င်းတို့က တရားဝင် သဘောတူစာချုပ် ချုပ် ကာ ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ် အားလိုအပ်ချက်ကို ဖြည့်ဆည်း သွားမည်ဟု သိရသည်။

ပြည်ပ သတင်းများအရ ဧပြီ လ မတိုင်ခင် သင်္ဘောရောက်ရှိ မည်ဟု သတင်းထွက်ပေါ်နေသော် လည်း ဧပြီလအမီ လျှပ်စစ်မီးပေး   နိုင်ရေးအတွက် မဟာဓာတ်အား လိုင်းသို့မည်သို့ ချိတ်ဆက်မည် ဆို သည်ဟူသော အချက်အလက်များ ကိုမူ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနက တရားဝင်သတင်း မထုတ် ပြန်သေးပေ။ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြောခွင့်ရ အမြဲတမ်း အတွင်းဝန် ဦးထိန်လွင်က တင်ဒါ အောင်ထားသည့် ကုမ္ပဏီနှစ်ခုစ လုံးတို့သည် တင်ဒါစည်းကမ်းတို့ တွင် ပါသည့်အတိုင်း ရန်ကုန်ရှိ သတ်မှတ်ဓာတ်အားပေး ရုံများဆီ သို့ ချိတ်ဆက်ပို့ဆောင်ပေးရ မည်ဖြစ်ကြောင်း၊ ထိုသို့လုပ် ဆောင်မှုကို လုပ်ထုံးလုပ်နည်းများ နှင့်အညီ သတ်မှတ်စည်းကမ်းချက် များအတိုင်း အချိန်မီ လုပ်ဆောင်ရ မည်ဟု ပြောသည်။

”နွေရာသီအမီ သူတို့တွေ လုပ်ရမှာလေ” ဟု အမြဲတမ်းအ တွင်းဝန် ဦးထိန်လွင်က ပြောသည်။ တင်ဒါအောင်မြင်ထားသည့် အမေ ရိကန်ပါဝင်သည့် ကုမ္ပဏီသည် လည်း ကြည့်မြင်တိုင်တစ်ဖက် ကမ်းရှိ မြေပြင်ပေါ်တွင် ဓာတ်အား ပေးရုံ တစ်ခုဆောက်လုပ်ပြီး နွေရာ သီအမီ ဓာတ်အားပေးရမည် ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

”နှစ်ခုစလုံးက နွေရာသီအမီ ပါပဲ” ဟု သူကဆိုသည်။ သီလဝါ တွင် ဆိုက်ထားမည့် တူရကီသင်္ဘော သည် လောင်စာဆီကို အသုံးပြု မည်ဖြစ်သဖြင့် သဘာဝပတ် ဝန်းကျင် မထိခိုက်ရန်၊ မြစ်ညစ် ညမ်းမှုမဖြစ်ပေါ်ရန် သက်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဦးစီးဌာနနှင့် ချိတ်ဆက်လုပ် ဆောင်ရမည်ဟု ဆိုသည်။ ထို သင်္ဘောမှနေ၍ ဓာတ်အားကြိုး သွယ်တန်းမှုများကို ရေအောက် အစား ကုန်းပေါ်မှသာ သတ်မှတ် ဓာတ်အားရုံသို့ သွယ်တန်းမည်ဟု ထပ်မံသိရသည်။

”ကျွန်တော်တို့က ဓာတ်အား အမြန်ရဖို့ လောင်စာဆီနဲ့သုံး လိုက်တာ။ ဒါဟာ ယာယီပဲ၊ နောက် သဘာဝဓာတ်ငွေ့နဲ့ လည်မှာလေ”ဟု အမြဲတမ်းအတွင်းဝန်က ဆက် ပြောသည်။

တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီ နှစ်ခုစလုံးက ယခုနှစ် နွေရာသီအတွက် ဓာတ်အား ၃ဝဝ မဂ္ဂါဝပ်စီနှင့် စုစုပေါင်း ဓာတ်အား ၆ဝဝ ကိုပေးမည်ဟု သိရသည်။ ယင်းဓာတ်အားတို့သည် ရန်ကုန် တစ်ခုတည်းကို ဦးတည်တာမျိုး မဟုတ်ဘဲ တစ်နိုင်ငံလုံးကိုမျှ ပေး မည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ သိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန လက်ထောက်အတွင်းဝန် ဦးစန်းယုက နိုဝင်ဘာပထမပတ်က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ယခုနှစ် ပွင့်လင်းရာသီအတွက် ရန်ကုန် သည် ရွှေလီ(၁) ဓာတ်အားပေးစက် ရုံမှ ၁ဝဝ မဂ္ဂါဝပ်ထပ်မံရရှိနေသည့် အပြင် သဘာဝ ဓာတ်ငွေ့များဖြင့် လည်ပတ်နေသည့် ကျောက်ဖြူ၊ မြင်းခြံ၊ သီလဝါတို့မှ ထွက်လာမည့် ၁ဝဝ မဂ္ဂါဝပ်ကိုလည်း ထပ်မံတိုး ချဲ့ထုတ်လုပ်မှုမှတစ်ဆင့် ရယူမည့် အစီအမံများရှိကြောင်း ပြောကြား ထားသည်။

ရန်ကုန်မြို့သည် ပြီးခဲ့သည့် နွေကာလက နေ့စဉ်လျှပ်စစ်ဓာတ် အား သုံးစွဲမှု စံချိန်တင်မြင့်တက် လာပြီး တစ်ရက်လျှင် မဂ္ဂါဝပ် ၁၂၅ဝ   ကျော်အထိ သုံးစွဲလျက် ရှိသည်။ ဓာတ်အားမလုံလောက် မှုကြောင့် မီးအလှည့်ကျပေးရခြင်း၊ မီးပျက်ခြင်းအစရှိသည့် ပြဿနာ များစွာနှင့် ရင်ဆိုင်ခဲ့ရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*