ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် ငြိစွန်းသည့် ပြည်ပရောက် မြန်မာများအား ပြည်တွင်း မှာပင် အမှုဖွင့် တိုင်ကြားနိုင်ဟု ဆို

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် ငြိစွန်းသည့် ပြည်ပရောက် မြန်မာများအား ပြည်တွင်း မှာပင် အမှုဖွင့် တိုင်ကြားနိုင်ဟု ဆို
November 23, 2016 Asian Fame

5:06 am
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် ငြိစွန်းသည့် ပြည်ပရောက် မြန်မာများအား ပြည်တွင်း မှာပင် အမှုဖွင့် တိုင်ကြားနိုင်ဟု ဆို
In Crime
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် နိုဝင်ဘာလ ၁၁ ရက်နေ့က အရေးယူခဲ့သော Eleven Media Group ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်နှင့် The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့၏အမှုကို နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် တရားရုံးတွင် ကြားနာစစ်ဆေးမည်ဖြစ်သည်။ (Photo: AFP)

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် နိုဝင်ဘာလ ၁၁ ရက်နေ့က အရေးယူခဲ့သော Eleven Media Group ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်နှင့် The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့၏အမှုကို နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် တရားရုံးတွင် ကြားနာစစ်ဆေးမည်ဖြစ်သည်။ (Photo: AFP)

ဖြိုးထက်အောင်
ရန်ကုန်၊ နိုဝင်ဘာ ၂၂

ဆက်သွယ်ရေး ကွန်ရက်ကို အသုံးပြု၍ အသရေဖျက်ခြင်း၊ မလျော်သြဇာသုံးခြင်းများ ပြုလုပ် သည့် ပြည်ပနိုင်ငံရောက် မြန်မာ   နိုင်ငံသား များကို နိုင်ငံဖြတ်ကျော် မှုခင်းဌာနနှင့် ချိတ်ဆက်၍ ဆက် သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တရားစွဲဆို၍ရကြောင်း ရန်ကုန် တိုင်း ဒေသကြီးရဲတပ်ဖွဲ့ မှ ပြောသည်။

ပြည်ပနိုင်ငံများတွင် နေထိုင် လျက်ရှိသည့် မြန်မာနိုင်ငံသား များကို ဆက်သွယ်ရေးကွန်ရက် ကိုအသုံးပြု၍ အသရေဖျက်ခြင်း၊ မလျော် သြဇာသုံးခြင်း၊ ခြိမ်းခြောက် ခြင်း အစရှိသည်တို့ ပြုလုပ်လာပါ လျှင်လည်း ပြည်တွင်းဖြစ်ရပ် များတွင် အမှုဖွင့်သကဲ့သို့ပင်လျှင် မိမိနေ ထိုင်ရာ နယ်မြေအပိုင် ရဲ စခန်းသို့သွား၍ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှု ဖွင့် နိုင်ပြီး ရဲတပ်ဖွဲ့က အမှုဖွင့်မှတ်တမ်း ကို သက်ဆိုင်ရာဌာန အသီးသီးသို့ ဆက်သွယ် အကြောင်းကြားပြီး နောက် ယင်းအမှုဖွင့်ခံရသူ မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိလာ ချိန်တွင် လေဆိပ်မှ ထိန်းသိမ်းဖမ်း ဆီးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ အရာရှိကြီး တစ်ဦးက ပေါ်ပြူလာနယူစ်း သို့ ပြောသည်။

”ကိုယ်နေထိုင်တဲ့ အပိုင်ရဲ စခန်းမှာပဲ အမှုဖွင့်လို့ရပါတယ်။ ကျန်တာတွေကို ရဲတပ်ဖွဲ့က ရဲလုပ် ထုံးလုပ်နည်းအရဆက်လုပ်ကြမှာ ပါ။ ကျွန်တော်တို့မှာ နိုင်ငံဖြတ် ကျော် မှုခင်းဌာနဆိုတာရှိပါတယ်။ နိုင်ငံတကာနဲ့ချိတ်ဆက်ပြီး လို အပ်တာတွေကို သူတို့လုပ်ပါလိမ့်မယ်” ဟု ၄င်းက ပြောသည်။

ရဲတပ်ဖွဲ့က တိုင်ကြားသည့် အထောက်အထားကို ဆက်သွယ် ရေး ဝန်ကြီးဌာနကို မေးမြန်း၍ စစ်ဆေးပြီး မှန်ကန်ပါကဆက် လက်   ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းအရာရှိက ပြောသည်။

”နိုင်ငံချင်းဆက်သွယ်တဲ့ အင် တာပို ချန်နယ်ဆိုတာရှိတယ်။ အင်တာပိုမှာ သူ့နိုင်ငံ ကိုယ့်နိုင်ငံ ကလိုတဲ့ အချက်အလက်တွေတင် ထားတယ်။ တစ်ကမ္ဘာလုံးနဲ့ချိတ်ထားတဲ့ဟာပေါ့။ ကျွန်တော်တို့ဆီ ကလည်း ပြစ်မှုနဲ့လိုချင်တဲ့သူတွေရဲ့စာရင်းတွေတင်ထားတာပေါ့။ အဲဒါက ဖမ်းပေးရမယ်လို့တော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် သူတို့တွေ့ လို့စစ်ဆေးရင်း အင်တာပိုချန်နယ် မှာ တင်ထားတဲ့ စာရင်းထဲပါရင် သူတို့ကဖမ်းခိုင်းမှာပေါ့” ဟု ၄င်းက ပြောသည်။

သို့သော်လည်း ယင်းကဲ့သို့ ဆောင်ရွက်မှုမှာ မြန်မာနိုင်ငံသား ဖြစ်သူတို့အတွက်ကိုသာ ဆောင် ရွက်နိုင်ပြီး ပြည်ပနိုင်ငံသားခံယူသူ များအတွက်မူ ဆောင်ရွက်ရန် ခက်ခဲ နိုင်ကြောင်း၊ နိုင်ငံရေးပြစ်မှုကို အင်တာပိုက ဆောင်ရွက်မပေး ကြောင်း၊ အလိုရှိနေသေတရားခံ   ပြေးများကိုသာ သက်ဆိုင်ရာနိုင်ငံ များဆီသို့ အကြောင်းကြားပေးခြင်း ဖြစ်ကြောင်း၊ အမှုဖွင့်ထားပါက နိုင်ငံသို့ ပြန်လာချိန်တွင်ထိန်းသိမ်း ဖမ်းဆီးနိုင်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ ယင်းကဲ့သို့ ပြည်ပနေမြန်မာများက ဆက်သွယ် ရေး ကွန်ရက်ကို အသုံးပြု၍ အသ ရေဖျက်ခြင်း၊ မလျော်သြဇာသုံး ခြင်း များ ပြုလုပ်သဖြင့် လာရောက် အမှုဖွင့်သူ ကျောက်တံတားမြို့ နယ်အတွင်း မရှိသေးကြောင်း ရန် ကုန်တိုင်းဒေသကြီးကျောက်တံ တား မြို့မရဲစခန်းမှ သိရသည်။

”ဒီနေ့အထိတော့ ကျွန်တော် တို့ ကျောက်တံတား ရဲစခန်းမှာ နိုင်ငံခြားက မြန်မာတွေကို အဲဒီ ပုဒ်မနဲ့လာပြီး အမှုဖွင့်တာ တစ်မှုမှ မရှိေ သးပါဘူး”ဟု ကျောက်တံတား မြို့နယ်ရဲစခန်းမှ တာဝန်ကျ အရာ ရှိက ပြောပါသည်။

ဆက်သွယ်ရေး ကွန်ရက်တစ် ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦး အားခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီး ကန့်ကွက်ခြင်း၊ အသရေ ဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော် သြဇာသုံးခြင်း သို့မဟုတ်ခြိမ်း ခြောက်ခြင်းတို့ကိုပြုလုပ်ပါက ပြစ် မှုထင်ရှား

လျှ င် ထိုသူအား သုံးနှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ၂ဝ၁၃ ခုနှစ် ဆက် သွယ်ရေးဥပဒေ အခန်း(၁၈) အပုဒ် ၆၆(ဃ)၌ပြဋ္ဌာန်းထားသည်။

ယင်းပုဒ်မမှာ လက်ရှိအခြေ အနေအရလို အပ်ချက်များရှိနေ သလို  ဆီလျော်မှုလည်း မရှိသဖြင့် ပယ်ဖျက်လျှင်ပယ်ဖျက် (သို့မဟုတ်) ပြန် လည်ပြင်ဆင်သင့်သည်ဟု မကြာ သေးမီက ဆက်သွယ်ရေးဥပဒေ ပုဒ်မနှင့်အမှုဖွင့်အရေးယူခံရသည့် ကိစ္စရပ်များအပေါ် နယ်ပယ်ပေါင်း စုံက ဝေဖန်ပြောဆိုလျက်ရှိသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*