နေပြည်တော်မှ ပြင်ဦးလွင် အပါအဝင် မြို့အချို့သို့ အဝေးပြေး ယာဉ်လိုင်း ခရီးစဉ် တိုးချဲ့မည်

နေပြည်တော်မှ ပြင်ဦးလွင် အပါအဝင် မြို့အချို့သို့ အဝေးပြေး ယာဉ်လိုင်း ခရီးစဉ် တိုးချဲ့မည်
November 17, 2016 Asian Fame

9:29 am
နေပြည်တော်မှ ပြင်ဦးလွင် အပါအဝင် မြို့အချို့သို့ အဝေးပြေး ယာဉ်လိုင်း ခရီးစဉ် တိုးချဲ့မည်
In Travel

စိုင်းလမင်း
နေပြည်တော်၊ နိုဝင်ဘာ ၁၁

နေပြည်တော်မှ ပြင်ဦးလွင် အပါအဝင် မြို့ အချို့သို့ ယာဉ်လိုင်း ၆ လိုင်း ထပ်မံတိုးချဲ့ပြေးဆွဲ မည်ဖြစ်ကြောင်း နေပြည်တော် မထသ အဝေးပြေးမှ သိရသည်။

နေပြည်တော်မှ မန္တလေး၊  ပြင်ဦးလွင်၊  မြဝတီ၊  မြစ်ကြီးနား၊ ဘားအံ၊ မကွေး၊ မင်းဘူး မြို့များသို့ပြေးဆွဲရန် လာရောက် တင်ပြထားသူ များရှိကြောင်း၊ သတ်မှတ် စည်းမျဉ်း စည်း ကမ်းများကို လိုက်နာပါက ခွင့်ပြုပေးသွားမည် ဖြစ် ကြောင်း နေပြည်တော် မထသ အဝေးပြေးမှ ဒုတိယဌာနမှူး ဦးမျိုးညွန့်ဦးကပြောသည်။

သတ်မှတ် စည်းမျဉ်းစည်းကမ်းများဆိုသည်မှာ သင်္ကြန်တွင်း ယာဉ်လက်မှတ်ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ယာဉ်သည် ( ခ )လိုင်စင် ခရီးသည်တင်ယာဉ်ဖြစ်ရခြင်းနှင့် ယာဉ်မောင်းများမှာ (င) လိုင်စင်ဖြင့်သာ မောင်းနှင်ရခြင်း တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်လိုင်းအသစ်များမှာ နောက်ဆုံးပေါ်အဝေးပြေး Express ယာဉ်များဖြင့်ပြေး ဆွဲမည်ဖြစ်ကြောင်း၊ လက်ရှိတွင် နေပြည်တော် ကောင်စီသို့ တင်ပြထားပြီး ကောင်စီခွင့်ပြုချက်ရ ပါက ပြေးဆွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

လက်ရှိတွင် အဝေးပြေး ယာဉ်များသည် နေပြည်တော်မှ ၄၃ မြို့သို့ပြေးဆွဲလျက်ရှိပြီး လိုင်း သစ် ၆ လိုင်းမှာ ဖြိုးရတနာအောင်၊  ဇွဲပြည့်မာန်၊ အောင်စည်ဖြိုး၊ တော်ဝင်မန္တလာ၊ လှိုင်းဖော့ရွှေမြေ နှင့် ဧရာမန္တလာတို့ဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*