အကြမ်းဖက်မှုများဖြစ်ပွားနေသော မောင်တောတွင် စာသင်ကျောင်း နှစ်ရာနီးပါး ပိတ်ထားရဆဲ

အကြမ်းဖက်မှုများဖြစ်ပွားနေသော မောင်တောတွင် စာသင်ကျောင်း နှစ်ရာနီးပါး ပိတ်ထားရဆဲ
November 17, 2016 Asian Fame

4:14 am
အကြမ်းဖက်မှုများဖြစ်ပွားနေသော မောင်တောတွင် စာသင်ကျောင်း နှစ်ရာနီးပါး ပိတ်ထားရဆဲ
In Politics

လင်းဟိန်း
ရန်ကုန်၊ နိုဝင်ဘာ ၁၄

ရခိုင်ပြည်နယ် မောင်တော ခရိုင်အတွင်းတွင် ဖြစ်ပွားနေ သည့် အကြမ်းဖက်မှုများကြောင့် စာသင်ကျောင်း ၁၇ဝ ကျော် ပိတ်ထားရဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

အောက်တိုဘာ ၁ဝ ရက် နေ့မှစ၍ မောင်တောခရိုင် အတွင်းအခြေအနေ မငြိမ်သက် မှုကြောင့် ယင်းခရိုင်အတွင်းရှိ စာသင်ကျောင်း ၄၁၅ ကျောင်း ကို ယာယီပိတ်ထားခဲ့ရပြီး အောက်တိုဘာ ၂၄ ရက်နေ့နှင့် နိုဝင်ဘာ ၁ ရက်နေ့တို့တွင် ပြန် လည်ဖွင့်လှစ်ပေးခဲ့ရာ လက်ရှိ တွင် စာသင်ကျောင်း ၁၇၁ ကျောင်းဖွင့်ရန် ကျန်ရှိနေခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် ပညာရေး မှူးရုံးမှ လက်ထောက်ညွှန်ကြား ရေးမှူး(စီမံ) ဦးစိန်ထွန်းလှက  ”ပထမ ဦးစားပေး၊ ဒုတိယ ဦး စားပေး၊ တတိယ ဦးစားပေး ကျောင်းေ တွ ပြန်ဖွင့်မယ်ဆိုပြီး သတ်မှတ်ထားတာပါ။ ဒါပေ မယ့် နှစ်ကြိမ်ပဲ ဖွင့်နိုင်ခဲ့တယ်။ တတိယအကြိမ်ကို ဒီလ ၇ ရက် နေ့ဖွင့်မယ်လို့ လျာထားတာ၊ အခြေအနေ မငြိမ်သေးတော့ မဖွင့်လိုက်ရဘူး။ နောက်ထပ် အခြေအနေငြိမ်ရင် ငြိမ်သလို ကျောင်းတွေ ထပ်ဖွင့်သွားပါ မယ်”ဟု ပြောသည်။

လက်ရှိတွင် မောင်တောမြို့ ပေါ်ရှိ ဆရာ၊ ဆရာမအချို့က မောင်တောမြို့နယ်ကျေးရွာ အချို့မှ ကျောင်းသားများကို ယာယီစုရပ်တစ်ခု သတ်မှတ်ကာ   နေ့ချင်ြး ပန်သွားရောက် သင် ကြားပေးနေကြောင်း ၄င်းက ပြောသည်။

`
မောင်တော ခရိုင်အတွင်း တွင် အထက်တန်းကျောင်း ၃၆ ကျောင်း၊ အလယ်တန်းကျောင်း ၃ဝဝ၊ မူလတန်းကျောင်း ၂၅၆ ကျောင်း စုစုပေါင်း စာသင် ကျောင်း ၅၉၂ ကျောင်းရှိ ကြောင်း ရခိုင်ပြည်နယ်ပညာ ရေးမှူးရုံးမှ သိရသည်။

အောက်တိုဘာ ၉ ရက်နေ့ တွင် မူဆလင်အများစု နေထိုင် သော ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် မောင်တောမြို့နယ်တွင်  အကြမ်းဖက်သမားများသည် နယ်စပ်ရဲကင်းများနှင့် နယ်ခြား စောင့်စခန်းများကို ဝင်တိုက်ခဲ့ ပြီး ရဲ ၉ ဦးသေဆုံးမှု ဖြစ်စဉ် အပြီး မောင်တောခရိုင်အတွင်း မတည်ငြိမ်မှုများ ဆက်လက်   ဖြစ်ပွားနေခြင်း ဖြစ်သည်။

နိုဝင်ဘာ ၁၂ ရက်နေ့တွင် လည်း မောင်တောမြို့နယ် နယ် ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ် (ကျီးကန်းပြင်)မှ တပ်ဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာဝန်ထမ်းများ စီးနင်း လာသည့်မော်တော်ယာဉ် များအား အကြမ်းဖက်စီးနင်း တိုက်ခိုက်သူတို့က လက်လုပ် မိုင်းတစ်လုံးဖြင့် ဖောက်ခွဲကာ ကားလမ်းဘေး တောင်ကုန်း အနီးမှ   ချောင်းမြောင်း ပစ်ခတ် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*