ကိုယ်ချင်းစာတရားရှိဖို့အတွက် ရသစာပေဖတ်ဖို့လိုပါတယ်

ကိုယ်ချင်းစာတရားရှိဖို့အတွက် ရသစာပေဖတ်ဖို့လိုပါတယ်
November 17, 2016 Asian Fame

5:28 am
ကိုယ်ချင်းစာတရားရှိဖို့အတွက် ရသစာပေဖတ်ဖို့လိုပါတယ်
In Interview

ko-lwin-oo-2-copy

ခြူးခြူး စာအုပ်တိုက်ပိုင်ရှင် ဦးလွင်ဦး နှင့် တွေ့ဆုံမေးမြန်းခြင်း

စာအုပ်တစ်အုပ် ထွက်လာ ခြင်းသည် ထောင်တံခါးတစ်ချပ် ပိတ်သည်ဆိုသည့် စာအုပ်စာပေ လူ့မိတ်ဆွေဖြစ်ပုံကို တင်စားပြော ကြပါသည်။ သို့သော်ယနေ့စာ အုပ် ဈေးကွက်မှာ အခြေအနေမကောင်း ဘူး ဆိုနေကြသည်မှာလည်း  ကာလ အတော်ပင်ကြာလာပြီဖြစ် သည်။ ထို့ကြောင့်ပင် စာအုပ်ထုတ် ဝေသည့်အလုပ်ကို စီးပွားရေးလုပ် ငန်း တစ်ရပ်အဖြစ် စဉ်းစားကြသူ နည်းပါသည်။ သူ့မူနှင့်သူ့ပရိသတ် နှင့်အောင်မြင်နေသည့် စာအုပ် တိုက် များလည်း ရှိနေပါသည်။

ထို့အတူဝါသနာအရ အရှုံးကို အန်တုနေသူများလည်း ရှိနေပါ သည်။ ထိုသို့သောအခြေအနေများ တွင်  ခိုင်မာသည့် ဆုံးဖြတ် ချက်နှင့်စာပေလောကသို့ ခြေချ လာသည့် ခြူးခြူးစာအုပ်တိုက်မှာ ယနေ့စာအုပ်ဈေးကွက်သို့ ရောက် ရှိလာပြီဖြစ်သည်။ မည်သို့သော စိတ်ကူးများနှင့် စာအုပ်တိုက် တည်ထောင် ဖြစ်သည်၊ မည်သို့ သောစာအုပ်များကို ထုတ်ဝေသွား မည်တို့နှင့် ပတ်သက်၍ ထိုစာအုပ် တိုက်ပိုင်ရှင် ဦးလွင်ဦးနှင့် တွေ့ဆုံ မေးမြန်း ဖော်ပြပေးလိုက်ပါသည်။

စာအုပ်ဈေးကွက်က မကောင်းဘူး ဆိုပြီးပြောနေကြတဲ့အချိန်မှာ စာအုပ်တိုက်လုပ်ဖို့ စိတ်ကူးဖြစ် လာပုံကိုလည်း ပြောပြပေးပါဦးရှင်။

ကျွန်တော်က စာအုပ်ဝါသနာ ပါတော့ စာအုပ်ကောင်းလေးတွေ ဖတ်ရင်သူတို့ ထုတ်သလို ငါလည်း ထုတ်ချင်တယ်ဆိုပြီး ထုတ်ဖြစ် သွားတာပါ။ နောက်ပြီးတော့ စာအုပ်တွေက ပြီးစလွယ် ထုတ်တဲ့ စာအုပ်တွေလည်း ရှိတာပေါ့နော်။ ကွာလတီမကောင်းတဲ့ စာအုပ်တို့ ဘာတို့ စာအကျ အပေါက်တို့များ တာတို့၊ စာရွက် အသားညံ့တာတို့ တွေ့တော့ ငါသာ ထုတ်နိုင်ရင် ဒီလိုပြစ်ချက်တွေ ရှောင်ပြီး ကောင်းကောင်းလေး ထုတ်ချင် တယ် ဆိုပြီး ဆန္ဒရှိတယ်။ ဝါသနာ ကိုအခြေခံ ပြီးတော့ ဖြစ်လာတာ ပေါ့နော်။ အဲဒီစိတ်ကူးကို သူငယ် ချင်းနဲ့ တိုင်ပင်ပြီးတော့ သူငယ် ချင်းက အားပေးတယ်၊ ကူညီတယ် အဲဒီလိုနဲ့လုပ်ဖြစ်သွားတာပါ။

ခြူးခြူးစာအုပ်တိုက်ကနေ ဘယ်လို စာအုပ်အမျိုးအစားတွေ ထုတ်    သွားမယ်ဆိုတာကိုလည်း ပြောပြ ပေးပါဦးရှင်။

ကျွန်တော်တို့ စာအုပ်တိုက်က ဘာသာပြန်ရော ဝတ္ထုရော ကဗျာ ရော နောက်ပြီးတော့ ကလေးစာ ပေကိုလည်း ထုတ်ချင်တယ်။ ဒါ ပေမယ့် ဘယ်လိုမျိုးထုတ်ရမ လဲ အခြားထုတ်တွေနဲ့ တိုက်နေမလား ဆိုတာတွေကို ကြည့်ရပါဦးမယ်။ ဈေးကွက်ကတော့ တစ်ပြည်လုံး ကိုဖြန့်မယ်။ လောလောဆယ်မှာ တော့ အွန်လိုင်း ကနေဖြန့်တာ တွေကိုတော့ မလုပ်သေးပါဘူး။ ဈေးကွက်ကတော့ တော်တော်ထိုး ဖောက်ရမှာပါ။ စာအုပ်လည်းတော် တော် နည်းနေသေးတဲ့အတွက် တခြားဖြန့် ချိရေးကိုပဲ အားကိုး ရမှာပေါ့နော်။ စာအုပ်ဈေးရောင်းပွဲ တော်တွေ လုပ်ရင်တော့ကောင်း တာပေါ့နော်။ အဲ့ဒီစာအုပ်ဈေးပွဲ တော်တွေမှာလိုက်ပြီး တင်ရောင်း လိုက်ရင်တော့ ထိုးဖောက်လို့ရ တာပေါ့။

စာအုပ်ပွဲတော်တွေကရော ဘယ် လောက်အထိ သက်ရောက်မှုရှိ တယ်လို့ မြင်ပါသလဲရှင်။

စာအုပ် ဈေးပွဲတော်တွေက တော့ တော်တော်လေး ထိရောက် ပါတယ်။ တစ်နေရာတည်းမှာ စာအုပ်တွေလည်း တော်တော်ရ တယ်။ အထူးဈေးနှုန်းတွေနဲ့ရောင်း ချပေးတာလည်းရှိတော့ ဈေးပွဲ တော် တိုင်းမှာ စာအုပ်တွေက တော်တော်လည်း ရောင်းရတယ်။ လူလည်း တော်တော်များတယ်။ ဒါကြောင့် မြို့တိုင်းမှာလုပ်စေချင် ပါတယ်။ ဒါပေမယ့် လုပ်နေတာ တွေက ရန်ကုန်တစ်မြို့တည်းမှာပဲ လုပ်နေတော့ ရန်ကုန်ကလူ တွေပဲလာမှာပဲ။ အဲဒီတော့  ပထမ အဆင့်အနေနဲ့ တိုင်းနဲ့ပြည် နယ်က မြို့ကြီးတိုင်း ဒုတိအဆင့်အနေနဲ့ မြို့ငယ်လေးတွေမှာလည်း လုပ် စေချင်တယ်။

အရင်က သင်္ဘောကပ္ပတိန်လုပ်ခဲ့တယ် ဆိုတော့ ဒီကနေစာအုပ်ဈေးကွက် ဘက်ကိုဘယ်လိုရောက်သွားတာ လဲဆိုတာကိုလည်း သိချင်ပါတယ်။

ကျွန်တော်က အရင်က သင်္ဘောကပ္ပတိန်ပါ။ နှစ်အစိတ် ရှိပြီလုပ်ခဲ့တာပါ။ ကျွန်တော်က စာအုပ်တွေထုတ်ချင်တဲ့ ဆန္ဒက အရင်ကတည်းကရှိခဲ့တာပါ။ ဒီအချိန်မှာက ကလေးတွေ လည်းကျောင်းပြီးသွားပြီ ကိုယ့်မှာ အပူအပင်မရှိတော့ဘူး။ မိုက်လိုက် မယ်ဆိုပြီး မိုက်ကြည့်လိုက်တာပါ။  ကိုယ်တိုင်က စာအုပ်တိုက်ပိုင် ရှင် ဖြစ်သွားပြီဆိုတော့ ထုတ်ဖို့ဆန္ဒရှိ တဲ့ စာအုပ်အမျိုးအစားတွေကရော ဘယ်လို စာအုပ်မျိုးဖြစ်မလဲဆို တာကိုလည်း သိချင်ပါတယ်ရှင်။

ကျွန်တော်အပြင်းပြဆုံး ထုတ် ချင်တာက ကလေးစာပေနဲ့ ရသ စာပေ။ ဒါပေမယ့် ရသစာပေက ရေးတဲ့သူ  နည်းနေတော့ ကျွန်တော် ထုတ်ချင်တဲ့သူက ထုတ်ချင်ပေမယ့် ရေးတဲ့သူက မရှိတော့ ထုတ်လို့မရဘူးဖြစ်နေ တယ်။ ကျွန်တော့်ကလေး စာပေ ကတော့ ရှင်းရှင်းပဲ ကျွန်တော် လုပ်ချင်တာက အနာဂတ်အတွက် လုပ်ချင်တာ ဖြစ်တဲ့အတွက် အနာ ဂတ် အတွက်ကလေးတွေ စာများ များဖတ်ဖို့ ဖတ်စေချင်တယ်။ အဲ့ဒီအတွက် ကလေးစာပေတွေ ဈေးပေါပေါနဲ့ များများရဖို့ လိုတယ်။ အဲဒီတော့မှကလေးတွေ မှာ စာဖတ်ချင်တဲ့Óဉ် ဖြစ်လာ မှာလေ။ အဲဒီလို ဖြစ်လာဖို့အတွက် ဒီကလေးတွေကစရမှာလေ။ ရသ စာပေကလည်း ရှင်းရှင်းေ လးပါ။ လူတွေကိုနူးညံ့သိမ်မွေ့ပြီး အမှန် တရားကို ဆုံးဖြတ်နိုင်ဖို့ အဓိက ကတော့ ကိုယ်ချင်းစာ တရားရှိဖို့ အတွက် ရသစာပေဖတ်ဖို့ လိုပါ တယ်။ အဓိက ကတော့ ကိုယ်ချင်း စာတရား ရှိစေချင်တယ်။

စာအုပ်ဈေးကွက်နဲ့ ပတ်သက်ပြီး မျှော်လင့်ထားတဲ့ အခြေအနေတွေ ရှိရင်လည်း သိချင်ပါတယ်။

ကျွန်တော့် မျှော်မှန်းချက်က နောက် လေး၊ ငါးနှစ်နေရင် ကျွန်တော်တို့တိုင်းပြည်ရဲ့ အခြေ ခံလူတန်းစားတွေရဲ့ ဘဝကတိုး တက်လာမယ်ဆိုလို့ရှိရင် စာဖတ် တာလည်း တိုးတက်လာမယ်။ တစ်ချိန်ချိန်တော့ စာဖတ်တာတွေ တိုးတက်လာမှာပါ။ တစ်ချိန်ချိန်မှာ တော့ ဖြစ်လာမှာပါ။ ငါးနှစ်လည်း ဖြစ်ချင်ဖြစ်မယ်။ ဆယ်နှစ်လည်း ဖြစ်ချင်ဖြစ်မယ်။ အဲဒါကတော့ မျှော်လင့်ချင်ပေါ့။ အဓိက ကတော့ လုပ်ချင်လို့လုပ်တာပါပဲ။ စာပေ လောက ပိုပြီးအောင်မြင်စေချင် တာပါပဲ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*