အခကြေးငွေပေးစရာမလိုဘဲ ဖတ်ရှုနိုင်မည့် “We Read We Share” စာကြည့်တိုက်အတွက် စာအုပ်အလှူရှင်များ လိုအပ်နေ

အခကြေးငွေပေးစရာမလိုဘဲ ဖတ်ရှုနိုင်မည့် “We Read We Share” စာကြည့်တိုက်အတွက် စာအုပ်အလှူရှင်များ လိုအပ်နေ
November 17, 2016 Asian Fame

5:33 am
အခကြေးငွေပေးစရာမလိုဘဲ ဖတ်ရှုနိုင်မည့် “We Read We Share” စာကြည့်တိုက်အတွက် စာအုပ်အလှူရှင်များ လိုအပ်နေ
In Education

14997109_1828043950764194_1115334457_n-copy

အိမ်စည်
ရန်ကုန်၊ နိုဝင်ဘာ ၁၁

စာအုပ် ဖတ်လိုသူများအတွက် အခကြေးငွေပေးစရာမလိုဘဲ ဖတ် ရှုနိုင်သည့်စနစ်ဖြင့် တည်ထောင် ထားသည့် ‘We Read We Share’ စာကြည့်တိုက်အတွက် စာအုပ် အလှူရှင်များ လိုအပ်လျက်ရှိ ကြောင်း သိရသည်။

‘We Read We Share’ စာ ကြည့်တိုက်မှစာအုပ်ငှားသည့် စနစ်မှာ အခမဲ့ဖြစ်ပြီး မည်သူမဆို လွတ်လပ်စွာဖြင့် စာကြည့်တိုက် တံခါး ဖွင့်ပြီး နှစ်သက်ရာစာအုပ် ကိုယူ၍ စာအုပ်များမပျက်စီးစေ ရန်အတွက် တံခါးသေချာပြန်ပိတ် ပေးထားရန်ဖြစ်သည်။

တစ်ခါငှားပါက တစ်အုပ်နှုန်း ဖြင့်ငှားဖတ်၍ အခြားသူများဖတ် နိုင်ရန်အတွက် ၂ ပတ်အတွင်း ပြီးအောင်ဖတ်ပြီး စာအုပ်ကို ပြန်ထား၍ အသစ်တစ်အုပ် ထပ်ငှားနို င်ခြင်းဖြစ်သည်။

အဆိုပါ ‘We Read We Share’ စာကြည့်တိုက်ကို အလှူ ရှင်အချို့ဖြင့် စတင်ပြုလုပ်လျက် ရှိပြီး လက်ရှိတွင် စောင့်ကြည့်သူမဲ့စာကြည့်တိုက်ပုံးအဖြစ် ကြည့်    မြင်တိုင်မြို့နယ်တွင် လည်း ကောင်း၊ ရန်ကင်းမြို့နယ်စည်ပင် လိုင်းခန်းရှေ့တွင် လည်းကောင်း၊ အိမ်အမှတ် ၂၊ သမိန်ဗရမ်းလမ်းမ ကြီး၊ အာသောကမှတ် တိုင်အနီး၊ တာမွေမြို့နယ် တွင်လည်းကောင်း၊ လှည်းတန်း ၇ လမ်းထောင့် ကမာ ရွတ်မြို့နယ်တွင် လည်းကောင်း၊ ရွှေပြည်သာမြို့နယ်တွင် လည် ကောင်း၊ လက်ပံကုန်းကျေးရွာ၊ မအူပင်မြို့နယ်တွင် လည်းကောင်း တည်ဆောက် ဖွင့်လှစ်ပေးသွားရန် စီစဉ်နေသည်ဟု ယင်းစာကြည့် တိုက်မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

”ကျွန်တော်တို့ရဲ့ စိတ်ကူးက တော့ လူငယ်တွေစာများများဖတ်စေချင်လို့ပြုလုပ်တာပါ။ ကျွန် တော်တို့နဲ့ လက်တွဲလုပ်ကိုင်လိုတဲ့ အဖွဲ့တွေကိုလည်း ဖိတ်ခေါ်ပါ တယ်။  လက်ရှိမှာတော့ နှစ်နေရာ ဖွင့်ပြီးသွားပြီ။ လက်ရှိစီစဉ်ထားတဲ့ ၆ နေရာကတော့ ပထမအဆင့် အနေနဲ့ပါ။ နောက်ပိုင်းမှာ ထပ်လုပ်သွားဖို့ရှိပါတယ်” ဟု ၄င်းကပြောသည်။

‘We Read We Share’ စာကြည့်တိုက်တစ်ခုတွင် စာအုပ် ပေါင်း နှစ်ရာခန့်ထားရှိပေးသွား မည်ဖြစ်ပြီး ထိုသို့ထား ရှိနိုင်ရေး အတွက် စာအုပ်နှင့်စာတိုက်ပုံး အလှူရှင်များ လိုအပ်လျက်ရှိရာ စာကြည့်တိုက်ပုံးအတွက် ကုန်ကျ ငွေစုစုပေါင်းမှာ တစ်သိန်းခွဲကျော် ကျမည်ဖြစ်ပြီး စာကြည့်တိုက်ပုံးနှင့် စာအုပ်လှူဒါန်းမှုများ အတွက် လှူဒါန်းလိုသူများထံ ငွေသား အဖြစ် အလှူခံသွားမည်မဟုတ်ဟု လည်း ၄င်းက ဆိုသည်။

”ကျွန်တော်တို့ စာကြည့် တိုက်ပုံးအတွက် အပြီးအစီးဆို တစ်သိန်းခြောက်သောင်း လောက် ကုန်ပါတယ်။ ဒီအတွက်လှူလိုတဲ့သူ တွေကို ကျွန်တော်တို့ အပ်တဲ့နေ ရာနဲ့ချိတ်ပေးမယ်။ စာအုပ်လို တာ အတွက်လည်း စာအုပ်အနေနဲ့ ပဲ လက်ခံမှာပါ။ ငွေသားလက်မခံ ပါဘူး” ဟုပြောသည်။

အဆိုပါ  We Read We Share အခမဲ့စာကြည့်တိုက်အလုံး ပေါင်း ၁ဝဝ ခန့်ပြုလုပ်နိုင်ရေး အတွက် စာကြည့်တိုက်ပုံးနှင့် စာအုပ်များ ပါဝင်လှူဒါန်းလိုသူများ အနေဖြင့် ဖုန်း-ဝ၉ ၇၉ဝ၆၃၈ ၆၁၂ နှင့် ဝ၉ ၄၃ဝ ၉၅၉ ၃၃  တို့သို့ ဆက်သွယ်နိုင်ကြောင်း ဖိတ်ခေါ်ထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*