သထုံရှိ နိုင်ငံပိုင် ရော်ဘာနှင့် တာရာပစ္စည်းစက်ရုံ ပုဂ္ဂလိကနှင့် ပူးပေါင်းရန် ကုမ္ပဏီများကို ဖိတ်ခေါ်

သထုံရှိ နိုင်ငံပိုင် ရော်ဘာနှင့် တာရာပစ္စည်းစက်ရုံ ပုဂ္ဂလိကနှင့် ပူးပေါင်းရန် ကုမ္ပဏီများကို ဖိတ်ခေါ်
November 17, 2016 Asian Fame

5:07 am
သထုံရှိ နိုင်ငံပိုင် ရော်ဘာနှင့် တာရာပစ္စည်းစက်ရုံ ပုဂ္ဂလိကနှင့် ပူးပေါင်းရန် ကုမ္ပဏီများကို ဖိတ်ခေါ်
In Bussiness

မှူးအိမ်ဇော်
ရန်ကုန်၊ နိုဝင်ဘာ ၁၅

နိုင်ငံပိုင်သထုံအကြီးစားစက်ရုံ တာယာ နှင့် ရော်ဘာပစ္စည်း အခြေခံစက်မှုလုပ်ငန်း များကို ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရန်အတွက် ပူးပေါင်းေ ဆာင်ရွက် လိုသည့် ကုမ္ပဏီများကို ဖိတ်ခေါ်ထား ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

စက်မှုဝန်ကြီးဌာန၊ အမှတ်(၂) အကြီး စားစက်မှုလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ မော်တော်ယာဉ်တာယာများ ထုတ်လုပ် သော အမှတ်(၂၁)အကြီးစားစက်ရုံ (သထုံ) တွင်  တာယာနှင့် ရော်ဘာပစ္စည်းများ အ ခြေခံသော စက်မှုလုပ်ငန်းများကို စိတ် ဝင်စားသည့် ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ငှားရမ်းခြင်း၊ အကျိုး တူ ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ် သွားမည်ဖြစ်ကြောင်းသိရသည်။

စိတ်ဝင်စားသော ကုမ္ပဏီလုပ်ငန်းများ အနေဖြင့် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression Of Interest XEOI) ကို ကုမ္ပဏီ မှတ်ပုံတင်လက်မှတ်၊ ကုမ္ပဏီ သင်းဖွဲ့မှတ် တမ်း၊ နည်းပညာပူးပေါင်း ဆောင်ရွက်မည့် နိုင်ငံခြားကုမ္ပဏီ အစရှိသော အထောက် အထားများနှင့်အတူ နေပြည်တော်ရှိ စက် မှုဝန်ကြီးဌာနရုံးချုပ် သို့ လျှောက်ထားရ မည်ဖြစ်ပြီး၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၁၅ ရက် နောက်ဆုံးထားပေးပို့ရမည်ဖြစ်သည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် တည် ရှိသော အဆိုပါစက်ရုံ အကျယ်အဝန်းသည် ဧကပေါင်း ၁၄ဝဝ ကျော်ရှိပြီး ၁၉၈၅ ခုနှစ် တွင် စတင်တည်ထောင်ခဲ့သည် ။အဆိုပါ စက်ရုံမှ လူစီးမော်တော်ယာဉ်တာယာများ၊ အပေါ့စား မော်တော်ယာဉ်တာယာများ၊ အကြီးစားမော်တော်ယာဉ်တာယာများ နှင့် လယ်ယာသုံး   မော်တော်ယာဉ် တာယာများ ကို ထုတ်လုပ်ခဲ့သည်။

လက်ရှိအစိုးရ၏ ရက် ၁ဝဝ စီမံချက် ကာလအတွင်းတွင် စက်မှုဝန်ကြီးဌာန သည် အရှုံးပြနေသော  နိုင်ငံပိုင်စက်ရုံ ၃ ခုကိုပုဂ္ဂလိကသို့ လွှဲပြောင်းခဲ့ပြီး စက်ရုံ ၁ ခုကို ရပ်ဆိုင်းခဲ့သည်။ သထုံမြို့နယ်တွင် ဆောင်ရွက်နေသော ကော်ဆက်ဆိုဒါ ဓာ တုဗေဒစက်ရုံစီမံကိန်းကိုရပ်ဆိုင်းခဲ့ပြီး မှန် စက်ရုံ ၂ ရုံနှင့် မီးခံအုတ်စက်ရုံ ၁ ရုံတို့ကို ပုဂ္ဂလိကသို့ လွှဲပြောင်းခဲ့သည်။

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*