ရခိုင်မှ သယံဇာတများကို ပြည်သူများပိုင်ဆိုင်ခွင့်ရရေး တစ်ပတ်ကြာ လမ်းလျှောက်ချီတက်တောင်းဆိုမည်

ရခိုင်မှ သယံဇာတများကို ပြည်သူများပိုင်ဆိုင်ခွင့်ရရေး တစ်ပတ်ကြာ လမ်းလျှောက်ချီတက်တောင်းဆိုမည်
November 17, 2016 Asian Fame

4:26 am
ရခိုင်မှ သယံဇာတများကို ပြည်သူများပိုင်ဆိုင်ခွင့်ရရေး တစ်ပတ်ကြာ လမ်းလျှောက်ချီတက်တောင်းဆိုမည်
In Politics

လင်းဟိန်း
ရန်ကုန်၊ နိုဝင်ဘာ ၁၄

ရခိုင်ပြည်နယ်မှ ထွက်ရှိသော သယံဇာတနှင့်မြေယာများကို   ရခိုင်ပြည်သူများ ပိုင်ဆိုင်ခွင့်၊ စီမံ ခန့်ခွဲပိုင်ခွင့်ရရှိရေးအတွက် ဒေသ ခံများက စစ်တွေမြို့မှ   ကျောက်ဖြူ မြို့သို့ လမ်းလျှောက်ချီတက် တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ချီတက်တောင်းဆိုပွဲ ကို ရခိုင့်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပြုလုပ်မည်ဖြစ် ကြောင်း၊ စစ်တွေနှင့် ကျောက်ဖြူ မြို့ကြားတစ်လျှောက်ရှိ မြို့နယ် များမှ ဒေသခံပြည်သူများနှင့် ပူးပေါင်းပြုလုပ်သွားမည်ဖြစ်   ကြောင်းအဆိုပါကွန်ရက်မှ ဦးထွန်း ကြည်က ပြောသည်။

”လမ်းလျှောက် ချီတက်တဲ့ အခါမှာ လမ်းတစ်လျှောက်မှာရှိတဲ့ မြို့ရွာတွေကနေ ဘယ်သူမဆို လာရောက်ပူးပေါင်းလို့ရပါတယ်။ ပူးပေါင်းမယ်ဆိုပြီး ကျွန်တော်တို့ ကို ကမ်းလှမ်းထားတဲ့အဖွဲ့အစည်း တွေ ရှိနေပါတယ်” ဟု ၄င်းက ပြောသည်။

လမ်းလျှောက် ချီတက်ရာ တွင် စစ်တွေ-ရန်ကုန် အဝေး ပြေးလမ်းမကြီးအတိုင်း စစ်တွေမှ ပုဏ္ဏားကျွန်း၊ ထိုမှတစ်ဆင့် ကျောက်တော်၊ မြောက်ဦး၊ မင်း ပြား၊ အမ်း၊ မအီ၊ စနဲ မှတစ်ဆင့် ကျောက်ဖြူမြို့သို့ ချီတက်ကြမည် ဖြစ်သည်။

ကျောက်ဖြူ မြို့နယ်တွင်ပြု လုပ်နေသော ရွှေသဘာဝဓာတ် ငွေ့ ပိုက်လိုင်းစီမံကိန်းကြောင့် ရခိုင်ပြည်နယ် အမ်းမြို့နယ်မှ မြေယာသိမ်းဆည်းခံရသူ အများ စုတွင် မြေယာလျော်ကြေး၊ သီးနှံ လျော်ကြေး မရသေးကြသူများ လည်း ရှိကြောင်း ပိုက်လိုင်းစုံစမ်း စစ်ဆေးရးအဖွဲ့မှ အဖွဲ့ဝင် ဦး ဟန်မင်းလှိုင်က ပြောသည်။

ယင်းအပြင် MOGE မှ မြေ ယာ လျော်ကြေးပေးရာတွင်လည်း မြေတစ်ဧကကို မည်သည့်နှုန်းထား ဖြင့်ပေးသည်ကို အရပ်ဘက်အဖွဲ့ အစည်းများအား ပွင့်လင်းမြင် သာ စွာ ချပြခြင်းမရှိကြောင်း၊ ဒေသ တစ်ခုနှင့်တစ်ခု နှုန်းထား မတူညီ ကြောင်း ယင်းပိုက်လိုင်း စုံစမ်း စစ်ဆေးရေးအဖွဲ့မှ သိရသည်။

”ရခိုင်ပြည်နယ်မှာ သယံဇာ တတွေ၊ စီမံကိန်းကြီးတွေ အများ ကြီး ရှိပါတယ်။ အဲဒီစီမံကိန်းတွေ ကရတဲ့အကျိုးအမြတ်တွေကို ဒေသခံရခိုင်တွေ ဘာ တစ်ခုမှ မခံစား ရပါဘူး။ ဆိုးကျိုးတွေပဲခံစားကြရ တယ်။ အဲဒါကြောင့်ရခိုင့် သယံ ဇာတနဲ့မြေယာတွေကို ရခိုင်တွေက အပြည့်အဝ စီမံခန့်ခွဲပိုင်ခွင့်ရရှိဖို့ အတွက်   တောင်း ဆိုတာပါ”ဟု ရခိုင့်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်မှ ဦးဇေယျကျော်က ပြောသည်။

ထို့အပြင်ရခိုင်ပြည်နယ်မှထွက် ရှိသော သယံဇာတများကို ပိုင် ဆိုင်ခွင့် စီမံခန့်ခွဲပိုင်ခွင့်တို့ ရရှိ ရေးတောင်းဆိုရန် အတွက် ယခု နှစ်  ဇွန်လ ၁ ရက်နေ့မှစတင်ကာ သြဂုတ်လကုန်ထိ ရခိုင်ပြည်နယ် အနှံ့မှ ကောက်ယူထားသည့် လက်မှတ်ပေါင်း သုံးသိန်းကို လည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အပါအဝင် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ် ကြောင်း သိရသည်။

ဦးသိန်းစိန် အစိုးရ လက် ထက်တွင်လည်း ရခိုင်ပြည်နယ်မှ ထွက်ရှိသော သယံဇာတများကို ပြည်နယ်က စီမံခန့်ခွဲပိုင်ခွင့်တို့ ရရှိရေးအတွက် ရခိုင်ဒေသခံ အရပ်ဘက် အဖွဲ့အစည်းများက လက်မှတ်ရေးထိုးကာ တောင်းဆို ခဲ့ကြသော်လည်း အစိုးရက တစ်စုံ တစ်ရာ အကြောင်းပြန်ဆောင်ရွက် ပေးခဲ့ခြင်း မရှိပေ။   မြန်မာနိုင်ငံ တွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ လုပ်ကွက်ပေါင်း ၂ဝဝ ကျော်ခန့် ရှိသည့်အနက် ရခိုင်ပြည်နယ်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ကုန်း တွင်းလုပ်ကွက် ၂ ခုနှင့်ကမ်းလွန် လုပ်ကွက် ၂၃ ခု လုပ်ကွက်ပေါင်း ၂၅ ခု ရှိပြီး လက်ရှိတွင် ၁၈ ခုကို စမ်းသပ်ရှာဖွေပြီး တူးဖော်ထုတ် လုပ်လျက်ရှိနေပြီဖြစ်ကြောင်း အဆိုပါ ကွန်ရက်မှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*