9:42 am
မေဇင်ဝင်း
ရန်ကုန်၊ နိုဝင်ဘာ ၁၁
ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွင် ခရီးသွားများလည် ပတ် လေ့လာနိုင်ရန်အတွက် Buggy Car (ဘက်ထရီ အင်ဂျင် နှစ်မျိုးသုံးကား)များအား တရားဝင် လိုင်စင်ဖြင့် ခွင့်ပြုပေးထားကြောင်း ညောင်ဦး ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
အဆိုပါကားများဖြင့် ခရီး သွားများ လည်ပတ်နေသည့် ဓာတ် ပုံများ လူမှုကွန်ရက်စာမျက်နှာတွင် တက်လာရာ ဒေသခံများ၏အ သက်မွေးဝမ်းကျောင်း လုပ်ငန်းကို ထိခိုက်ကြောင်း ဝေဖန်မှုများဖြစ် ပေါ်လျက် ရှိသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ”စည်ပင်က ခွင့်ပြုပေး တာပါ။ မနှစ်ကတည်းက လိုင်စင် လျှောက်တာပေါ့။ အစီး ၅ဝ ကို ဘုရားဖူး လှည့်တဲ့အခါ သုံးခွင့်ပြုပါ ဆိုပြီး လျှောက်တယ်။မြို့နယ်စီမံ ခန့်ခွဲမှု ကော်မတီကို တင်ပြပြီးခွင့် ပြုပေးထားတာပါ” ဟု ပြောသည်။
ထိုကားတစ်စီးလျှင် တစ်နှစ် လျှင်ဘီးခွန် ကျပ် ၅ဝဝဝ၊ လိုင်စင် ကြေးတစ်စီးလျှင် ကျပ် ၂၅ဝဝဝ ဆောင်ရကြောင်း၊ ယခုနှစ်အတွက် စည်ပင်တွင် လိုင်စင်သက် တမ်း တိုးထားကြောင်း ၄င်းက ပြောသည်။
လက်ရှိတွင် ပုဂံသို့ လာ ရောက်သော ခရီးသွားများသည် အီလက်ထရွန်းနစ် စက်ဘီးများ၊ မြင်းလှည်းများဖြင့် မြို့တွင်းလှည့် လည်ကြည့်ရှုကြပြီး ဒေသခံများ၏ အကျိုးစီးပွားကို အထောက်အကူ ပြုသော လုပ်ငန်းများကိုသာ ခွင့်ပြု ပေးသင့်ကြောင်း ပုဂံအ ခြေစိုက် ဧည့်လမ်းညွှန် ဦးဇော်ဝင်းချိုက ထောက်ပြသည်။
”Buggy အစားမြင်းလှည်း ဆိုရင် ဒေသခံတွေဝင်ငွေရတာ ပေါ့။ မြင်းလှည်းနဲ့ မြို့တွင်း လှည့်လည် ကြည့်ရှုတာက ပိုပြီး လည်း မျက်စိ ပသာဒဖြစ်တယ်ေ လ။ ဒေသခံတွေရဲ့ အကျိုးစီးပွားကို ထောက်ပံ့ရာလည်း ရောက်ပါ တယ်။ မဟုတ်ရင် ကြာရင်မြင်း လှည်းတွေ ပျောက် ကွယ်သွားလိမ့် မယ်။Local Community ဆိုတာ ကျွန်တော်တို့ က မြှင့်တင်ပေးရမှာ”ဟု ၄င်းက ပြောသည်။
လက်ရှိတွင် ပုဂံ၌ ဟိုတယ် လုပ်ငန်း ရင်းနှီးမြှုပ်နှံသူ အချို့ သည် အီလက်ထရွန်းနစ် စက်ဘီး များထောင်ခြင်း၊ တက်စီများငှား ရမ်းခြင်းလုပ်ငန်းများတွင် ပါဝင် လုပ်ကိုင်လာကြကြောင်း၊ ထို့ကြောင့် ဒေသခံများအတွက် အခွင့်အလမ်း နည်းပါးသွားခြင်းမျိုးမှာ မဖြစ်သင့် ကြောင်း ဦးဇော်ဝင်းချိုက ဝေဖန် သည်။