‘ထွက်ပြေးကြမလား အသေခံမလား’ဟူသည့် SMS စာတိုများ ဝင်ရောက်လာမှုကြောင့် ဆီးရီးယားဒေသခံများ ထိတ်လန့်လျက်ရှိ

‘ထွက်ပြေးကြမလား အသေခံမလား’ဟူသည့် SMS စာတိုများ ဝင်ရောက်လာမှုကြောင့် ဆီးရီးယားဒေသခံများ ထိတ်လန့်လျက်ရှိ
November 16, 2016 Asian Fame

7:59 am
‘ထွက်ပြေးကြမလား အသေခံမလား’ဟူသည့် SMS စာတိုများ ဝင်ရောက်လာမှုကြောင့် ဆီးရီးယားဒေသခံများ ထိတ်လန့်လျက်ရှိ
In International News

aleppo-residents-terrified-after-text-message-copy

PN-002
ဆီးရီးယား၊ နိုဝင်ဘာ ၁၅

အစ္စလာမ်မစ်နိုင်ငံတော် အကြမ်းဖက် တို့ထိန်းချုပ်ထားသော ဆီးရီးယားနိုင်ငံ အလက်ပိုမြို့အရှေ့ပိုင်းတွင် နေထိုင်သူများ ဆီသို့ ‘ထွက်ပြေးကြမလား အသေခံမလား’ ဟူသည့်SMS စာတိုများဝင်ရောက်လာမှု ကြောင့် အားလုံးထိတ်လန့်ကာ စိုးရိမ်ပူပန် နေကြကြောင်း သိရသည်။

အဆိုပါSMS  စာတိုသည် တနင်္ဂနွေ နေ့မှစတင်၍ ဖုန်းများဆီသို့ ဝင်ရောက်လာ ခြင်းဖြစ်ပြီး ‘အသေးစိတ် တိကျသည့်လက် နက်များဖြင့် ချေမှုန်းမည့် မဟာဗျူ ဟာ မြောက်အစီအစဉ်’ မစတင်မီ ဒေသခံများ ကိုစွန့်ခွာရန်သတိပေးခြင်းဖြစ်နိုင်ကြောင်း ဆိုကြသည်။

ထိုသို့SMSစာတိုများပို့နိုင်သူ မှာ လက်ရှိ ဆီးရီးယားအစိုးရနှင့် သူ၏ပါတီ သာလျှင်ရှိကြောင်း သိရသည်။

”ကျွန်တော့်ဇနီးလည်း ကြောက်နေ တယ်။ ကျွန်တော့်တပည့်လေးတွေလည်း ကြောက်နေကြတယ်။ ဘာတွေဖြစ်လာမှာ လဲဆိုတာကို  အားလုံးတွေးပြီး   ကြောက်နေ ကြတယ်။ ကြောက်လည်းကြောက်သင့်ပါ တယ်လေ”ဟု တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်သူ အင်္ဂလိပ်စာဆရာ အဗ္ဗဒူကာဖီက စီအင်အင်သတင်းဌာန သို့ တနင်္လာနေ့က ပြောသည်။

”ကျွန်တော်တို့ ဘယ်မှာနေကြရမှာ လဲဆိုတာ သိချင်တယ်။ ဘာကြောင့်လဲဆို တော့ ထွက်မပြေးနိုင်ဖြစ်နေကြတာကြောင့် ပဲ။

လွတ်လွတ်ကျွတ်ကျွတ် ဘေးကင်းရန် ကင်းဆိုတာ ဘယ်မှာမှ မတွေ့ဘူးဖြစ်နေ တယ်”ဟုလည်း သူက ပြောပါသေးသည်။

ယင်းSMSစာတိုများ ဝင်လာပြီး နောက်ဝယ် အကြမ်းဖက်သူပုန် များသည် လက်နက်ချရန်ပြင်ဆင်နေကြကြောင်း သိ ရသည်။

စာတိုများဝင်ရောက်လာပြီး ၂၄ နာရီ အကြာတွင် တိုက်လေယာဉ်များ မြို့ပေါ် တွင် ပျံသန်းလာကြကြောင်း မျက်မြင်သက် သေများကဆိုကြသော် လည်း   လေကြောင်း တိုက်ခိုက်မှုတစ်ခုမှ ဖြစ်ပွားခြင်းကိုတော့ သတင်းမရရှိသေးချေ။

ref: Aleppo residents terrified after text message: leave or die

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*