တစ်လကျော် တစ်ပတ်စွန်းသော်လည်း မငြိမ်းသေးသော မီး

တစ်လကျော် တစ်ပတ်စွန်းသော်လည်း မငြိမ်းသေးသော မီး
November 16, 2016 Asian Fame

4:56 am
တစ်လကျော် တစ်ပတ်စွန်းသော်လည်း မငြိမ်းသေးသော မီး
In Local

pc1-copy

အောက်တိုဘာ ၉ ရက်နေ့ တွင် စတင်ဖြစ်ပွားခဲ့သည့် မြန်မာ နိုင်ငံအနောက်တံခါး ရခိုင်ပြည်နယ် တွင် အကြမ်းဖက်စီးနင်းတိုက်ခိုက် ခံရမှုများကား ယနေ့ဆိုလျှင် တစ်လ ကျော်ပြီး တစ်ပတ်စွန်းခဲ့ပြီဖြစ်သည်။ သို့သော် နယ်မြေတည်ငြိမ်မှု ယနေ့ တိုင်မရရှိနိုင်သေးဘဲ အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွား နေသေး သည်ကို တွေ့နေရဆဲပင်။

ဒေသတွင်း စိုးရိမ်စရာအခြေ အနေမှ လွန်မြောက်နိုင်ခြင်းမရှိ သေးကြောင်းကိုလည်း လက်ရှိ ဆက်လက်ဖြစ်ပွားနေသော ဖြစ်ရပ် များက သက်သေခံလျက် ရှိသည်။ အောက်တိုဘာလ ၉ ရက်နေ့ ဖြစ် စဉ်အပြီး ကြိုကြားကြိုကြားဆိုသ လိုပင် အကြမ်းဖက်သမားများက လုံခြုံရေးတာဝန်ယူ ဆောင်ရွက်နေ သော တပ်မတော်နှင့်နယ်ခြားစောင့် ရဲတပ်ဖွဲ့စစ်ကြောင်းများကို ခြုံခို တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ် လာကြသည်။ ထို့ပြင် နိုဝင်ဘာလ အတွင်းတွင် ကျောင်းဆရာ၊ ဆရာမများ နေထိုင်သည့်အဆောင် များကို အကြမ်းဖက်သမားအချို့ ဝင်ရောက် မီးရှို့ဖျက်ဆီးကြသည် အထိ ပြုလုပ်လာကြသည်။

ယင်းထဲမှ လတ်တလော ဖြစ် ပွားခဲ့သည့် ဖြစ်စဉ်များကို တင်ပြ ရပါက နိုဝင်ဘာ ၁၂ရက်နေ့တွင် ဖြစ်ပွားခဲ့သောဖြစ်စဉ်ကို စတင် ဖော်ပြရမည်ဖြစ်သည်။

နိုဝင်ဘာ ၁၂ ရက်နေ့က မောင်တောမြို့နယ် နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်)မှငါးခူရစခန်းသို့သွားသည့် တပ် ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်း များစီးနင်းလာသည့် မော်တော်ယာဉ် ၃ စီးကို အကြမ်းဖက် စီးနင်းတိုက် ခိုက်သူတို့က မောင်နှမ(တောင်) ရွာအဝင် ဘေလီတံတားအမှတ် ၃၈ သို့ အရောက်တွင် လက်လုပ် မိုင်းတစ်လုံးဖြင့်ဖောက်ခွဲကာ ကား လမ်းဘေး တောင်ကုန်းအနီးမှ လည်း ချောင်းမြောင်းပစ်ခတ် တိုက် ခိုက်ခဲ့မှုဖြစ်သည်။

ယင်းနေ့မှာပင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တစ်ခုတွင်မူ နယ်မြေလုံခြုံရေး ဆောင်ရွက်နေ သည့် တပ်မတော် စစ်ကြောင်းမှူး တစ်ဦးပါ ကျဆုံးခဲ့ရသည်။  မောင် တော ခရိုင်တွင်း တပ်မတော် စစ် ကြောင်းတစ်ကြောင်းမှ ချီတက် ရှင်းလင်းစဉ် အကြမ်းဖက်သမား ၅ဝဝ ခန့်က ဝိုင်းဝန်းပစ်ခတ်ခဲ့ပြီး တပ်မတော်မှ စစ်ကြောင်းမှူးတစ်ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ် စဉ်တွင် အကြမ်းဖက်အင်အားများ ပြားမှုကြောင့် တပ်မတော် (လေ) မှ MI2 ရဟတ်ယာဉ် နှစ်စင်းဖြင့် ညနေ ၄ နာရီ ၁၅ မိနစ် ခန့်အထိ ပစ်ကူပေး တိုက်ခိုက်ခဲ့ရသေးသည်။

pc2-copy

အဆိုပါဖြစ်စဉ်များအားလုံးမှာ လက်နက်ကိုင်ဆောင်ထားသည့် လုံခြုံရေးယူထားသည့် တာဝန်ရှိသူ များ တိုက်ခိုက်ခံနေရခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၃ ရက်နေ့ နံနက် ၉ နာရီခန့်ကလည်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဂွဆုံရွာအနီး ဝယ် အကြမ်းဖက် ၇ ဦးခန့်က တပ် မတော်စစ်ကြောင်းကို တိုက်ခိုက် ရန် ရွာထဲမှပြေးထွက်လာကြသဖြင့် စစ်ကြောင်းမှ ပြန်လည်ပစ်ခတ်ရှင်း လင်းရာ အကြမ်းဖက်သမား ၆ ဦး ကို အသေဖမ်းဆီးရမိခဲ့သည့် ဖြစ် စဉ်နှင့် ယင်းနေ့ မွန်းလွဲ ၁ နာရီ ခန့်က ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ဒါးကြီးဇားရွာ အနီးဝယ် အကြမ်းဖက်သမားဦးရေ ၂ဝ ခန့် က တပ်မတော်စစ်ကြောင်းကို တိုက် ခိုက်ရန်ရွာထဲမှ ပြေးထွက်လာကြ သဖြင့် စစ်ကြောင်းမှ ပြန်လည်ပစ် ခတ်ရှင်းလင်းရာ အကြမ်းဖက်သ မား ၁၉ ဦးကို အသေဖမ်းဆီးရမိခဲ့ သည့် ဖြစ်စဉ်ဖြစ်သည်။ ယင်းဖြစ် စဉ်တွင် အကြမ်းဖက်စီးနင်း တိုက် ခိုက်သူတို့၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဂွဆုံရွာဝယ် အိမ်ခြေအလုံး ၅ဝ ခန့်နှင့် ဒါးကြီးဇားရွာဝယ် အိမ်ခြေ အလုံး ၆ဝ ခန့် မီးလောင်ကျွမ်းခဲ့ရ သည်။ ယင်းနေ့မှာပင် ရခိုင်ပြည် နယ် မောင်တောမြို့နယ် အတွင်းရှိ ဝါးပိတ်ကျေးရွာတွင် အကြမ်းဖက် သမားများ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ သွား ရောက်ရှင်းလင်းရာ အကြမ်းဖက် များက ရွာတွင်းရှိအိမ်များကို မီးရှို့ ဖျက်ဆီးကြပြီး ဇင်ပိုင် ညာရွာဘက် သို့ ထွက်ပြေးသွားကြကြောင်း၊ မီးရှို့ ဖျက်ဆီးမှုကြောင့် ဝါးပိတ်ရွာရှိ အိမ်ခြေ ၈ဝ ခန့် မီးလောင်ပျက်စီး ခဲ့ကြောင်း အစိုးရကသတင်းထုတ် ပြန်ခဲ့သည်။

အောက်တိုဘာ ၉ ရက်နေ့  ဖြစ်စဉ်နောက်ပိုင်း ရက်အနည်း ငယ်အကြာတွင် ရခိုင်ပြည်နယ် အ ခင်းဖြစ်နေရာများသို့ သွားရောက် ခဲ့သည့် ပြည်ထဲရေးဝန်ကြီးက အစိုးရနှင့် တပ်မတော်အနေဖြင့် နယ်မြေ ငြိမ်းချမ်းရေးဆောင်ရွက်နေသောကြောင့် ဒေသခံများအနေ ဖြင့် ပြန်လည်အခြေချနေထိုင်ကြ ရန် တိုက်တွန်းခဲ့သည်။ သို့သော် လက်နက်ကိုင်ဆောင်ထားသူများ ပင် မကြာခဏချောင်းမြောင်းတိုက် ခိုက်ခံနေရသည့် အနေအထား တစ်ခုတွင် လက်နက်ကိုင်ဆောင် ထားခြင်း မရှိသည့် အရပ်သားများ အနေဖြင့် နေထိုင်ရန်မှာ မဖြစ်နိုင် သည့် အခြေအနေပင်ဖြစ်သည်။ ထို့ကြောင့် အစိုးရတာဝန်ရှိသူများ မျှော်လင့်နေသကဲ့ သို့ ဒေသခံ များ ပြန်လည်နေထိုင်နေရေးတွင် အလို အပ်ဆုံးအချက်မှာ နယ်မြေအေး ချမ်းရေးပင် ဖြစ်သည်။

သို့ရာတွင် လွှတ်တော်မှကိုယ် စားလှယ်များပါဝင်သည့် ရခိုင်ပြည် နယ်အရေးစုံစမ်းစစ်ဆေးရေးအ ဖွဲ့က ကောက်ယူခဲ့သောဒေသခံများ ၏ သဘောထားတွင် လည်း နယ် မြေလုံခြုံရေးစိုးမိုးမှုမရှိသည့်အ တွက် စိုးရိမ်ထိတ်လန့်နေကြောင်း အချက်သည်သာလျှင် ထင်ရှားစွာ ပါဝင်ခဲ့သည်။ ထို့ပြင် နယ်မြေလုံခြုံ မှုမရှိေ သာကြောင့် ဒေသခံငါးဖမ်း သမားများ အလုပ်ရပ်နားထား သည်အထိပါ ဖြစ်နေလျက်ရှိသည်။

လက်ရှိ အခင်းဖြစ်နေရာများ တွင် ရခိုင်တိုင်းရင်းသားလူမျိုးများ စွာရှိသည်။ ထို့ပြင် ကျောင်းဆရာ၊ ဆရာမ တစ်ထောင်ကျော် တာဝန် ထမ်းဆောင်နေကြောင်း ရခိုင်ပြည် နယ် အစိုးရအဖွဲ့မှ လူမှုရေး ဝန် ကြီးဒေါက်တာချမ်းသာက ဆိုထား သည်။ သို့သော် အကြမ်းဖက်မှု ဖြစ်စဉ်များ ကြိုကြား ကြိုကြား ဖြစ် ပွားမှုမြင့် တက်လာခြင်းက အဆိုပါ ဒေသသို့ရောက်ရှိနေသည့် ပြည်သူ များ၊ ဝန်ထမ်းများအတွက် စိုးရိမ် စရာ အနေအထားတစ်ခု ဖြစ်စေ လျက် ရှိသည်။

လက်ရှိ တစ်လကျော်ကြာဖြစ် စဉ် အတွင်းအကြမ်းဖက်သမားများ ၏ လှုပ်ရှားမှုတို့ကို ပြန်လည်သုံးသပ်ကြည့်ကြပါစို့….။

အောက်တိုဘာ ၉ ရက်နေ့ အတွင်း ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်တွင် အကြမ်းဖက်သမားများ၏အင် အား များပြားစွာမရှိ။ အစိုးရ၏ထုတ်ပြန်ချက်အရ စုစုပေါင်း တစ် ရာပင်မကျော်။ သို့သော် လက်ရှိ နောက်ဆုံးဖြစ်ပွားခဲ့သည့် တပ်မ တော်စစ်ကြောင်းမှူးပါ ကျဆုံးခဲ့ရ သည့် ဖြစ်စဉ်တွင်မူ အကြမ်းဖက် သမားအင်အား ၅ဝဝ ခန့်ထိ တိုး ပွားခဲ့သည်။ ထို့ထက်လည်း များ ကောင်းများနိုင်သည်။ ယင်းမှာ ရခိုင်ပြည်နယ်အတွက် လွန်စွာ စိုး ရိမ်ဖွယ်ကောင်းသည့် အခြေအနေ ဖြစ်သည်။ တပ်မတော်မှ ရဟတ် ယာဉ်ပါအသုံးပြုခဲ့ရပြီး စစ်ကြောင်း မှူးတစ်ဦးပါ ကျဆုံးခဲ့သည့်ကိစ္စမှာ လွန်စွာပင် သတိထားရန် အခြေအ နေတစ်ရပ်ဖြစ်နေပြီ ဖြစ်ကြောင်း သတိပေး လိုက်သည်နှင့်တူသည်။

လက်ရှိ မြန်မာပြည်တွင်းဖြစ်ပွားလျက်ရှိသော အင်အားကြီး သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အချို့နှင့် အစိုးရကြား တိုက်ပွဲအချို့တွင်သာ ရံဖန်ရံခါ ရဟတ်ယာဉ်ပစ်ကူ အသုံးပြုခဲ့ကြ သည်။ သို့သော်ယခု အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများဟု သုံးနှုန်း သတ်မှတ်ခဲ့သည့် လူတစ်စုအပေါ် တွင် ရဟတ်ယာဉ်ကို အသုံးပြုနှိမ် နင်းနေရပြီဖြစ်သည်။

နိုဝင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်အရ အကြမ်းဖက်မှု စတင်ဖြစ်ပွားသည့်ကာလမှ ယနေ့ အထိ ဘင်္ဂါလီအကြမ်းဖက်သမား များက မီးရှို့ထွက်ပြေးကြ၍ မီး လောင်မှုဖြစ်ပွားခဲ့သည့် ကျေးရွာ ၆ ရွာရှိခဲ့ပြီး ဝါးပိတ်ကျေးရွာတွင် အိမ်ခြေ ၁ဝ၅ လုံး၊ ကြက်ရိုးပြင် ရွာတွင် အိမ်ခြေ ၅ လုံး၊ ငါးခူရ (ဘင်္ဂါလီ) ကျေးရွာတွင် ဆိုင်ခန်း ၃ ခန်း၊ မြင်းလွတ်ရွာသစ်ရှိ လူနေ ထိုင်ခြင်းမရှိသော ရဲကင်းအ ဆောက်အအုံ ၃ လုံး၊ မြင်းလွတ် (အနောက်) ရွာမ အလယ်တန်း ကျောင်းရှိ ဆရာမ အိပ်ဆောင် ၁ ဆောင်၊ ဒါးကြီးစား (တောင်) ရွာ တွင် နေအိမ် ၆ဝ လုံး၊ ဂွဆုံကျေးရွာ တွင် နေအိမ် ၅ဝ လုံး၊ ပွင့်ဖြူချောင်း ရွာတွင် နေအိမ် ၅ဝ လုံး စုစုပေါင်း အဆောက်အအုံ ၂၇၇ လုံး မီး လောင်ပျက်စီးခဲ့ကြောင်း၊ ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက် မှ နိုဝင်ဘာလ ၁၄ ရက်အထိ တိုက် ပွဲဖြစ်စဉ် ၉ ကြိမ်၊ ဘင်္ဂါလီ ဖမ်းဆီး ရရှိမှု ၆၁ကြိမ်၊ လက်နက်/ခဲယမ်း နှင့် ဆက်စပ်ပစ္စည်းများ သိမ်း ဆည်းရရှိမှု ၁ဝ ကြိမ်၊ ပစ်ခတ်ဖမ်း ဆီးမှု ၉ကြိမ်၊ နှောင့်ယှက်ပစ်ခတ် ခံရမှု ၃ ကြိမ်၊ ကားမိုင်းဖောက်ခွဲခံရမှု ၃ ကြိမ် ရှိခဲ့ပြီး စုစုပေါင်း သေဆုံး သူ ဘင်္ဂါလီ ၆၉ ဦးနှင့် ဖမ်းဆီးရမိ ၂၃၄ ဦး ရှိခဲ့ပါသည်။ ဖမ်းဆီးရမိ သူများကို မြန်မာနိုင်ငံရဲ တပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဥပဒေနှင့် အညီ စစ်ကြောမေးမြန်း ဖော်ထုတ် လျက်ရှိရာ ဖမ်းဆီးရမိသူများအ နက် ၂၉ ဦးကို တရားဥပဒေနှင့် အညီ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး သက် ဆိုင်ခြင်း မရှိသူ ၂၃ ဦးကို ပြန် လည်စေလွှတ်ပေးခဲ့ပြီး ဖြစ်သည်။ မိမိတပ်မတော်မှ စစ်ကြောင်းမှူး အပါအဝင် အရာရှိ/ စစ်သည် ၇ ဦး တိုင်းပြည်အတွက် အသက်ပေး လှူခဲ့ရပြီး အရာရှိ/ စစ်သည် ၅ ဦး ဒဏ်ရာရရှိခဲ့သည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် ၁ဝ ဦး တိုင်းပြည်အတွက် အသက်ပေးလှူ ခဲ့ရပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အစိုးရ တာဝန်ရှိသူများက လည်း လက်ရှိ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သမျှ အခြေအနေအားလုံး တို့သည် အချုပ်အခြာအာဏာပိုင် နိုင်ငံတော်တစ်ခုကို ကျူးကျော် စော်ကားခြင်းဖြစ်ကြောင်း တိုင်းသိ ပြည်သိ အသီးသီးထုတ်ဖော် ပြော ဆိုထားပြီးဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းက အခင်းဖြစ် ဒေသများသို့ သွားရောက်ခဲ့သည့် ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ် နှင့် နိုင်ငံတကာသံတမန်အဖွဲ့မှ တာဝန်ရှိသူများကလည်း ရခိုင်အ ရေးသည် နိုင်ငံတော်၏ အချုပ်အ ခြာ အာဏာကို ထိပါးသည့်ကိစ္စဖြစ် ကြောင်း ပြောဆိုခဲ့ပြီးဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လည်း တရားဥပဒေအတိုင်း အ ရေးယူဆောင်ရွက်ရန် ပြောဆိုပြီး ဖြစ်သည်။ ရခိုင်ပြည်နယ်အစိုးရ အနေဖြင့်လည်း တပ်မတော်နှင့် နယ်ခြားစောင့်တပ်တို့ စုပေါင်းကာ နယ်မြေလုံခြုံရေး ဆောင်ရွက်နေ ကြောင်း မကြာခဏဆိုသလိုပင် ပြောဆိုနေကြသည်။ သို့သော်ရခိုင် ပြည်နယ် နယ်မြေလုံခြုံရေးနှင့်ပတ် သက်၍ မည်မျှပင်ကောင်းမွန်စွာ ဆောင်ရွက်နေသည်ဟု ဆိုစေကာ မူ ထပ်မံဖြစ်ပေါ်လာသမျှ ဖြစ်စဉ် အားလုံးတို့က ပိုမိုဆိုးရွားသည့် အခြေအနေဘက်သို့သာ ယိမ်း လာသည့်နှယ် တွေ့နေရ၏။

သို့ရာတွင် ဖြစ်စဉ်များ အား လုံးနှင့်ပတ်သက်၍ အောက်တိုဘာ ၉ ရက်နေ့ညပိုင်းက အစိုးရကပြု လုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ မှအပ ကျန်သည့်အခြေ အနေများ ကို သတင်းစာရှင်းလင်းပွဲထပ်မံပြု လုပ်၍ ရှင်းလင်းပြောဆိုခြင်း မပြု သေးချေ။

အချုပ်အနေဖြင့် ဖြစ်စဉ်များ အားလုံးကို ခြုံငုံသုံးသပ်ကြည့်ပါက အောက်တိုဘာ ၉ ရက်နေ့ဖြစ်စဉ် အပြီး နောက်ပိုင်း တစ်လကျော် ကြာမြင့်လာသည်နှင့်အမျှ တပ်မ တော်နှင့် နယ်ခြားစောင့်ရဲတို့ လုံ ခြုံရေးစစ်ကြောင်းများ ခြုံခိုပစ် ခတ်တိုက်ခိုက်ခံရမှု ပိုမိုခပ်စိပ်စိပ် ဖြစ်ပွားလာသည်။ အကြမ်းဖက် သမား လူသူလက် နက်အင်အား ပိုမိုများပြားလာသည်။ တပ်မတော် မှ ရဟတ်ယာဉ်အသုံးပြုရသည်အ ထိ စစ်ရေးခက်ခဲလာသည်။ အ ကြမ်းဖက်သမားများက ဒေသခံ များ အရပ် သားများကိုပါ အကြမ်း ဖက်တိုက်ခိုက်လာသည်။ အကြမ်း ဖက်သမားများက ယခင်ထက် အ ကြမ်းဖက်မှု ပိုမိုလုပ်ကိုင်လာခြင်း၊ ရွာမီးရှို့ခြင်းများ ပြုလုပ် လာသည်။ ကျောင်းဆရာ၊ ဆရာမ အစိုးရဝန် ထမ်းများကိုပါ ပစ်မှတ်ထား တိုက် ခိုက်လာသည်။ ထို့ကြောင့် မြန်မာ ပြည်အနောက်တံခါး ရခိုင်ပြည် နယ်အရေး တစ်လကျော်ကြာ သည်အထိ  အခြေအနေ တိုးတက် လာခြင်းမရှိသေးသည့် အချက်များ သာ ပေါ်လွင်လျက် ရှိသည်။

ရခိုင်အရေးသည် ပေါ့ဆစွာ တွက်ချက် ဆောင်ရွက်သင့်သည့် အရေးမဟုတ်တော့။ လေးနက်စွာ ကိုင်တွယ်၍ အချိန်မီ ငြှိမ်းသတ်ရန် လိုနေသော မီးတစ် စဖြစ်နေပြီ ဖြစ်သည်။ မဟုတ်ပါက အချိန်ကြာ လာသည်နှင့်အမျှ ရတက်မအေး ဖွယ် အခြေအနေများ ထပ်မံပေါ် ပေါက်လာမည်ကို စိုးရိမ်ရကြောင်း ယခုတစ်ပတ် Popular Choice  ကဏ္ဍမှ တင်ပြရေးသားလိုက်ရပါ တော့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*