ခရီးသွားလုပ်ငန်းဆိုင်ရာလိုင်စင်များ ရှမ်း/ တောင်ဇုန်တွင် စတင် စစ်ဆေး

ခရီးသွားလုပ်ငန်းဆိုင်ရာလိုင်စင်များ ရှမ်း/ တောင်ဇုန်တွင် စတင် စစ်ဆေး
November 10, 2016 Asian Fame

7:49 am
ခရီးသွားလုပ်ငန်းဆိုင်ရာလိုင်စင်များ ရှမ်း/ တောင်ဇုန်တွင် စတင် စစ်ဆေး
In Travel
travel-2-copy

Photo -Zaw Htay Aung

မေဇင်ဝင်း
ရန်ကုန်၊ နိုဝင်ဘာ ၎

ပို့ဆောင်ရေး လုပ်ငန်း လိုင် စင်အပါအဝင် ခရီးသွားလုပ်ငန်း ဆိုင်ရာ လိုင်စင် ၄ မျိုးကို နိုဝင်ဘာ ၂ ရက်နေ့မှ စ၍ ရှမ်းပြည်နယ် တောင်ပိုင်းဇုန်တွင် စစ်ဆေးနေ ပြီဖြစ်ကြောင်း သိရသည်။

ပို့ဆောင်ရေး လုပ်ငန်းလိုင်စင် (စက်လှေ၊ မော်တော်ကား)၊ ဧည့် လမ်းညွှန် လုပ်ငန်းလိုင်စင်၊ ခရီး လှည့်လည်ရေး လုပ်ငန်းလိုင်စင်နှင့် ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်း လိုင်စင်များကို စတင်စစ်ဆေးနေ ခြင်းဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန (တောင် ကြီးရုံးခွဲ) မှ သိရသည်။

ရှမ်းတောင်ဇုန်တွင် ပြည်ပ ဧည့်များအား ပို့ဆောင်နေသော နံပါတ် အနီယာဉ်များကို မှတ်ပုံ တင်ခြင်း၊ နံပါတ်အနက်ယာဉ်များ အား နံပါတ်အပြာ ပြောင်းလဲ၍ ဟိုတယ်/ခရီးဝန်ကြီးဌာနတွင် နိုင်ငံ ခြားသား ပို့ဆောင်ရေးလိုင်စင်ပြုလုပ်စေခြင်းများကို ယခုနှစ် သြဂုတ်လမှ စတင်လုပ်ဆောင်ပေး ခဲ့ကြောင်း၊ အောက်တို ဘာလကုန် အထိ ပညာပေးကာလအဖြစ် သတ် မှတ်ပေးခဲ့ပြီး နိုဝင်ဘာလမှစတင် စစ်ဆေးနေခြင်း ဖြစ်ကြောင်း သိရ သည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန (တောင်ကြီးရုံးခွဲ)မှ ညွှန်ကြားရေးမှူး ဦးထင်အောင် နိုင်က ”၂ ရက်စစ်တဲ့အချိန်မှာ နှစ် ရက်ပေါင်းကို စည်းကမ်း မလိုက်နာ တဲ့ကား ၁၆ စီးတွေ့ရတယ်၊ နံပါတ် အနက်နဲ့လာတယ်။ သူတို့ကိုလိုင်စင်လုပ်ဖို့လိုင်စင်လုပ်ပြီးမှ ဆွဲဖို့ ပြောရတယ်။ ကျွန်တော်တို့က အရေးယူချင်လို့ လိုက်စစ်တာ မဟုတ်ပါဘူး။ နိုင်ငံတော်လည်း သင့်တင့်တဲ့ အခွန်ရ ရေရှည်တည် တံ့တဲ့ ခရီးသွားလုပ်ငန်းလည်း ဖြစ်အောင် လုပ်ဆောင်တာပါ” ဟု ပြောသည်။

စည်းကမ်း မလိုက်နာသည့် ယာဉ်များကို အရေးယူမည်ဟု ပြောထားသော်လည်း ဝန်ကြီးဌာန သို့ တင်ပြပြီးမှ ဆက်လက်လုပ် ဆောင်မည်ဖြစ်ကြောင်း ၄င်းက   ပြောသည်။

စစ်ဆေးသည့်အဖွဲ့တွင် ယာဉ် ထိန်းရဲ ၊ဟိုတယ် /ခရီး ၊ ကညနတို့ အပြင် သက်ဆိုင်ရာ အသင်းများ လည်းပါဝင်ကြောင်း၊ မစစ်ဆေးမီ ကြိုတင် အကြောင်းကြား ထား သဖြင့် မော်တော်ယာဉ်များ နံပါတ် အပြာ ပြောင်းလဲမှုလည်း များလာ ကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း (ရှမ်း/ တောင်ဇုန်)နာယက ဦးဇော်ဌေး အောင်က ပြောသည်။

”သက်ဆိုင်ရာ ဌာနတွေက စစ်တာပါ။ အသင်းအနေနဲ့က ကူ ညီလုပ်ကိုင်ပေးတာ။ စစ်တဲ့အခါ နံပါတ်အပြာတော့ဖြစ်တယ်။ ဒါပေမယ့် ပို့ဆောင်ရေးလိုင်စင် မရှိဘူး၊ အဲဒါမျိုးတွေတွေ့ရတယ်။ သူတို့တွေကို အခက်အခဲဖြစ် အောင်စစ်တာလည်း မဟုတ်ပါ ဘူး။ စစ်မယ် ဆိုတာလည်း ပြော ပြီးသား။ အဲဒီလို စစ်မယ်ဆိုရင် လုပ်ထုံး လုပ်နည်းတွေ ဖြေလျှော့ပေးပါလို့တောင်းဆိုတဲ့အခါ လိုင် စင်ကြေး ရော ကားအမည်ပေါက် ဖြစ်ရမယ်ဆိုတာရော ဖြေလျှော့ ပေးထားပြီးသားပါ။ အဓိကက စည်းကမ်း လိုက်နာအောင်လို့ပါ” ဟု ၄င်းက ပြောသည်။

ရှမ်းတောင်ဇုန်တွင် တောင် ကြီး၊ ဟဲဟိုး၊ အင်းလေး၊ ကလော တို့ပါဝင်ပြီး ထိုဇုန်တွင် နိုင်ငံခြား သား သယ်ယူပို့ဆောင်နေသော ကား ၃ဝဝ ကျော်ရှိသည်ဟု သိရ သည်။

လက်ရှိတွင် ဟိုတယ်/ခရီး ဝန်ကြီးဌာနတွင် လိုင်စင်လုပ်ထား သောကား နံပါတ်အနီ ၁၇၆ စီး၊ နံပါတ်အပြာ ၁၈၈ စီးရှိကြောင်း ဝန်ကြီးဌာနမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*