အိမ်ရာမဲ့များအား ရခိုင်ပြည်နယ်တွင် နေရာချပေးရန် မြေနေရာ ရွေးချယ်ထား

အိမ်ရာမဲ့များအား ရခိုင်ပြည်နယ်တွင် နေရာချပေးရန် မြေနေရာ ရွေးချယ်ထား
November 9, 2016 Asian Fame

8:27 am
အိမ်ရာမဲ့များအား ရခိုင်ပြည်နယ်တွင် နေရာချပေးရန် မြေနေရာ ရွေးချယ်ထား
In Local

မေဇင်ဝင်း
ရန်ကုန်၊ နိုဝင်ဘာ ၎

နေရပ်မှ စွန့်ခွာသူများနှင့် အိမ်ရာမဲ့များအား ရခိုင်ပြည်နယ်တွင်နေရာချပေးရန် မြေနေရာရွေးချယ်ထားပြီးဖြစ်ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ သိရသည်။အဆိုပါနေရာမှာ အငူမော်နှင့် ဘူးသီးတောင်-မောင်တောကြားတွင်တည်ရှိပြီး ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်သူများ၊ အိမ်ရာမဲ့များကိုစုစည်းကာ နေရာချထားပေး မည်ဖြစ်ကြောင်း၊ မြေနေရာကိုလည်း ပြည်နယ်အစိုးရက မူအားဖြင့် သဘောတူထားပြီး ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးစိုင်းထွန်းညိုက ပြောသည်။

”ဒေသခံ တိုင်းရင်းသားတွေအတွက် လုံခြုံရေးအရ မကောင်းတဲ့ ရွာတွေကို စုစည်းပြီး စုစည်းရွာဆိုပြီး ထားတယ်။ ပြီးတော့ ရန်ကုန်က ပျံကျတွေ အိမ်ရာမဲ့ တွေကိုစုပြီး ရခိုင်ဘက်မှာ ရွာတည်ပေးတယ်။ သူတို့ကို တော့ ရွှေ့ပြောင်းရွာဆိုပြီးထားတယ်။ အဲဒီတော့ ရခိုင်မှာ ရွှေ့ပြောင်းရွာနဲ့ စုစည်းရွာ စုစုပေါင်း ၃၉ ရွာရှိတယ်။ အဲဒီလိုပုံစံမျိုးကို ရခိုင်အစိုးရက ထပ်လုပ်မှာ” ဟု ၎င်းက ပြောသည်။ ထိုရွာများတွင် နေထိုင်သူများကို ယခင်က သုံးနှစ်အထိ ရိက္ခာထောက်ပံ့ပေးခဲ့ကြောင်း၊ နောက်ထပ် တည် ထောင်မည့်နေရာများတွင် နေထိုင်သူများကိုလည်း ရွာတည်ပေးရုံသာမက အလုပ်အကိုင်အခွင့်အလမ်းပါ ဖန် တီးပေးရန် ပြည်နယ်အစိုးရနှင့် ပူးပေါင်း စီမံသွားမည်ဖြစ် ကြောင်း သိရသည်။

”အခု လောလောဆယ်တော့ ဒီထပ်တည်မယ့် ရွာတွေမှာ ဘယ်လိုလူတွေထားမလဲ သုံးသပ်နေတယ်။ ဖားကန့်ဘက်က ရွှေ့ပြောင်းလုပ်သားတွေထဲမှာ ရခိုင်တွေ အများကြီးရှိတယ်။ သူတို့တွေ နေမလားပေါ့။ သူတို့ကျ တော့ ကိုယ့်ဒေသဆိုတော့ သူတို့သာ ပြန်နေမယ်ဆိုရင် အဆင်ပြေတယ်” ဟု ဦးစိုင်းထွန်းညိုက ပြောသည်။ ယခင်က ရွှေ့ပြောင်းရွာနှင့် စုစည်းရွာတွင် နေထိုင် မည့်သူများကို အဆိုပါနေရာများသို့ အရောက် ပို့ဆောင် ပေးပြီး လယ်ယာလုပ်ငန်းအတွက်လိုအပ်သည့် ပစ္စည်းများနှင့် ကျွဲနွားများပါ ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*