ရခိုင်အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ ဒုတိယကွပ်ကဲရေးမှူးအဖြစ် ပြောင်းရွှေ့ တာဝန်ပေးခံရသည့် ရဲမှူးကြီးတစ်ဦး နုတ်ထွက်စာတင်

ရခိုင်အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ ဒုတိယကွပ်ကဲရေးမှူးအဖြစ် ပြောင်းရွှေ့ တာဝန်ပေးခံရသည့် ရဲမှူးကြီးတစ်ဦး နုတ်ထွက်စာတင်
November 9, 2016 Asian Fame

7:51 am
ရခိုင်အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ ဒုတိယကွပ်ကဲရေးမှူးအဖြစ် ပြောင်းရွှေ့ တာဝန်ပေးခံရသည့် ရဲမှူးကြီးတစ်ဦး နုတ်ထွက်စာတင်
In Local

PNews
နေပြည်တော်၊ နိုဝင်ဘာ ၇

ရခိုင်ပြည်နယ်အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ ဒုတိယကွပ်ကဲရေးမှူးအဖြစ် ပြောင်းရွှေ့တာဝန်ပေးခံရသည့် ရဲမှူးကြီးတစ် ဦး နုတ်ထွက်စာတင်၍ထွက်သွားကြောင်း သတင်းရရှိသည်။ ထိုရဲမှူးကြီးသည် တပ်မတော် မှ ဒုတိယဗိုလ်မှူးကြီး အဆင့်နှင့် ရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့လာသူတစ် ဦးဖြစ်သည်ဟု သိရသည်။ ရဲတပ် ဖွဲ့တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ အကူ တပ်ဖွဲ့ခွဲမှူး၊ ယင်းနောက်မန္တလေး အခြေစိုက် အမှတ်(၃) လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး၏ ဒုတိယ ကွပ်ကဲရေးမှူးအဖြစ် တာဝန်ထမ်း ဆောင်နေသူဖြစ်ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ ဒုတိယကွပ်ကဲရေးမှူး အဖြစ် ပြောင်းရွှေ့ တာဝန်ပေးခံရ ခြင်းဖြစ်သည်။ သူ၏ နုတ်ထွက်စာကို ပြည် ထဲရေးဝန်ကြီးက ခွင့်ပြုပေးခဲ့သည် ဟုသိရသည်။ ရဲမှူးကြီး နုတ်ထွက် သွားသည်မှာ မှန်ကန်ကြောင်း ရဲ တပ်ဖွဲ့မှ အမည်မဖော်လိုသည့် ရဲ အရာရှိကြီးတစ်ဦးက ဆိုသည်။

အသက် ၆ဝ ပြည့်ရန် ၃၊ ၄ နှစ် လိုသေးသည့် အဆိုပါရဲမှူးကြီး နုတ်ထွက်ရသည့် အကြောင်းကို ကျန်းမာရေးကြောင့်ဟု ဆိုခဲ့သည်။ကာယကံရှင်ကို ဆက်သွယ် ရန်ကြိုးစားသော်လည်း မရခဲ့ပေ။ရဲတပ်ဖွဲ့ဌာနချုပ်မှ အကြီးတန်း အရာရှိအချို့ထံဆက်သွယ်ရာ ထိုအပေါ် တစ်စုံတစ်ရာ မှတ်ချက် မပြုခဲ့ပေ။ သို့သော်လည်း ပြင်ပ တွင်မူ အခြားအကြောင်းအရာများ ရှိနိုင်သည်ဟု ပြောဆိုနေကြသည်။ ယခုဖြစ်စဉ်သည် ရခိုင်ပြည် နယ် နယ်စပ်ကို အကြမ်းဖက်အဖွဲ့ တစ်ခုက ဝင်ရောက်စီးနင်းတိုက် ခိုက်ခံရပြီး နောက်ပိုင်းဖြစ်ခဲ့သည့် ဖြစ်စဉ်ဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံဖြစ်သည့်အ တွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့သည် ရခိုင်ပြည်နယ်တွင် အရေးပါနေ သည်။ လက်ရှိတွင် ရခိုင်ဒေသခံ အမျိုးသားများဖြစ်သော အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြားလူငယ်များ ကို ရခိုင်ဒေသရှိ မိမိတို့ နေရပ်နှင့် နီးစပ်သော နယ်ခြားစောင့်တပ် များတွင် တာဝန်ထမ်းဆောင်နိုင်ကြောင်း နယ်ခြားစောင့်တပ်ဖွဲ့က ကြေညာထားသည်။

ပြည်ထဲရေးဝန်ကြီးက နယ်ခြားစောင့်ရဲတပ်ဖွဲ့ကွပ်ကဲရေးမှူးကို ပြီးခဲ့သည့်လက အပြောင်းအလဲ လုပ်ခဲ့သည်။ ထိုဌာနအနေဖြင့် တော်သူကို တော်သလိုချီးမြှောက် မည်ဖြစ်ပြီး၊ အသုံးမကျလျှင် မကျသလိုအရေးယူမည်ဟု ထိုအချိန်က မီဒီယာသို့ ပြည်ထဲရေးပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့ပြီး၊ ၎င်းစိတ်ချရသည့်သူကို ခန့်အပ်မည်ဟု ထည့်သွင်း ပြောဆိုခဲ့ဖူးသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*