ပုဒ်မ ၆၆(ဃ)နှင့် သတိပြုရမည့် နောက်ဆက်တွဲ ဆိုးကျိုးများ

ပုဒ်မ ၆၆(ဃ)နှင့် သတိပြုရမည့် နောက်ဆက်တွဲ ဆိုးကျိုးများ
November 9, 2016 Asian Fame

8:31 am
ပုဒ်မ ၆၆(ဃ)နှင့် သတိပြုရမည့် နောက်ဆက်တွဲ ဆိုးကျိုးများ
In Crime, Letters from Editor

editor

အယ်ဒီတာ့ အာဘော်

    မျက်မှောက်ကာလတွင် အင်တာနက်သုံးစွဲသူများ၊ လူမှုကွန်ရက်အမျိုးမျိုးကို သုံးစွဲကြသူများအကြားတွင် အထူးရေပန်းစားသော ဥပဒေတစ်ရပ်မှာ ဆက်သွယ်   ရေးဥပဒေပင်ဖြစ်သည်။ ထိုဥပဒေတွင် အခန်းမည်မျှ၊ ပုဒ်မမည်မျှပါသည်ကိုမသိရှိသူများသော်လည်း ပုဒ်မ ၆၆ (ဃ) ကိုမူအားလုံးလိုလိုသိကြသည်။

ထိုပုဒ်မကိုသာမက ထိုပုဒ်မပါတားမြစ်ချက်ကို ဖေါက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူအား ‘သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊
ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်’ ဟူသော ပြစ်ဒဏ်ကိုပင်တွဲ၍ သိရှိနေကြသည်။

အကြောင်းမှာ ထိုပုဒ်မကိုအသုံးပြု၍ လူပုဂ္ဂိုလ်တစ်ဦးနှင့်အခြားတစ်ဦးအကြား၊ အဖွဲ့ အစည်းတစ်ခုနှင့်တစ်ခုကြားတွင် အပြန်အလှန်တရားစွဲဆိုနေကြေ သာေ ကြာင့်  ပင်ဖြစ်သည်။ အချို့ကလူမှုကွန်ရက်စာမျက်နှာများတွင်ရေးသားချက်များကို အကြောင်းပြု၍လည်းကောင်း၊ အချို့က တယ်လီဖုန်းဆက်သွယ်မှုအသံမှတ် တမ်း များကို အကြောင်းပြု၍လည်းကောင်း၊ အချို့က စာတိုပေးပို့မှုမှတ်တမ်းများကို  တင် ပြ၍လည်းကောင်း အပြန်အလှန်တရားစွဲဆိုမှုများ ပြုလုပ်လာကြရာမှ လူသိများလာပြီး ပြည်သူများအကြားတစ်ဦးနှင့်တစ်ဦး ပဋိပက္ခဖြစ်ပွားမှုများမြင့်တက်လာသဖြင့် ထိုပုဒ်မကို အချို့ကဖျက်သိမ်းသင့်သည်၊ အချို့က ပြင်ဆင်သင့် သည်အစရှိသဖြင့် ဝေဖန်မှုများထွက်ပေါ်လျက်ရှိသည်။

ဆက်သွယ်ရေးဥပဒေဆိုသည်မှာ ၂ဝ၁၃ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့က ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၁ ဖြင့် သမ္မတဦးသိန်းစိန် လက် မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုဥပဒေ အခန်း (၃) ပါပြဋ္ဌာန်းချက်များအရ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း တည်ထောင်လုပ်ကိုင်ခွင့် လုပ်ငန်း လိုင်စင် များရရှိသွားပြီး တယ်လီနော၊ အူရီဒူး အစရှိသော ဆက်သွယ်ရေးအော်ပရေတာ များအသစ်ပေါ်ပေါက်လာသည့်အပြင် ယခင်ရှိနှင့်ပြီးသား ဏြွှ သည်ပင်လျှင် အသွင်ပြောင်းလာခဲ့သည်အထိ ကောင်းကျိုးများရှိခဲ့သည်။ ယခုအပြောများနေသော ပုဒ်မ ၆၆ (ဃ) ဆိုသည်မှာ ‘မည်သူမဆို ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊
နှောင့်ယှက်ခြင်း၊ မလျော်သြဇာ သုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းပြုလုပ်လျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်’ ဟုပြဋ္ဌာန်း ထားခြင်းသာဖြစ်သည်။

သာမန်အားဖြင့် ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ် တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာ သုံးခြင်း၊ ခြိမ်း ခြောက်ခြင်းတို့သည် ကောင်းသောအရာများမဟုတ်၊ တားမြစ်ထားသင့်သော အရာများသာဖြစ်သည်။ ပြဿနာမှာ မည်သို့သောအခြေအနေသည်အနိုင်အထက်ပြုသည်၊ မည်သို့သောအခြေအနေသည် အသရေဖျက်သည်၊ ခြိမ်းခြောက်သည်၊ မလျော် သြဇာသုံးသည်တို့ကို အတည်ပြုရန်ခက်ခဲခြင်းဖြစ်သည်။ အချို့အခြေအနေတွင် အတည်ပြုရန်လွယ်သော်လည်း အချို့သောအခြေအနေတွင် အတည်ပြု ရန်ခက်ခဲ မှုများစွာရှိနေသည်။ အခြားပြဿနာတစ်ခုမှာ စွပ်စွဲခံရသူက အမှန်တကယ်ကျူး လွန်ခြင်းရှိမရှိကိုလည်း နည်းပညာခေတ်တွင် အတည်ပြုရန်ခက်ခဲ လာသည့်အပြင် နည်းပညာဆိုင်ရာ အတည်ပြုပေးရသော တာဝန်ရှိသူအရာရှိများနှင့် ပါဝင် ပတ်သက်သူများကို စစ်ဆေးရသော တရားရေးဝန်ထမ်းများ၏ နည်းပညာ ကျွမ်းကျင်မှုနောက်ခံ အခြေအနေများကလည်း မေးခွန်းထုတ်စရာဖြစ်နေသည်။ ထို့အပြင် စွပ်စွဲတိုင်ကြားခြင်းခံရသည်နှင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံရပြီး နောက်ပိုင်း အချိန် အတော်ကြာမှ အပြစ်မရှိဟုဆိုကာ ပြန်လည်လွတ်မြောက်လာခြင်းများ  လည်း  ရှိရာ အစွပ်စွဲခံရသူဘက်မှနစ်နာမှု များ ဖြစ်ပေါ်နေသည် မှာလည်း စဉ်းစား ရမည့်အချက်တစ်ချက်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် ဥပဒေတစ်ခုဟူသည် အခြေအနေ အချိန် ကာလပေါ်မူတည်၍ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း အသစ် ပြဋ္ဌာန်း ခြင်းများ လိုအပ်သလိုဆောင်ရွက်ရသည်ဖြစ်ရာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ကိုလက်နက်တစ်ခုသဖွယ်အသုံးပြု၍ အပြန်အလှန်တရားစွဲခြင်းများမှ နောက် ဆက်တွဲဆိုးကျိုးများ မဖြစ်ပေါ်လာရေး တာဝန်ရှိသူများအားလုံး သတိပြုဆောင်ရွက် သင့်ကြောင်း ရေးသားဖော်ပြအပ်ပါသည်။

အယ်ဒီတာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*