ကြားဖြတ်တွင် ဒီချုပ်ကိုယ်စားလှယ်လောင်းအဖြစ် ပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့် အဆင်ပြေသူများကိုသာ ရွေးချယ်မည် မဟုတ်ဟု ဆို

ကြားဖြတ်တွင် ဒီချုပ်ကိုယ်စားလှယ်လောင်းအဖြစ် ပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့် အဆင်ပြေသူများကိုသာ ရွေးချယ်မည် မဟုတ်ဟု ဆို
November 9, 2016 Asian Fame

5:50 am
ကြားဖြတ်တွင် ဒီချုပ်ကိုယ်စားလှယ်လောင်းအဖြစ် ပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့် အဆင်ပြေသူများကိုသာ ရွေးချယ်မည် မဟုတ်ဟု ဆို
In Politics

စိုင်းလမင်း
နေပြည်တော် ၊ နိုဝင်ဘာ ၈

လာမည့်နှစ် ဧပြီလ ၁ ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေး ကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်း များအဖြစ် ပါတီထိပ် ပိုင်းခေါင်းဆောင်များနှင့် အဆင်ပြေသည့်သူများ ကိုသာ ရွေးချယ်မည်မဟုတ်ဘဲ အရည်အချင်းရှိသူကိုသာ ရွေးချယ် ယှဉ်ပြိုင်ခိုင်းမည်ဟု NLD  ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးဝင်း ထိန်က ပြောသည်။

”ကိုယ်တို့က ၂ဝ၁၂ အတွေ့အကြုံ ရှိတယ်၊ ၂ဝ၁၅ အတွေ့အကြုံ ရှိတယ်။ အဲဒီမှာထားခဲ့တဲ့မူတွေကို အခြေခံပြီးတော့မှ လုပ်တယ်။ အခု လည်း အဲ့ဒီပုံစံနဲ့ ရွေးမှာ။ ဆူသံတွေ ဆဲသံတွေကြားရဦးမှာပဲ”ဟု ဦးဝင်းထိန်က ပြောသည်။

ထို့အပြင် လူငယ်၊ အမျိုးသမီးများနှင့် တိုင်းရင်းသားများကို ကိုယ် စားလှယ်လောင်းများအဖြစ် အဓိကရွေးချယ်သွားမည်ဖြစ်ကြောင်း လည်း ၄င်းက ပြောသည်။

”လူငယ်တိုင်းလည်း မဟုတ်ဘူး လူငယ်ထဲမှာမှ အရည်အချင်းရှိသူ အမျိုးသမီးဆိုလည်း အရည်အချင်းရှိသူ တိုင်းရင်းသားတွေဆိုလည်း ဒီအတိုင်းပဲရွေးမှာ။ အဓိကကတော့ အရည်အချင်းရှိရမယ်၊ တိုင်းပြည် အပေါ် တကယ်စေတနာထားရမယ်၊  လူထုကို တကယ်အကျိုးပြုနိုင် သူဖြစ်ရမယ်။ အဲဒီမူနဲ့ရွေးမှာပါ။ ဆရာမွေး တာလည်း မရှိဘူး။ တပည့် မွေးတာလည်း မရှိဘူး”ဟု ဦးဝင်းထိန်က ပြောသည်။

လက်ရှိအချိန်တွင်  ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်ရွေး ချယ်မှုကို  စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ၄င်းကဆိုသည်။

NLDအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ် ၁၉ နေရာစလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

NLD  သည် ၁၉၉ဝ ရွေးကောက်ပွဲတွင် အများဆုံးအနိုင်ရရှိခဲ့သည့် ပါတီတစ်ခုဖြစ်ပြီး ၂ဝ၁ဝ ပါတီစုံ ရွေးကောက်ပွဲတွင် ဝင်ရောက်မယှဉ် ပြိုင်ခဲ့ဘဲ ၂ဝ၁၂ ကြားဖြတ်တွင် ၄၃ နေရာနှင့် ၂ဝ၁၅ ရွေးကောက်ပွဲ တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင်နေရာ ၁ဝဝဝ ကျော်အနိုင်ရရှိခဲ့ကာ အစိုးရဖွဲ့နိုင်ခဲ့သော နိုင်ငံရေးပါတီကြီးတစ်ခုလည်း ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*