ပြင်ဦးလွင်ရှိ လယ်သိမ်းခံတောင်သူများ ခြိမ်းခြောက်ခံ နေရ၍ မန္တလေးမြို့သို့ တိမ်းရှောင်နေရ

ပြင်ဦးလွင်ရှိ လယ်သိမ်းခံတောင်သူများ ခြိမ်းခြောက်ခံ နေရ၍ မန္တလေးမြို့သို့ တိမ်းရှောင်နေရ
November 9, 2016 Asian Fame

5:08 am
ပြင်ဦးလွင်ရှိ လယ်သိမ်းခံတောင်သူများ ခြိမ်းခြောက်ခံ နေရ၍ မန္တလေးမြို့သို့ တိမ်းရှောင်နေရ
In Bussiness, Local

(မန္တလေး၊ နိုဝင်ဘာ ၈ )

ပြင်ဦးလွင်မြို့နယ်ရှိ လယ် သိမ်းခံတောင်သူ များသည် နောက် ဆက်တွဲ ခြိမ်းခြောက်မှု များကြောင့် မန္တလေးမြို့သို့ တိမ်းရှောင်နေကြ ရကြောင်း သိရသည်။

ပြင်ဦးလွင် မြို့နယ် ပြင်စာ ကျေးရွာနှင့် သပြေရေ ကျေးရွာတို့ မှ တောင်သူ ၁ဝ ဦးထက်မနည်း သည် မည်သည့် အဖွဲ့အစည်း က မှန်း မသိရ သူများ၏ ခြိမ်းခြောက် နှောင့်ယှက်မှုများကြောင့် မန္တလေး မြို့သို့ ထွက်ပြေး တိမ်းရှောင်နေ ကြရကြောင်း၊ ထို့ကြောင့် တိုင်းဒေသ ကြီးအစိုးရ ထံ အကူအညီ တောင်းလိုကြောင်း အဆိုပါ တောင် သူများက နိုဝင်ဘာ ၅ ရက်တွင် မန္တလေးမြို့ ပြည်ကြီး တံခွန်မြို့ နယ်၌ သတင်းစာ ရှင်းလင်းပွဲပြု လုပ်ကာ ပြောဆိုခဲ့သည်။

ပြင်ဦးလွင်မြို့နယ် သပြေရေ ကျေးရွာမှ ဒေါ်မိုးမိုးက ”ကျွန်မဝယ် ပြီး စိုက်ပျိုးနေတဲ့မြေ ကို လူမိုက် ဆန်ဆန် အုပ်စုဖွဲ့ပြီး လာတောင်း တယ်၊ ဧက လေးဆယ် ရှိရင် နှစ် ဆယ်ပေးရမယ် ဆိုပြီး လာတောင်း တယ်၊ ကျွန်မက မဖြစ်နိုင်ဘူး၊ ဒါ ကျွန်မ ဝယ်ပြီး စိုက်ပျိုးနေတဲ့မြေပါ ဆိုတော့ သူတို့က မကျေနပ်ကြဘူး၊

ကျွန်မ ခြံစောင့်ကို သူတို့ကပြန် ပေးဆွဲတယ်၊ ရဲစခန်းမှာ အမှု ဖွင့် ပေမယ့် အရေးမယူဘူး။ နောက် တော့ အဲဒီလူမိုက် ဆန်ဆန်တွေ ကျွန်မကို ချောင်းမြောင်းကြံစည် လာတယ်၊ ခြိမ်းခြောက်တာတွေ လုပ်လာတယ်။ ကျွန်မအခု မန္တလေး ကိုထွက်ပြေးလာတာ ၁ဝ ရက် ကျော်နေပြီ” ဟု ပြောသည်။

လက်ရှိတွင် ပြင်ဦးလွင်မြို့ နယ်၌ မြေယာပြဿနာနှင့် ပတ် သက်၍ အဂတိ လိုက်စားမှုများ လည်းရှိနေပြီး တိုင်ကြားသူများ ကြောင့် မြို့နယ် အုပ်ချုပ်ရေး အပါ အဝင် လူ ၄ ဦးခန့် အဂတိလိုက် စားမှုဖြင့် တရားစွဲ ခံထားရကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီး ဝန် ကြီးချုပ် အနေဖြင့်လည်း လယ်ယာ ပြဿနာ ဖြေရှင်း ဆောင်ရွက်ရာ တွင် တောင်သူနှင့် ခရိုနီ နှစ်ဖက် အခြေအနေ များအား ကွင်းဆင်း ဆောင်ရွက် သင့်ကြောင်း ပြင်ဦး လွင်မြို့နယ်ရှိ လယ်သိမ်းခံ တောင် သူများက ပြောသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့် မောင်ကမူ အုပ်ချုပ်ရေးမှူးများ အနေနှင့် ဆင်ဆင်ခြင်ခြင် နေကြ ရန်နှင့် တိုင်ကြားခြင်း များ ရှိလာ ပါက အရေးယူမည်ဖြစ်ကြောင်း၊ အဂတိ ကင်းသည့် လူအဖွဲ့အစည်း တစ်ခု ထူထောင်နေချိန် အစိုးရ အုပ်ချုပ်ရေး ပိုင်းမှ လာဘ်စားခြင်း ကိုယ်ကျိုး ရှာခြင်း များအား တိုင် ကြားနိုင်ကြောင်း ပြောထားသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*