လာမည့် ၂ဝ၂ဝ တွင် နိုင်ငံရေး ဦးဆောင်ပါတီတစ်ခုဖြစ်လာရန် ပြည်ခိုင်ဖြိုးရည်မှန်းထားဟု ဆို

လာမည့် ၂ဝ၂ဝ တွင် နိုင်ငံရေး ဦးဆောင်ပါတီတစ်ခုဖြစ်လာရန် ပြည်ခိုင်ဖြိုးရည်မှန်းထားဟု ဆို
November 9, 2016 Asian Fame

6:09 am
လာမည့် ၂ဝ၂ဝ တွင် နိုင်ငံရေး ဦးဆောင်ပါတီတစ်ခုဖြစ်လာရန် ပြည်ခိုင်ဖြိုးရည်မှန်းထားဟု ဆို
In Politics
ဓာတ်ပုံ - အောင်နိုင်စိုး

ဓာတ်ပုံ – အောင်နိုင်စိုး

 PNews
ရန်ကုန်၊ နိုဝင်ဘာ ၇

လာမည့် ၂ဝ၂ဝခုနှစ်တွင် နိုင်ငံရေးဦးဆောင်ပါတီတစ်ခု ဖြစ် လာရန် ပြည်ခိုင်ဖြိုးကို ရည်မှန်း ထားကြောင်း ပါတီဗဟိုအလုပ် အမှုဆောင် ဒေါက်တာစန်းရွှေက ပါတီဝင်များနှင့် တွေ့ဆုံစဉ် ပြော ကြားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂ ရက်နေ့က စစ်တွေမြို့အခြေစိုက် ရခိုင်ပြည် နယ် ပြည်ခိုင်ဖြိုးပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ပြည်နယ် ကော်မတီဝင်များ၊ ပါတီ ကိုယ်စားပြု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ် အတွင်းရှိ ခရိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ များနှင့်ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာစ န်းရွှေတို့ တွေ့ဆုံကာ ပါတီ၏ရှေ့ဆက် လုပ်ဆောင်သွား ရမည့်လုပ်ငန်းစဉ်များကိုဆွေးနွေး ရှင်းလင်းစဉ် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

”ပါတီမှာ လုပ်စရာလုပ်ငန်း တွေအများကြီးရှိပါတယ်။ အဓိက တော့ ကျွန်တော်တို့ပါတီမှာ အန္တိမ ရည်မှန်းချက်ပန်းတိုင်တစ်ခုရှိပါတယ်။ အဲဒါကတော့လာမယ့် ၂ဝ၂ဝ ရွေး ကောက်ပွဲမှာ ကျွန်တော်တို့ပါတီက နိုင်ငံရေးဦးဆောင်ပါတီ ဖြစ်လာ ဖို့ပဲဖြစ်ပါတယ်” ဟု ဒေါက်တာစန်း ရွှေက ဆိုသည်။

ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် ပါတီအဆင့်ဆင့်က တာဝန်ရှိသူ များအနေဖြင့် မိမိတို့ တာဝန်ယူ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ် များကို လုပ်ဆောင်ကြသ ည့်အခါ အမှန်တကယ်ထိထိရောက်ရောက် ဖြစ်အောင် လုပ်ဆောင်သင့်ကြောင်း နှင့် ထိုအတိုင်း အောက်ခြေကစပြီး လုပ်ဆောင်ပေးနိုင်မှသာ ပါတီ အထက်ပိုင်း ခိုင်မာနိုင်မည်ဟု  ဒေါက်တာစန်းရွှေက ထိုတွေ့ဆုံပွဲ တွင် ပြောခဲ့ကြောင်းပါတီ၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင်လည်း ဖော်ပြထားသည်။

တွေ့ဆုံပွဲ တက်ရောက်ခဲ့သည့် ဘူးသီးတောင် မဲဆန္ဒနယ်အမှတ် ၁ ပြည်ခိုင်ဖြိုးပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က ”ရွေးကောက်ပွဲမှာ အနိုင်ရဖို့ဆိုတာ ပါတီတိုင်းရဲ့ မျှော်မှန်းချက်လေ။ ဒါက ရိုးရိုးရှင်းရှင်းပါပဲ”ဟုပြောသည်။

၂ဝ၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီသည် ဘူးသီး တောင်၊ မောင်တောဒေသအချို့ အပါအဝင် ရခိုင်ပြည်နယ်၌ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နေရာ ၃ဦး သာရခဲ့ပြီး၊ အများစုသည်ရခိုင်အမျိုးသားပါတီနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသာဖြစ်နေသည်။

ထို့ကြောင့် လာမည့်ရွေးကောက် ပွဲတို့တွင် ထိုထက်ပို၍ နေရာများ များရနိုင်ရန် ဒေါက်တာစန်းရွှေက ပါတီတွင်းစည်းလုံးညီညွတ်ရေး အင်မတန်အရေးကြီးေ ကြာင်း၊  မိမိတို့၏ ပါတီတွင်း၌ စည်းလုံးစွာ နှင့် ပူးပေါင်းဆောင်ရွက်နိုင်မှ ပါတီပြင်ပက ပြည်သူတွေကိုစည်း ရုံးရတာ အဆင်ပြေမည်ဟု သူ၏ အမြင်ကို ပါတီဝင် တို့ကို ပြောပြခဲ့ သေးကြောင်းလည်း သိရသည်။

”ပါတီ ကော်မတီဝင်များအနေ နဲ့ မိမိတို့ရဲ့ဒေသအသီးသီးနဲ့လိုက် လျောညီထွေမယ့် လုပ်ငန်းတွေကို လည်းလုပ်ကိုင်ရင်းပါတီ အထက်က လမ်းညွှန်ချက်တွေကို တစ်သဝေ မတိမ်း လိုက်နာလုပ်ဆောင်နိုင် မယ်ဆိုပါက ခမ်းနားတဲ့ပါတီရဲ့ အနာဂတ်ကိုပိုင်ဆိုင်မှာဖြစ်ပါတယ်” ဟု သူက ဆက်ပြောခဲ့သည်။

ထိုမတိုင်ခင် ပါတီ၏ပြောရေး ဆိုခွင့်ရှိသူ ဦးခင်ရီက များမကြာမီ ကျင်းပတော့မည့် ကြားဖြတ်ရွေး ကောက်ပွဲ၌ ပြည်ခိုင်ဖြိုးကနေရာ အားလုံးတွင် အနိုင်ရရှိအောင် စီမံနေသည်ဟု ပြောထားသည်။

ဒေါက်တာ စန်းရွှေသည် ပြီးခဲ့ သည့် ၂ဝ၁ဝ ရွေးကောက်ပွဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မဟုတ်သည့် တခြားယှဉ်ပြိုင်ဘက် ပါတီများကိုအနိုင်ရရှိပြီး ရခိုင်ပြည် နယ်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ခဲ့ဖူးကာ လက်ရှိတွင် ပြည်ခိုင်ဖြိုးပါတီ၏ ရခိုင်ပြည်နယ်ဥက္ကဋ္ဌအဖြစ်တာဝန် ထမ်းဆောင်နေသူဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*