ယမန်နှစ်ကထက်အကျဉ်းသားဦးရေ တစ်သောင်းနီးပါး ပိုများလာသဖြင့် ထောင်များကျပ်နေ

ယမန်နှစ်ကထက်အကျဉ်းသားဦးရေ တစ်သောင်းနီးပါး ပိုများလာသဖြင့် ထောင်များကျပ်နေ
November 9, 2016 Asian Fame

6:28 am
ယမန်နှစ်ကထက်အကျဉ်းသားဦးရေ တစ်သောင်းနီးပါး ပိုများလာသဖြင့် ထောင်များကျပ်နေ
In Politics

PNews
နေပြည်တော်၊ နိုဝင်ဘာ ၇

လက်ရှိ အကျဉ်းချထားရသည့် အကျဉ်းသားဦးရေ စာရင်းမှာ ပြီးခဲ့သည့်နှစ် ယခုလိုအချိန်ကထက် တစ်သောင်းနီးပါး ပိုများနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်း ဦးစီးဌာနမှရရှိသည့် စာရင်းများ အရ သိရသည်။

ယမန်နှစ် ယခုလိုအချိန်မျိုး၌ နိုင်ငံတစ်ဝန်းရှိဗဟိုအကျဉ်းထောင် ၃ ခုနှင့် အကျဉ်းထောင်များ အပါ အဝင် အလုပ်စခန်းများ၌ အကျဉ်း ကျခံနေရသည့် အကျဉ်းသား အရေအတွက်မှာ ၆ဝဝဝဝစွန်းစွန်း သာရှိခဲ့ပြီး၊ ယခုနှစ်တွင်မူ ၇ဝဝဝဝ ပြည့်ရန်အရေအတွက် အနည်းငယ် သာလိုတော့သည်ကို တွေ့ရသည်။

ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာနမှ ပြောရေးဆိုခွင့်ရ အရာရှိဦးမင်းထွန်းစိုးက ”အရေ အတွက် ပိုများလာတာကို အတည် ပြုပါတယ်” ဟု ပြောသည်။
အကျဉ်းသားထဲတွင် မူးယစ် ဆေးဝါးမှု၊ လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု၊ လုယက်မှုအစရှိသည့် အမှု  ကြီးများကျူးလွန်သူက ပိုများ သည်ဟု ၄င်းကပြောသည်။

အမှုကျူးလွန်သူ ပိုများလာ သလို ဖမ်းဆီးရမိမှုကလည်း ပို များလာသောကြောင့် အကျဉ်း ထောင် များတွင် အကျဉ်းသားများ ရှိသင့်သည့် အရေအတွက်ထက် ပိုမို များပြားလာသည်။

အကျဉ်းဦးစီး ဌာနကလည်း ထိုကိစ္စကို မကွယ်ဝှက်ဘဲ အကျဉ်း ထောင်များ၌ ထားသင့်သည့် ပမာဏထက် ပိုများနေသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုပြော ကြားပါသည်။

အကျဉ်းသားအရေအတွက်တိုး လာသည့်အပေါ်နှင့် အကျဉ်းသား နှင့် အကျဉ်းထောင်မမျှတမှု ဖြစ် နေသည့်အပေါ် အကျဉ်းဦးစီးဌာန မှ ပြောရေးဆိုခွင့်ရအရာရှိ ဦးမင်း ထွန်းစိုးက ”ပြစ်မှုကျုးလွန်သူတွေ ပိုများလာသလို၊ တစ်ဖက်ကလည်း  ဖမ်းဆီးအရေးယူနိုင်မှုတွေများလာ တယ်။ ဒါ့ကြောင့် အကျဉ်းသားဦးရေ များလာ တယ်။ ဒီလိုပဲအကျဉ်းသား တွေကို ထားရမယ့်နေရာကနဂိုက တည်းကအကန့်အသတ်နဲ့ရှိပြီးသား၊ ခုကပိုများနေတယ်”ဟုပြောသည်။

”အကျဉ်းထောင်တိုင်း အဲဒီ လိုဖြစ်နေတယ်လို့ သိရပါတယ်”ဟု နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ကိုအောင်မျိုးကျော်က Popular News  သို့ပြောပြ ပါသည်။

၎င်းအနေဖြင့် စုံစမ်းကြားသိ ရသလောက် အကျဉ်းသား ၁ဝဝဝ သာထားရှိရမည့် မြင်းခြံ အကျဉ်း ထောင်တွင် ၁၈ဝဝ ကျော်၊ အကျဉ်းသား ၅ဝဝဝ ထားရမည့် အင်းစိန်ဗဟို အကျဉ်းထောင်တွင် ၈ဝဝဝ မှ ၁ဝဝဝဝ ကြား၊ အကျဉ်း သား ၅ဝဝ သာ ဆံ့သည့် ရွှေဘို အကျဉ်းထောင်သည် လက်ရှိတွင် ၁၂ဝဝ နှင့် ၁၅ဝဝ ကြား ရှိနေသည် ဟု ၄င်းက ပြောပြသည်။

အကျဉ်းထောင်တစ်ခု ထပ် တိုးချဲ့ရန်၊ တည်ဆောက်ရန်ကိစ္စသည် ပြည်ထောင်စုအစိုးရအဖွဲ့ ခွင့်ပြုချက်၊ လွှတ်တော်က ဘဏ္ဍာ ငွေ ခွင့်ပြုမှု အစရှိသော လုပ်ငန်း စဉ်များကို ဖြတ်သန်းပြီးမှ လုပ် ဆောင်ရကြောင်း၊ လုံခြုံရေး စသည် တို့ကိုပါ ထည့်တွက်ရ ကြောင်း၊ လက်ရှိတွင် အကျဉ်း    ထောင် အချို့တည်ဆောက်နေ ကြောင်း တည်ဆောက်နေမှု ပြီးလျှင် လက်ရှိကြုံတွေ့နေရသော အကျဉ်းသားနှင့် အကျဉ်းထောင် မမျှတမှုသည် အထိုက်အလျောက် လျော့ကျသွားလိမ့်မည်ဟု သူက  ဆက်ပြောသည်။

နိုင်ငံရေး အကျဉ်းသား ဟောင်းများကမူ အကျဉ်းဦးစီး ဌာနနှင့်သက်ဆိုင်ရာ အဖွဲ့အစည်း များက အကျဉ်းသားနှင့် အကျဉ်း ထောင် မမျှတမှုကိုမဖြေရှင်းနိုင် ပါက နောက်ဆက်တွဲပြဿနာ   အများအပြားနှင့် ရင်ဆိုင် ရလိမ့် မည်ဟု  သတိပေးကြသည်။

ထိုသို့ သတိပေးနိုင်စေရန် လည်း မကြာသေးသည့် ရက်ပိုင်း အတွင်းက ထုတ်ပြန်ခဲ့သော မြန် မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ၏ မြင်းခြံထောင်နှင့် ပတ်သက်သည့် အစီရင်ခံစာတစ်စောင်ကတွန်းအား ပေးခဲ့ကြောင်း နိုင်ငံရေး အကျဉ်း သားဟောင်းအဖွဲ့ကပြောသည်။

”၆ ပေပတ်လည် နေရာလေး မှာ အကျဉ်းသား ၄ ယောက်နေရ တယ်လို့ အစီရင်ခံစာမှာ ဖော်ပြ ထားတယ်၊ ဒါဟာ ပြုပြင်ရေး စခန်းတွေအဖို့ ကြီးမားတဲ့ စိန် ခေါ် မှုတွေပဲ”ဟု ထိုအဖွဲ့ဝင်တစ်ဦး ကပြောသည်။ ဖမ်းဆီးအရေးယူမှု များလာသည့်အပေါ် ရဲအရာရှိကြီး တစ်ဦးက ”ပြစ်မှုတွေ လုပ်နေရင် တော့ ဖမ်းရပါ့မယ်”ဟု ဆိုသည်။

ရဲတပ်ဖွဲ့က ထုတ်ပြန်ထား သော စာရင်းအရ ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ တစ်လတည်း မှာပင် အမှုပေါင်း နှစ်သောင်း ကျော် ဖြစ်ပွားခဲ့သည်ဟုသိရသည်။
ထိုအမှုများအနက် လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှု အစရှိသည့်အမှု ကြီး ၁ဝမျိုးက၂၄၆မှု ပါဝင်သည်။ လူသတ်မှုက ၁၂၄ မှုနှင့် အများ ဆုံးဖြစ်နေသည် ကို တွေ့ ရသည်။

တရားလွှတ်တော်ရှေ့နေ ဦး ရောဘတ်စန်းအောင်က ”အမှု အခင်းဆိုတာက အလုပ်အကိုင် ရှားပါးမှု၊ ဆင်းရဲကျပ်တည်းမှု၊  တရားဥပဒေ မစိုးမိုးမှု၊ တရား ဥ ပဒေ မလေးစားမလိုက်နာမှု၊ စိတ် လိုက်မာန်ပါ လုပ်မှု စတာတွေ ကြောင့် ဖြစ်တာ။ ဒီတော့ ဒါတွေ ကို ကဏ္ဍအလိုက်သက်ဆိုင်သူ တွေက ဖြေရှင်းရမယ်။ တစ်ခု တည်း က လုပ်နေလို့မရဘူး” ဟု အကြံပြုပါသည်။

မြန်မာနိုင်ငံတွင် ဗဟိုအကျဉ်း ထောင် ၃ ခုနှင့် အကျဉ်းထောင် ပေါင်း ၄ဝ ကျော်ရှိနေသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*