ပုစ္ဆာ

ပုစ္ဆာ
November 9, 2016 Asian Fame

6:03 am
ပုစ္ဆာ
In Articles

hacker

(၁)

”တံခါးနှစ်ပေါက် ရှိတယ်။ တံခါးတစ်ပေါက်က ငရဲပြည်ကိုသွား တဲ့အပေါက်။ နောက်တစ်ပေါက်က ကောင်းကင်ဘုံကိုသွားတဲ့ အပေါက်။အဲဒီ တံခါးနှစ်ပေါက်ကို တံ ခါးစောင့်နှစ်ယောက်က စောင့်တယ်။ တစ်ယောက်က အမြဲတမ်းလိမ်ပြော တဲ့သူ။ နောက်တစ်ယောက်က အမြဲတမ်း အမှန်ပြောတဲ့သူ။ ဘယ်တံခါးပေါက်က ဘယ်ကို ရောက်တယ်ဆိုတာ မင်းလုံးဝမသိ ဘူး။ ဘယ်တံခါးစောင့်က အမှန် ပြောတယ် ဆိုတာကိုလည်း မင်း မသိဘူး။ဒါပေမယ့် သူတို့ကို မင်းက မေးခွန်းတစ်ခွန်းတော့ မေးခွင့်ရှိ တယ်။ တံခါးစောင့်နှစ်ယောက်အ နက်ကြိုက်တဲ့တံခါးစောင့်ကို မေး နိုင်တယ်။ကောင်းကင်ဘုံကို သွားတဲ့အ ပေါက်ဘယ်ဟာလဲဆိုတာ သိရအောင် မင်းဘယ်လိုမေးခွန်းမေး မလဲ”

(၂)

ကျွန်တော်တို့ကို မေးခွန်း ထုတ်ပြီးနောက် ဖိုးသားက ပြတင်း ပေါက်နားသွား၍ ထီမထင်သည့် မျက်နှာဖြင့် ဆေးလိပ်ဖွာနေသည်။ကြံကြံဖန်ဖန် ဒီပဟေဠိကို သူ ဘယ်က သိလာသည်မသိ။ ကျွန် တော်တို့အထဲမှ တစ်ယောက်က ”ဟေ့ကောင် ဖိုးသား မင်းမေးခွန်း က ဟုတ်ရော
ဟုတ်ရဲ့လားကွ။ အ ဖြေမရှိတာကြီးတော့ ငါတို့ကို လာ မမေးနဲ့နော်”ဟု မေးသည်တွင် ဖိုး သားက ဆေးလိပ်ငွေ့များကိုပါးစပ် က ဝှူးခနဲမှုတ်ထုတ်လိုက်ပြီး ”အ ဖြေမရှိဘဲနဲ့ အလုပ်ရှုပ်ခံပြီး မေး မလားကွ”ဟုပြောကာ ပြတင်းပေါက် ဘက်သို့ မျက်နှာပြန်လှည့်သွား၏။ ကျွန်တော်တို့လည်း သူ၏ ရိတိတိမျက်နှာပေးကို အတော် မကျေနပ်စွာနှင့်ပင် ပဟေဠိ၏ အ ဖြေကို စဉ်းစားကြရတော့သည်။ အဖြေကလည်း စဉ်းစားလေ မရ လေ ဖြစ်နေ၏။ တံခါးနှစ်ပေါက်၊ ကောင်းကင်ဘုံနဲ့ ငရဲ၊ လိမ်တတ် သူနဲ့ အမှန်ပြောသူ။ လိမ်တတ်သူ ကိုမေး၍ကတော့ အမှန်ကို ဘယ် တော့မှ သိရမည်မဟုတ်။ အမှန် ပြောသူကိုမေးမှသာလျှင် အမှန်ကို သိမည်။ သို့ပေမယ့် ဘယ်သူက အမှန်ပြောတတ်သူဖြစ်ပြီး ဘယ်သူ က လိမ်တတ်သူဆိုတာကို မသိ တာက အကြီးမားဆုံးသော ပြဿ နာ ဖြစ်နေလေတော့သည်။

(၃)

ကျွန်တော်တို့ နေ့စဉ်ဘဝ ဖြတ်သန်းမှုတွင်လည်း မည်သူက လိမ်တတ်၍ မည်သူက အမှန်ပြော တတ်သည်ဆိုသည်ကို တော်ရုံနှင့် မသိနိုင်ကြပါ။ ထို့အပြင် ယနေ့ အမှန်ပြောတတ်သူက နက်ဖြန် လိမ်ပြောချင်ပြောမည်။ ယနေ့လိမ် ပြောသူက နက်ဖြန် အမှန်တွေ ချည်းပဲ ပြောလျှင်ပြောလိမ့်မည်။ ပုစ္ဆာထက်ပင် ပိုဆိုးနေသေး၏။ ထို့ ကြောင့်ပင်လျှင် ကျွန်တော်တို့အား လုံးသည် ပြဿနာအဝဝနှင့်ရင် ဆိုင်နေရခြင်းပင် ဖြစ်၏။ မဟုတ် တာကို အဟုတ်ထင်ပြီး ဟုတ်တာ ကို မဟုတ်ထင်မှုတို့ကြောင့် ရံဖန်ရံ ခါတွင် တစ်ဘဝလုံးကိုပင် ပေးဆပ် သွားရသူတွေလည်းမနည်းလှ။ ပိပိ ရိရိ လိမ်တတ်ညာတတ်သူတို့ကို ယုံကြည်အားကိုးမိသဖြင့် ဒုက္ခ ရောက်ကြရသူတွေလည်း ရှိကြသည်ကို အားလုံးအသိပင်။

”လောကဝယ် ရုပ်လက္ခဏာ ကိုအကြောင်းပြု၍ ကြည်ညိုသူ သုံးပုံတွင်နှစ်ပုံရှိ၏။ ကျော်စောသတင်းကို အကြောင်းပြု၍ ကြည်ညို သူတို့မှာ ငါးပုံလျှင် လေးပုံရှိ၏။ ခေါင်းပါးသော အကျင့်ကို အ ကြောင်းပြု၍ ကြည်ညိုသူတို့မှာ ဆယ်ပုံလျှင် ကိုးပုံမျှပင်ရှိပြီး၊ မှန် ကန်သော ဓမ္မကိုအကြောင်းပြု၍ ကြည်ညိုကြသူတို့မှာမူ အပုံတစ် သိန်းပုံလျှင် တစ်ပုံမျှသာ ရှိလေ၏” ဆိုသည့်အတိုင်းပင် အပေါ်ယံကို ယုံကြည်မိ၍ စုံလုံးကန်းခဲ့ရသူတွေ လည်း မနည်းမနော။စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အစရှိသည့် နယ်ပယ်စုံတွင် အမှန် တရားကို လက်ကိုင်ထားသူနှင့် မမှန်တရားကို လက်ကိုင်ထားသူတွေ ရှိကြသည်ချည်းပင်။ နှစ်ကာ လ မဆိုစလောက်သေးသာ ရှည်လျားသော လူ့သက်တမ်းကို နှစ် အသင်္ချေ နှစ်အနန္တထင်ကာ ဖြတ် လမ်းလိုက်နေကြသူများလည်း ရှိကြ သည်။ ဆင်သေကို ဆိတ်သားရေနှင့် ဖုံးသလို မိမိပြုခဲ့ပြီးသော မကောင်း မှုတို့ကို အယောင်ဆောင်ကောင်းမှု လေးများနှင့် ဖုံးဖုံးဖိဖိလုပ်ကာ ခပ် တည်တည်ပင် သူတော်ကောင်း ယောင်ဆောင်ကြသူတွေလည်း ရှိ ကြ၏။

ထိုသူတို့ကို မည်သို့ဖော်ထုတ် နိုင်ပါအံ့နည်း။ နေ့စဉ်ဘဝ၏ မာယာတို့ကို မည်သို့ ဖော်ထုတ်သိရှိ ကြမည်နည်း။ အဖြေတွေ တစ်ခု ပြီးတစ်ခုပြောရင်းနှင့် နောက်ဆုံး တွင် ပုစ္ဆာ၏အဖြေမှန်နှင့် တည့် တည့်တိုးသွားနိုင်သော်ငြား လက် တွေ့ဘဝတွင်မူ ထိုသို့ စမ်းသပ်၍ ရသည်မဟုတ်။ အတွေးမှား အ ရွေးမှားသည်နှင့် ပြန်မထနိုင်အောင် လဲကျသွားနိုင်သည်ချည်းပင်ဖြစ် ၏။ အတွေးမှား အရွေးမှားဖို့ဆို သည်ကလည်း အင်မတန်လွယ်ကူ လှသည်။ အပြောကောင်းကောင်း ကို တစ်ချက်ကလေး ယုံကြည်မိ နားယောင်မိသည်နှင့် အတွေးမှား အရွေးမှားသွားနိုင်သည်။

(၄)

”အမှန်ကတော့ တံခါးစောင့် တစ်ယောက်အနားသွား။ ပြီးရင် ဟောဒီမေးခွန်းကို မေးရမှာကွ။ ‘ဟိုဘက်ကအစောင့်ကို ကောင်း ကင်ဘုံသွားတဲ့တံခါးဟာ ဘယ်အ ပေါက်လဲလို့မေးရင် သူဘယ်တံခါး ပေါက်ကို ညွှန်ပြမှာလဲ’ ဆိုတဲ့ မေး ခွန်းပဲ။ မင်းတို့ကြည့်ရတာ အဖြေ သိတာတောင် သိပ်ရှင်းကြပုံမပေါ် သေးတော့ ငါကပဲ သေချာရှင်းပြရ တော့မှာပေါ့ကွာ။ ဆိုပါစို့ မင်းမေးမိတဲ့ တံခါး စောင့်က အမှန်ကိုပဲပြောတတ်တဲ့ သူဆိုပါစို့။ သူ့ကို ”ဟိုဘက်က တံခါးစောင့်ကို ကောင်းကင်ဘုံသွားတဲ့ တံခါးက ဘယ်အပေါက်လဲလို့ မေးရင် သူဘယ်တံခါးပေါက်ကို ညွှန်ပြမှာလဲ” လို့ မင်းကသွားမေး လိုက်ပြီ။ အဲဒီအခါ သူက မင်းကို ငရဲပြည်သွားတဲ့ တံခါးကိုညွှန်ပြမှာပဲ။ ဘာလို့လဲဆိုတော့ကာ ဟိုဘက်က တံခါးစောင့်က လူလိမ်လေ။ ဒီ တော့ ကောင်းကင်ဘုံတံခါးပေါက် ကို သိပေမယ့် သူ့ကိုသွားမေးရင် တော့ ငရဲတံခါးကိုပဲ ကောင်းကင် ဘုံတံခါးလို့ လိမ်ပြောမှာပဲ။

မင်းမေးမိတဲ့ တံခါးစောင့်က လိမ်ပြောတတ်တဲ့သူဆိုရင် သူက လည်း ငရဲတံခါးကိုပဲ ညွှန်ပြမှာပဲ။ သူက အမြဲလိမ်ပြောတတ်တာကိုး ကွ။ဒါကြောင့် ဘယ်သူ့ကိုပဲမေး မေးငရဲပြည်သွားတဲ့ တံခါးကိုပဲညွှန်ပြမှာ ဖြစ်တာကြောင့် ကျန်တဲ့ တံခါးပေါက်ကနေ ကောင်းကင်ဘုံ ဆီကိုသာ စိတ်ချလက်ချသွားကြ ပေတော့ ပေါ့ကွာ” ဟု ဖိုးသားက ချွေးပြန်နေကြသော ကျွန်တော်တို့ ကို သနားညှာတာသောအားဖြင့် သူ့ပုစ္ဆာ၏ အဖြေကို ပြောပြပြီး အခန်းထဲမှ မခန့်လေးစားဟန်ဖြင့် ထွက်သွားလေတော့သတည်း။

ဟက်ကာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*