ဌာနအတွင်း ပျက်စီးယိုယွင်းနေသောစနစ်များအား ပြုပြင်ပြောင်းလဲပေးရန် သင်္ဘောသားများ ဆန္ဒထုတ်ဖော်

ဌာနအတွင်း ပျက်စီးယိုယွင်းနေသောစနစ်များအား ပြုပြင်ပြောင်းလဲပေးရန် သင်္ဘောသားများ ဆန္ဒထုတ်ဖော်
November 9, 2016 Asian Fame

6:33 am
ဌာနအတွင်း ပျက်စီးယိုယွင်းနေသောစနစ်များအား ပြုပြင်ပြောင်းလဲပေးရန် သင်္ဘောသားများ ဆန္ဒထုတ်ဖော်
In Local
ဓာတ်ပုံ - ကျော်ကျော်

ဓာတ်ပုံ – ကျော်ကျော်

ဖြိုးထက်အောင်
ရန်ကုန်၊ နိုဝင်ဘာ ၈

ဌာနအတွင်း ပျက်စီးယိုယွင်း နေသော စနစ်များအား ပြုပြင်ပြောင်း လဲပေးရန်ဟုဆို၍ ပို့ဆောင်ရေးဝန် ကြီးဌာနလက်အောက်ရှိ  Department of Marine Administration  ဌာနကို သင်္ဘောသား ၁၅ဝ ခန့်က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၁ဝ နာရီက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

”အခု လုပ်နေတဲ့သူတွေက ကျွန်တော် သင်္ဘောအကြောင်းကို ဘယ်ညာတောင် မသိတဲ့သူတွေက အုပ်စိုးနေတာဗျ။ အဆင်မပြေဘူး။ အဲဒီတော့ အခုလုပ်နေတဲ့ ကျွန် တော်တို့ကို တာဝန်ယူထားရတဲ့ဝန် ကြီးကို သူသင်္ဘောစီးဖူးလားမေး ကြည့်။ ကျွန်တော်တို့လို ချင်တာက ကျွန်တော်တို့ သင်္ဘောသားလောက ကို သင်္ဘော သားတွေပဲ ဦးဆောင်မှ ဖွံ့ဖြိုးတိုးတက်မှာဗျ” ဟု ဆန္ဒထုတ် ဖော်ရာတွင်  ဦးဆောင်ခဲ့သူ ဦးနေ လင်းအောင် က ပြောသည်။

sailar2-copy

ယင်းဆန္ဒထုတ်ဖော်ပွဲတွင်Department of Marine Administration ဌာနမှမူဝါဒများလို အပ်ချက်အရ ပြောင်းလဲရာတွင် သင်္ဘောသားများအတွက် သက် သာ ချောင်ချိသောနည်းလမ်းများ ဆောင်ရွက်ပေးရေး၊ စာမေးပွဲစနစ် များ ပြင်ဆင်ပေးရေး၊ Officer On Watch စာမေးပွဲ ဖြေဆိုရန်အတွက်Seatime Check    ခြင်းကို ပြင်ဆင် လျှော့ပေါ့ပေးရေး၊ ကြိုးနီစနစ်များ ပြားခြင်းကို ပြုပြင်ပေးရေး၊ အလုပ် အကိုင်အခွင့်အလမ်းများ ဖော် ဆောင်ပေးရေး၊ သင်္ဘောသားများ ထံမှ ရရှိသည့် ငွေကြေးများကိုမည် သည့် နေရာများတွင် အသုံးပြု သည်ကို ဖြေရှင်းပေးရေး၊ သင်္ဘော သားများဘက်မှ ရပ်တည်ပေးမည့် အဖွဲ့အစည်းများ အသက် မဝင်ခြင်း၊Seafarer Recruitment and Placement Service များမှ အလုပ် အကိုင်အခွင့်အလမ်းများ ဆောင် ရွက်ရာတွင် Department of Marine  Administration က တာဝန် ယူ တာဝန်ခံပေးရေး စသည့်အချက် ၉ ချက်ကို တောင်းဆိုခဲ့ကြသည်။

”ကျွန်တော် တည့်တည့်ပဲပြော ပါမယ်။ ကျွန်တော့်ဆီမှာ ရှိတယ်။ Five Star အဆင့်လောက်က လာ တယ်။ Captain လုပ်လာတယ်ဆို တာက ကျောက် ချထားတဲ့သင်္ဘော မှာ ၆ လလောက် လုပ်ပြီးလာတာ။ ကျွန်တော့်ဆီမှာ အဲလိုခွင်တွေရှိ တယ်။ တကယ်လုပ်လာတဲ့ ဆရာ ကြီးတွေရှိတယ်။ အင်္ဂလန်ကနေ သေချာ လက်မှတ်တွေ ယူလာတဲ့ ဆရာကြီးတွေ အများကြီးရှိပါတယ်။ သူတို့ကျတော့ ချောင်ထိုးခံထားရ တယ်။ တကယ်ဝမ်းနည်းဖို့ကောင်း တယ်” ဟု ၄င်းက ဆက်ပြော သည်။

ယခုဆန္ဒ ထုတ်ဖော်မှုသည် ၄င်းတို့အနေဖြင့် ဒုတိယအကြိမ် မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*