”စီးပွားရေးမှာတော့ နည်းနည်းနှောင့်နှေးတယ်။ အစိုးရသစ်က သန့်ရှင်းတဲ့အစိုးရဆိုတာ ငြင်းလို့မရဘူး။ ဒါပေမယ်လို့ မူဝါဒတွေ ချမှတ်တဲ့အခါ သိပ်ပြီး ရှင်းရှင်းလင်းလင်းမရှိဘူး …”

”စီးပွားရေးမှာတော့ နည်းနည်းနှောင့်နှေးတယ်။ အစိုးရသစ်က သန့်ရှင်းတဲ့အစိုးရဆိုတာ ငြင်းလို့မရဘူး။ ဒါပေမယ်လို့ မူဝါဒတွေ ချမှတ်တဲ့အခါ သိပ်ပြီး ရှင်းရှင်းလင်းလင်းမရှိဘူး …”
November 9, 2016 Asian Fame

4:34 am
”စီးပွားရေးမှာတော့ နည်းနည်းနှောင့်နှေးတယ်။ အစိုးရသစ်က သန့်ရှင်းတဲ့အစိုးရဆိုတာ ငြင်းလို့မရဘူး။ ဒါပေမယ်လို့ မူဝါဒတွေ ချမှတ်တဲ့အခါ သိပ်ပြီး ရှင်းရှင်းလင်းလင်းမရှိဘူး …”
In Cover News, Opinion
per

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကား တစ်နှစ်တင်းတင်းပြည့်ခဲ့လေပြီ။ ယမန်နှစ်က ယခုလိုအချိန်တွင် ပြည်သူအပေါင်း သောင်းသောင်းဖြဖြရွေးချယ်ခဲ့ကြသည့် အစိုးရသစ်သက်တမ်း မှာလည်း ရက်ပေါင်း ၂ဝဝကျော်ခဲ့လေပြီ။ သို့ရာတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကြီးကျင်းပပြီး တစ်နှစ်တာကာလအတောအတွင်းဝယ် မည်သို့သောပြောင်းလဲမှုများ ဖြစ်လာလေသနည်း။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည့် နယ်ပယ်ကဏ္ဍများတွင် မည်သို့ပြောင်းလဲလာ လေသနည်း။ ထို့ကြောင့် နယ်ပယ်အသီးသီးမှ အတွေ့အကြုံရှိ ကျွမ်းကျင်သူတို့၏ အမြင်များကိုတင်ပြရသော်…။

ဦးရဲမင်းဦး (ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းရှင်)

အရင်ကထက်ကို ပိုစိတ်ချမ်းသာပါတယ်။ ဘယ်သူ့ကိုမှ မကြောက်ရပါဘူး။ ဒါဟာထင်ရှားတဲ့ ပြောင်းလဲမှုပဲ။ နောက်တစ်ခုက နိုင်ငံတကာ က မြန်မာနိုင်ငံကို မြင်တဲ့အမြင် အဲဒါတွေဟာလည်း ကျေနပ် ဖွယ်ရာ ဖြစ်နေပြန်တယ်။ နောက်ဆုံးတစ်ခုကတော့ အစိုးရသွားနေတဲ့ လမ်းကြောင်း၊ အစိုးရလုပ်နေတဲ့ အလုပ်တွေ ကို ချက်ချင်းသိလာရတယ်။ သိလွန်းလို့တောင် ခက်နေ တယ်။ ဒါ့ကြောင့်လည်း အားလုံးက ထောက်ပြဝေဖန်တာတွေ လုပ်နိုင် ကြတာပေါ့။ ဒါဟာ အများကြီးလွတ်လပ်သွားတယ်ဆိုတဲ့ ပြယုဂ် ပုံရိပ်တစ် ခုပဲ။ ကျွန်တော်ကတော့ ဝေဖန်တာကို ကြိုက်တယ်။ ဒါမှ အမှားလုပ်မိရင် ချက်ချင်းပြင်နိုင်မှာကိုး။ အရင်က ဘာမှမသိရဘူးလေ။ ဘယ်နားမှာ ရှိတဲ့မြေကွက်၊ ဘယ်နားမှာရှိတဲ့စက်ရုံတွေကို ဘယ်သူ့ကိုပေးလိုက်မှန်းသိမှမသိခဲ့ရတာပဲ။

ဦးစည်သူအောင်မြင့် (သတင်းစာဆရာ)

အပြောင်းအလဲဆိုတဲ့ အပိုင်းဟာ ၂ ပိုင်းရှိတယ်။ ဝုန်း ဒိုင်းပြောင်းလဲမှုနဲ့ အေးအေးချမ်းချမ်းပြောင်းလဲမှုပဲ။ ဝုန်းဒိုင်းဆိုတာက အြုံ<ွကမှုနဲ့ဖြစ်ပြီး ပြောင်းလဲတာ၊ စစ်ပွဲနဲ့ အနိုင် တိုက်ပြီး ပြောင်းလဲတာ။ အေး အေးချမ်းချမ်းကတော့ တစ် ဆင့်ချင်းသွားရတယ်။ အခု ကျွန်တော်တို့ရဲ့ လက်ရှိ နိုင်ငံ ရေးအပြောင်းအလဲက ရွေး ကောက်ပွဲလုပ်ပြီး ပြောင်းလဲ တာဖြစ်တဲ့အတွက် တစ်ဆင့် ချင်းတော့ သွားနေတာပေါ့။ ကျွန်တော်ကတော့ ဒါကို ပြောင်းလဲတယ်လို့ ခံစားမိတယ်။ ပြောင်းလဲတာတောင်မှ အပြောင်းအလဲကြီး သမိုင်းဝင်ပြောင်းတာပါ။ ဒီလို ပြောင်းလဲလိုက်တဲ့အတွက် ကုန်ဈေးနှုန်း၊ စီးပွားရေး၊ ပညာရေး ဒါတွေပါလိုက်ပြီး လွယ်လွယ်ကူကူနဲ့တော့ ပြောင်းလဲမှာ မဟုတ် ဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဒါတွေဟာ တစ်ဆင့်ချင်း ပြောင်းလဲမှရမှာကိုး။ အခု အစိုးရက ယခင်အစိုးရရဲ့ အမွေတွေကိုလည်း ဆက်ခံရတယ်၊ ဘတ် ဂျက်တွေကိုလည်း သုံးရတယ်။ ဒါ့ကြောင့် ဝုန်းဒိုင်းကြီး ပြောင်းလဲဖို့အတွက် သူ့မှာလည်း အခက်အခဲရှိနိုင်တယ်။ ထူးထူးခြားခြား ပြောင်းလဲမှုတွေထဲက တစ်ခုကို ထုတ်ပြရရင် အဂတိလိုက်စားမှုကို တိုက်ဖျက်နေတာပဲ။ ဒါဟာ ကြီးကျယ်တဲ့ ပြောင်းလဲမှုပဲ။ လူလတ်တန်းစားနဲ့ အောက်ခြေပြောင်းလဲမှု ကတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး နောက်ပိုင်းမှာ ဖြစ်လာမှာဖြစ်တဲ့အ တွက် အချိန်ယူရပါဦးမယ်။

ဦးကျော်မင်းထွန်း (စီးပွားရေးအကြံပေး)

ဒီတစ်နှစ် အတွင်းမှာ တော့ နိုင်ငံရေးဘက်က လူ တွေ အပြောင်းအလဲ ဖြစ်သွားတယ်။ ဒါကလွဲလို့ ထူးပြီးပြောင်းလဲသွားတာ မတွေ့သေးဘူး။ လူတော့ ပြောင်းသွားတာတော့ ရှိတယ်။ ဥပမာ ငြိမ်းချမ်းရေး။ အခုလည်း ဆွေးနွေးနေတယ်၊ အရင်တုန်းကလည်း ဆွေးနွေး ခဲ့တယ်။ ထူးပြီးပြောင်းလဲတာ မတွေ့ဘူး။ စီးပွားရေးပိုင်းက ထူးထူးခြားခြား ပြောင်းလဲသွား တယ်။ အပေါင်းထက် အနုတ်ဘက်ကိုပေါ့။ NLD ကိုယ်တိုင်လည်း ဝန်ခံထားပြီးပါပြီ စီးပွားရေးနှောင့်နှေးနေတယ်ဆိုတာကို။ ကျန်တာတော့ သိပ်အများကြီး ပြောစရာမရှိပါဘူး။

ဒေါက်တာ အောင်သူရ (CEO, Thura Swiss Co.Ltd;)

ပြောင်းလဲမှုတွေကတော့ ရှိပါတယ်။ မပြောင်းလဲဘူးဆို ရင် မဟုတ်ပါဘူး။ စီးပွားရေးမှာ တော့ နည်းနည်း နှောင့်နှေးနေ တယ်။ အစိုးရသစ်က သန့်ရှင်း တဲ့အစိုးရဆိုတာ ငြင်းမရဘူး။ ဒါပေမယ့်လို့ မူဝါဒတွေ ချမှတ် တဲ့အခါ သိပ်ပြီး ရှင်းရှင်းလင်း လင်းမရှိဘူး။ အစိုးရသစ်ကို လူထုက မျှော်လင့်ချက်တွေ အ များကြီးထားကြတယ်။ အဲဒီလို ထားတဲ့ မျှော်လင့်ချက်တွေအ များကြီးကို အစိုးရသစ်ဘက်က လုပ်နိုင်ဖို့ တော်တော်အချိန်ယူရဦးမယ်။ ရွေးကောက်ပွဲ တစ်နှစ်ပြည့်တယ်ဆို ရင်ကိုပဲ အစိုးရသစ်က တစ်နှစ်တောင် မပြည့်သေးဘူးဆိုတော့ အပြောင်းအလဲတွေက မမြန်နိုင်ဘူး။

ဒေါ်မာမာဦး (အလုပ်သမားအရေးဆောင်ရွက်နေသူ)

ကဏ္ဍတိုင်းမှာ သိသိသာသာ ပြောင်းလဲမှု သိပ်မတွေ့ရဘူး။ ပြောင်းလဲလာတာတွေ တော့ ရှိပါတယ်။ အလုပ်သမား ဘက်ကပြောရရင် အလုပ်သ မားအဖွဲ့အစည်းတွေနဲ့ လွှတ် တော်ကိုယ်စားလှယ်တွေ အရင် တုန်းကထက် ချိတ်ဆက်လာနိုင်တယ်။ ဒါပေမယ့်လို့ အလုပ် သမားဥပဒေ ပြင်ဆင်ဖို့ကျတော့ နှောင့်နှေးနေတယ်။ ဒီဟာတော့ ပြောစရာတွေ ရှိနေတယ်။ အ ခုဆိုရင် အလုပ်သမားသမဂ္ဂ ပေါင်း ၂ဝဝ ကျော်ရှိနေတယ်။ နောက်ပြီး လုပ်ငန်းရှင်တွေ၊ အလုပ်သမား တွေ၊ အလုပ်သမားအရေး ဆောင်ရွက်သူတွေ အများကြီးရှိတယ်။ အစိုးရဘက်က သူတို့နဲ့ ထိတွေ့မှုသိပ်မရှိဘူး။ အခုအချိန်အထိ ပြောင်းလဲမယ့် အရိပ်အယောင်တွေ တွေ့နေရတယ် အဲဒီလောက်ပဲရှိတယ်။ အခြေခံလစာ တစ်ရက် ၃၆ဝဝ ကို ၅၆ဝဝ အဖြစ် ပြောင်းလဲမယ်ဆိုတဲ့သတင်းတွေ ထွက် ပေါ်နေတယ်။ ဒါတွေ ပြောင်းလဲမလဲတော့ စောင့်ကြည့်ရဦးမယ်။

ဦးကြည်သာ (အဖွဲ့ဝင်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်)

ဒီတစ်နှစ်အတွင်း နိုင်ငံရေး ဇာတ်ခုံကတော့ ၁၈ဝ ဒီဂရီ လောက် ပြောင်းလဲသွားပြီ။ ပြည်ခိုင်ဖြိုးကြီးစိုးတာကနေ NLD ကြီးစိုးသွားပြီ။ အဲဒီပြောင်း လဲမှုကတော့ ကြီးကြီးမားမားပဲ။ နောက်ဆက်တွဲ ပြောင်းလဲမှုကတော့ စီးပွားရေးတုံ့ဆိုင်းမှု ဒဏ်တွေကို ခံနေရတယ်။ အ ရင်တုန်းကတော့ စီးပွားရေး လုပ်ငန်းရှင်တွေကို အလုပ်တွေပေးတယ်ဗျာ။ သူတို့ကတည်ဆောက်ရေး လုပ်ငန်းတွေလုပ်တယ်။ အဲဒီအတွက် အလုပ်သမားတွေ အများကြီးခန့်ရ တယ်။ အလုပ်တွေရကြတာပေါ့ဗျာ။ ခုတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေတန့်သွားတဲ့အတွက် အလုပ်လက်မဲ့တွေ များလာတယ်။ ဒါကို ကူပေးမယ့် ထုတ်လုပ်မှုပိုင်းကလည်း ဒုံရင်းကဒုံရင်း တက်မှမတက်တော့ ပိုဆိုးသွားတာ ပေါ့။ ထုတ်လုပ်မှုပိုင်း စနိုင်ဖို့ ကျွန်တော်တို့နိုင်ငံ အများကြီးကြိုးစားရမယ်။ ထိုင်းဆိုရင် တစ်နှစ်ကိုကားအစီး သိန်း ၂ဝ ထုတ်တယ်။ တရုတ်ဆိုရင် ၂၃၇ သိန်း၊ ကျွန်တော်တို့နိုင်ငံကတော့ ဘာမှကို မလုပ်နိုင်ဘူး။ ပြည်ပပို့ကုန် ဆန်ဆိုတာကလည်း ၁ တန်မှ ဒေါ်လာ ၃ဝဝ၊ ၄ဝဝ ရတာ။ ဘယ်လောက် ထိပို့နိုင်မှာလဲ။ တည်မှီနေရတဲ့ သဘာဝဓာတ်ငွေ့နဲ့ ကျောက်စိမ်းတွေက လည်း ဈေးကျတာနဲ့၊ သိပ်မထုတ်နိုင်တာနဲ့ ပြည်ပဝင်ငွေသိပ်မဝင်ဘူး။ ဒီလိုအခြေအနေမျိုးမှာမှ ပြည်ပသွင်းကုန်ကလည်း မဖြစ်မနေသွင်းနေရတော့ လိုငွေတွေက ပြနေရော။ တစ်နှစ်တစ်နှစ်ကို ဘီလျံနဲ့ချီပြီး လိုငွေတွေပြသွားတယ်။ ဟုတ်ပြီ။ ဒီလိုအခြေအနေမျိုးမှာမှ အားလုံးဟာ ရုန်းထွက်ကြမယ်ဆိုတဲ့စိတ် တွေတော့ရှိလာကြတယ်။ ဒါကတော့ အမြတ်ပဲ။ ပိုပြီးကြိုးစားဖို့ လိုနေတယ် ဆိုတာကိုလည်း အားလုံးသိသွားကြပြီ။ ကျွန်တော်တို့နိုင်ငံက ပိုပြီး အလုပ်လုပ်ဖို့ လိုနေပြီ။ အပြောင်းလဲကြီး ပြောင်းလဲချင်ရင် အလုပ်အများ ကြီးလုပ်ရမယ်။ ရင့်ကျက်မှုလည်းရှိရမယ်။

ပေါ်ပြူလာနယူးစ်အဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*