အနှေးယာဉ်သမားနှင့် စည်းကမ်းလိုက်နာခြင်း

အနှေးယာဉ်သမားနှင့် စည်းကမ်းလိုက်နာခြင်း
November 4, 2016 Asian Fame

8:33 am
အနှေးယာဉ်သမားနှင့် စည်းကမ်းလိုက်နာခြင်း
In Articles

အနှေးယာဉ်သမားနှင့် စည်းကမ်းလိုက်နာခြင်း

tri-shawphoto-afp

”စည်းကမ်းသည်လူ၏တန်ဖိုး” သည်စကားသည် ငယ်စဉ်က စာစီစာကုံးရေးခိုင်းရာတွင် ဆရာက ချပေးလေ့ရှိသော ခေါင်းစဉ်မျိုးဖြစ်သည်။ စည်းကမ်း မည် သည့်အတွက်ကြောင့် ရှိသင့်သည်၊ စည်းကမ်း လိုက်နာခြင်း၏အကျိုး အပြစ်စသဖြင့် မိမိတို့လည်းတတ်သလောက်၊ မှတ်မိသလောက် ပုံ တိုပတ်စနှင့် ရေးကြရသည်။ ငယ်စဉ်ကမူ ဆရာသို့မဟုတ် မိဘများက ကြိမ်လုံးနှင့်ရိုက်မည်ကို ကြောက်ရွံ့၍ စည်းကမ်း လိုက်နာ ခဲ့ကြရပါသည်။ တကယ်တော့ စည်း ကမ်း ရှိလာအောင် စနစ်တကျနှင့် စိတ်ရှည်လက်ရှည် လေ့ကျင့်သင်ကြားပေးရန် လိုပါသည်။

အမှန်ဝန်ခံရလျှင် မိမိသည်လည်း စည်း ကမ်းရှိသည့် နေရာတွင်ရှိသည်။တော်တော်တော့ နည်းပါသည်။ မိမိဘာသာ လွတ်လပ်စွာ နေ၍ရ သော တချို့နေရာများတွင် စည်း ကမ်းမရှိပါ။ ”ငါက အနုပညာသမားကွ။ စာရေးနေတာကွ” ”ဘာကွညာကွ”နှင့် လေတစ်လုံး မိုးတစ်လုံး ပြောတတ်သေး၏။ သို့ရာတွင် သူစိမ်းများရှေ့တွင်မူ တတ်သမျှ မှတ်သမျှ ထိန်းထိန်းသိမ်းသိမ်း နေပေးတတ်ပါသည်။ အသက် အရွယ်ရလာတော့ စည်းကမ်းဆို သည်မှာ မိမိအတွက်သာ ထိန်း သိမ်းလိုက်နာရသော အရာမျိုး မဟုတ်။ သည့်ပြင်လူများအတွက်ပါ လိုက်နာကျင့်ကြံရသော အမှုကိစ္စတစ်ခုပါကလား ဟုတွေး မိလာပါသည်။ တဖန်သီလ၊ သမာဓိ၊ ပညာဟူသော အကျင့်ဖြင့် ကိုယ်အမူအရာ၊ စိတ်အမူအရာများကို စောင့်ရှောက် ထိန်းသိမ်းလာရသောအခါ စည်ကမ်းဆိုသည်မှာ သီလ၏အခြေခံဖြစ်သည်ဟု စဉ်း စားဖြစ်လာပါသည်။

လက်တွေ့ဘဝတွင်မူ စည်း ကမ်းတကျ နေထိုင်ကျင့်ကြံဖို့ တော်တော် ခက်ခဲနေကြကြောင်း တွေ့နေရပါသည်။ ”စည်းကမ်းသည် လူ၏တန်ဖိုး”ဟုဆိုကြသည် နှင့်အညီ စည်းကမ်းမရှိလျှင် မည်သည့်အဖွဲ့အစည်းမဆို တန်ဖိုး ရှိရှိ။ အများတကာက လေးစားအထင်ကြီးလောက်သည်အထိ တိုးတက်မှု မရှိနိုင်ချေ။ ယခုလက် ရှိ ရန်ကုန် မြို့ကြီးကိုပင်ကြည့်။ စည်ပင်မြေပေါ်၌ ကျူးကျော်ကာ ဈေးရောင်းချကြသည်။ သူတစ်ပါး မြေကို ကျူးကျော်ကာအနေပြ ကြသည်။ ပြီးလျှင်အရောင်းအ ဝယ်ဖြစ်ကြသည်။ အမှုဖြစ်လျှင် လည်းရင်ဆိုင်မည်။ အဆင်မသင့် လျှင် ပြေးကြမည်။ လက်တွေ့ဆန် လွန်း နေကြပြီလားဟု အမေး ထုတ်ရင်း စဉ်းစားမိသည်။ လက် တွေ့ဘဝတွင် တွေ့ကြုံနေရသော ပြဿနာကို တစ်နည်းနည်းနှင့် ရှင်းမည်။ ”နောင်ခါလာနောင် ခါဈေး” ဟူ၍ သဘောထားကြပုံ ရသည်။ ဟိုတစ်နေ့ကပင် ကြုံ လိုက်ရသေးသည်။ ဆိုက်ကား သမားလေးတစ်ဦး ခရီးသည်ကို တင်လာသည်။ မိမိတို့ဘက်ယာဉ် တန်းကြီးကလည်း မီးနီနေ၍စောင့် ဆိုင်းနေရသည်။ သူကမိမိတို့ယာဉ် လိုင်းဘက်သို့ ကတ်တုံးများကာ ထားသော မျဉ်းပိတ်ကိုဖြတ်ကူးလာ သည်။ သူ့မျက်နှာကြည့်ရသည်မှာ ယာဉ်တန်းအရှည်ကြီးနှင့် တွေ့ နေရသည်ကို စိတ်မရှည်နိုင် ဖြစ် နေပုံရသည်။ မျဉ်းပိတ်ကို ဖြတ် ကျော်လာသည်မှာ စည်းကမ်း ဖောက်ခြင်းတစ်မျိုးဟု မှတ်ထင်ပုံပင်မရ။ နေရာတကာတွင်သည်လိုမျိုးတွေ အများကြီးတွေ့ရမည်။

တလောက သတင်းတစ်ပုဒ် ဖတ်မိလိုက်သေးသည်။ လူတစ်ဦး၏လုပ်အားဖြင့် လိုရာခရီးရောက် အောင် ပို့ဆောင်ရသည့် လုပ်ငန်းကို တဖြည်းဖြည်းပပျောက်အောင် ဆောင်ရွက်သင့်ကြောင်း ရန်ကုန် မြို့တော်ဝန် အကြုံပြုပြောကြား သည်တဲ့။ သည်စကား အစပြုလာသည့် မေးခွန်းက ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တတိယ ပုံမှန် အစည်းအဝေး နဝမနေ့တွင် ပေါ်လာသည်။ ‘ရန်ကုန်စည်ပင် သာယာရေး ကော်မတီပိုင်အနှေး ယာဉ်များကို လက်ရှိ နင်းသား အနှေးယာဉ် လုပ်သားများအား အရစ်ကျစနစ်ဖြင့်သော်လည်း ကောင်း၊ လက်ငင်းငွေချေ စနစ်ဖြင့် သော်လည်းကောင်း ဈေးနှုန်းသက် သာစွာ
ရောင်းချပေးရန်အစီအစဉ် ရှိမရှိ’ ဟု မေးလာသည်။ ထိုအမေး ကို ”အနှေးယာဉ်လုပ်ငန်း ဆိုတာ တကယ်တော့ လူတစ်ဦးနဲ့တစ်ဦး ခွစီးနေသလိုပါ။ ဒါကြောင့်အနှေး ယာဉ်တွေကို ပန်းခြံလိုနေရာမျိုး တွေမှာသာ အထူးဈေးပေးပြီး စီး နိုင်အောင်ရည်ရွယ်ထားပါတယ်။ ဒါကအခြေခံလူတန်းစားတွေရဲ့ ဘဝမြှင့်တင်ရေးနဲ့ ဆင်းရဲနွမ်းပါး မှုလျှော့ချရေး တို့အတွက် ဆောင် ရွက်မှာပါ။ လိုင်စင်အသစ်တွေ ထပ်မံချပေးလိုက်လို့ အနှေးယာဉ် လုပ်သားတွေရဲ့ မိသားစုဘဝတွေ စားဝတ်နေရေး ခိုင်မာအောင် ဆောင်ရွက်နိုင်မှာမဟုတ်လို့အခြား သော အလုပ်အကိုင်အခွင့်အလမ်း တွေရှိအောင်သာ ဆောင်ရွက်ပေး
သင့်ပါတယ်။ လူတစ်ဦးရဲ့လုပ် အားနဲ့ လိုရာခရီးရောက်အောင်ပို့ ဆောင်ရတဲ့လုပ်ငန်းကို တဖြည်း ဖြည်းပပျောက်အောင် ဆောင်ရွက် သင့်ပါတယ်” ဟူ၍ အကျယ်တဝင့် ဖြေခဲ့သည်။

ယင်းအဖြေစကားမှာ မှား သည်ဟု ပြောမရသော်လည်း လောလောဆယ် အခြေအနေတွင် မမှန်သေး။ ရည်မှန်းချက်အနေ ဖြင့်မူ သည်လိုသာလုပ်ဆောင် ရ မည်သာ။ ထိုစကားကို စောဒက တက်သူအများအပြား ပေါ်လာ လိမ့်မည်။ အထူးသဖြင့် အနှေး ယာဉ်လုပ်သားများ အသိုင်းအဝိုင်း ကပေါ့။ သူတို့ရင်ဆိုင်နေရသည့် ဂိတ်ကြေး အပါအဝင်လိုင်စင်ရှိ ဆိုက်ကားတစ်စီးလျှင် ၈ သိန်းမှ ၁ဝ သိန်းအထိ ဈေးပေါက်နေ သည်တဲ့။ မိမိတို့ ရန်ကုန်စည်ပင် ရောက်ခါစကာလ၌ ဒတ်ဆန်း ပစ်ကပ် ကားတစ်စီးမှ ၅ သိန်း၊ ၆ သိန်းမျှသာ ပေါက်၏။ ဒါတောင် အနားမကပ်နိုင်။ ယခုပုံဆိုမည်သို့ လုပ်ကြမည်နည်း။ တစ်ပိုင်းက လည်း ရန်ကုန်စည်ပင်ပိုင် ဆိုက် ကားဆိုသည်မှာမရှိ။ ရန်ကုန်စည် ပင်ကပင် အုံနာကြီးဖြစ်နေသည်။ အလွယ်ပြောနေကြ၍သာ ဟုတ်သလိုလို။ တကယ်မှာရန်ကုန်စည်ပင်က ဒဏ်ကြေးဖြင့်သိမ်းထားသော ယာဉ်များကို ပြန်ချခြင်းသာ။

ဆိုက်ကားဆိုသည့် ယာဉ်မျိုး မှာ ၁၈၈ဝ ပြည့်နှစ်များကတည်းက စပေါ်ခဲ့၏။ စင်ကာပူတွင် ၁၉၂၉ ခုနှစ်၌ ပထမဦးဆုံးပုံမှန် အသုံး ပြုခဲ့သည်တဲ့။ ခြောက်နှစ်ကြာတော့ အသုံးပြုခြင်း ပိုများလာသည်။ ၁၉၅ဝ ပြည့်နှစ်လောက်ရောက် တော့ အရှေ့တောင်နှင့် အရှေ့ အာရှ တိုင်းပြည်များတွင် ဆိုက် ကားကဲ့သို့အနှေးယာဉ်များကို တွေ့လာရပြီ။ ၁၉၈ဝ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံး၌ ဆိုက်ကားအစီး ရေ ၄ သန်းခန့်ရှိနေပြီ။ တချို့ ဆိုင်ကယ်ပုံစံများတွင် လျှပ်စစ် မော်တာများတောင် တပ်ဆင်သုံးစွဲ လာကြသည်။ တိုင်းပြည်နှင့် ဒေသ လိုက်၍ ဒရိုင်ဘာထိုင်ခုံနှင့် ခရီး သည်ထိုင်ခုံနေရာများတွင် အပြောင်း အလဲရှိတတ်သည်။ ယေဘုယျအား ဖြင့် ဒရိုင်ဘာက ခရီးသည်များ၏ ရှေ့ထိုင်ခုံတွင် ထိုင်ကြသည်သာ များ၏။ တချို့ အာရှတိုက်နိုင်ငံ များဖြစ်ကြသော တရုတ်နှင့်အိန္ဒိယ တို့တွင် ခရီးသည်ထိုင်ခုံကို ဒရိုင် ဘာ၏နောက်တွင် ထားလေ့ရှိကြ သည်။ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဗီယက်နမ်တို့တွင်မူ ဒရိုင်ဘာက ခရီးသည်၏ နောက်ဘက်တွင်ထိုင် လေ့ရှိကြသည်။ စင်ကာပူနှင့် မိမိ တို့ မြန်မာပြည်တို့တွင်ကား ခရီး သည်ကို ဘေးတိုက်ထားကြ၏။ ထို့ ကြောင့် ဆိုက်ကားဟု တွင်နေ သလားမသိ။

ဆိုက်ကားများကို အာရှတိုင်း ပြည်များ၌ အသုံးပြုခြင်းများသော်လည်း မြောက်အမေရိကတိုက်ရှိမြို့ အချို့နှင့် ကျယ်ပြန့်သော ဥရောပ နိုင်ငံများတွင်လည်းရှိကြ၏။ မူလ တွင်မူ ဆိုက်ကားများကို ဂန္ထဝင် မြောက်လို တန်ဖိုးထားကာသုံးစွဲ ကြသလို နိုင်ငံခြားခရီးသွား ဧည့် သည်များကို ဖျော်ဖြေရေးအနေ ဖြင့် သဘောထားကြသည်။ ဒေသ ခံများအတွက်မူ ယခုအချိန်ကဲ့သို့ ယာဉ်ကြောကျပ်တည်းနေသော ကာလတွင် ခရီးအချိန်မီရောက်နိုင်
သည်။ အာရှတိုက်အပြင်ဘက်နိုင်ငံ များတွင် သုံးသောဆိုက်ကား ပုံစံ များမှာ နည်းပညာပိုသုံးလာကြကာ ပိုမိုရှုပ်ထွေးလာကြသည်။ ဂီယာ အမျိုးမျိုးသုံးသည်။ ဘရိတ်များက လည်း အားအပြည့်။ ပါဝါပိုမို လို အပ်သော နေရာများတွင် လျှပ် စစ်မော်တာကို ထပ်ထည့်သေး၏။

နိုင်ငံတကာတွင်လည်း ယင်းသို့သုံးစွဲကြကာ အလုပ်ဖြစ်နေပုံရ တော့ ခရီးသည်သယ်ယူပို့ဆောင် ရေး လုပ်ငန်းများနှင့် ချက်ချင်းဆို သလို လုံးဝဖြတ်လိုက်၍ မဖြစ်သေး ဟု ထင်မြင်မိပါသည်။ တကယ် တမ်း အရေးကြီးသည်မှာ စည်း ကမ်း စနစ်ကျနရန် ဖြစ်ပါသည်။ ဆင်းရဲခြင်းသည် အခွင့်အရေး တစ်မျိုးဟု အချို့ကယူဆကြပါ သည်။ တိုင်းပြည်ကလူထု၏ဒဏ်ကြောင့်ဆင်းရဲနေသည်။ လူထုက ချမ်းသာနေမည်။ သို့ရာတွင် အများစု မဟုတ်ပါ။ မည့်သည့်လူ တန်းစားြ<ွကယ်ဝချမ်းသာနေဖြစ် ကြောင်း စာဖတ်သူအများစုက ရိပ်စားမိကြမည် ဖြစ်ပါသည်။ဤ သည်မှာသဘာဝမကျပါ။ ပြုပြင် ရန်လိုပါသည်။ မိမိတို့ မြန်မာများ ကိုလျှော့မတွက်ပါနှင့်။ ပတ်ဝန်း ကျင်နှင့် သဟဇာတဖြစ်အောင် နေတတ်သောလူမျိုးများ ဖြစ်ကြပါ ကြောင်းဟူ၍သာ။

ဘိုငြိမ်းသာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*