ဂလိုဘယ် အရေး ဆိုသည်ထက် ‘ပို’ လာပြီဖြစ်သော ကြောင်းကျိုး ဆက်စပ် နားလည် ထားနိုင်ရေး

ဂလိုဘယ် အရေး ဆိုသည်ထက် ‘ပို’ လာပြီဖြစ်သော ကြောင်းကျိုး ဆက်စပ် နားလည် ထားနိုင်ရေး
November 4, 2016 Asian Fame

8:42 am
ဂလိုဘယ် အရေး ဆိုသည်ထက် ‘ပို’ လာပြီဖြစ်သော ကြောင်းကျိုး ဆက်စပ် နားလည် ထားနိုင်ရေး
In Articles

ဂလိုဘယ် အရေး ဆိုသည် ထက် 'ပို' လာပြီ ဖြစ်သော ကြောင်းကျိုး ဆက်စပ် နားလည် ထားနိုင်ရေး

mindin

အငြင်းပွားခြင်းဟူသည်

ယနေ့ကမ္ဘာ့မီဒီယာ လောက မှာ အရွယ်အစား ပမာဏ (Size) ဘယ်လောက်ရှိရှိ၊ ကြီးငယ်လတ် အားလုံး လိုလို၌ ဤ ‘အငြင်းပွား’ငြင်းခုံ’ ‘ငြင်းဆို’ ‘ငြင်းဆန်’ စသ ဖြင့် မသုံးစွဲ ရသော နာရီ၊ နေ့ရက် ဟူ၍ရှိကြမည် မဟုတ်ပါ။ ပြဿနာ တွေ၊ မေးခွန်းတွေ၊ အရှုပ်အထွေး တွေ၊ စစ်ပွဲတွေနှင့် ‘ဘက်’ တွေ ကြားက ကိစ္စရပ်ပေါင်း သောင်း ခြောက်ထောင် မက အမြဲလိုလိုပေါ် ပေါက်နေ၍ ပဲဖြစ်၏။ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်ကြီး ထဲမှာ အားလုံးနီးပါး အကျုံးဝင် နေသော ကိစ္စရပ်တွေဟု ရိုးရိုးရှင်းရှင်း မြင် နိုင်သည်။ ထူးခြားချက်တစ်ရပ်က ပြည်တွင်းရေး တချို့ (တစ်ခါတရံ တချို့ပင်မကပါ) သည်ပင်လျှင် နိုင်ငံ တကာဆက်ဆံရေးနှင့် တိုက်ရိုက် ပဲဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီး ပဲဖြစ်ဖြစ် ပတ်သက် နွယ်ယှက်နေ တတ်ပြန် ပါ၏။ စစ်ပွဲတွေက ပိုထင်ရှားသော ပြယုဂ်ဖြစ်ကြသည်။ ပြည်တွင်း စစ်တွေသည်ပင်လျှင် ဖြစ်နေသော နိုင်ငံ တစ်နိုင်ငံတည်းနှင့်သာ သက် ဆိုင်သည် မဟုတ်ဘဲ အိမ်နီးချင်း များ၊ ပထဝီ အနေအထား ဝေးကွာ သော်လည်း ချိတ်ဆက်ထားသော ကွန်ရက် အဖွဲ့များ၊ အုပ်စုများ၊ ဒေသ တွင်း မဟာမိတ်နှင့် ရန်ဘက်များ စသဖြင့် တို့နှင့် တစ်နည်းမဟုတ် တစ်နည်း ဆက်စပ်နေ တတ်ကြပြန် သည်။ ဂလိုဘယ်လိုက်ဇေးရှင်း နှင့် ဒီမိုကရက်တိုက် ဇေးရှင်း အပြန့် ကျယ်မှုကြောင့် ယဉ်ကျေးမှုခေါင်း စဉ်အောက်မှ ကိစ္စရပ် အကြောင်း အရာ တို့သည်ပင် အကောင်းရော အဆိုးပါ ဒွန်တွဲ၍ သက်ရောက် လာနေ တတ်စမြဲ ဖြစ်သော်လည်း ဘယ်လိုပြင်၍ ဘယ်လိုကောင်း အောင် အပြု သဘောဆောင်၍ ယူမည်လဲဟု သိပ်ရှည်ရှည်ဝေးဝေး မတွေးဘဲ ကြိုက်ရာယူ၊ မကြိုက် လျှင် ငြင်းတတ်ကြမြဲဖြစ်ပြန်ရာ ‘အငြင်း’တွေ ပိုထွက်လာကြရတော့ မည်။

စီးပွားရေးသည် အင်မတန် အင်အား ကြီးမားလှသည့် ပါဝါ အမာကြီး တစ်ရပ်ဖြစ်သည်။ လူ တိုင်းနှင့် သက်ဆိုင်သော ယူနီဗာ ဆယ် ကိစ္စဖြစ်နေရာ နိုင်ငံတစ်နိုင် ငံ၊ ဒေသတွင်း၊ နိုင်ငံတကာ မှသည် ဂလိုဘယ် အသွင်ဆောင် အကြောင်း ကိစ္စ၊ စက်မှုတော်လှန်ရေး နောက် ပိုင်း ကမ္ဘာက တိုးတက် ဖွံ့ဖြိုးလာ ခြင်းဆီ ရှေးရှု လာစဉ် အချိန်က တော့ ခပ်အေးအေး လူလူပါပဲ ဆို ခြင်းမျိုးအနည်းငယ် ရှိဦးမည်။ အာရှ၊ အာဖရိက၊ တောင်အမေရိ က နိုင်ငံ အများစုဖြစ်ခဲ့ပါမည်။ ၁၉ ရာစုနှောင်းပိုင်း မှစ၍တော့ ကွန်မြူ နစ်တစ္ဆေကြီး၏ နိုင်ငံရေး ဘောဂ ဗေဒ ဇာတ်လမ်းနှင့် ရည်မှန်းချက် များကြောင့် ကမ္ဘာတုန်ခဲ့သည်။ လှုပ်ခါခဲ့သည်။ နိုင်ငံရေးအရ ရှင် သန်နေဆဲ၊ တစ်ထောင့် တစ်နေရာ ရှိနေဆဲဟု ယူဆနိုင်သော်ငြား စီး ပွားရေးအရ ကမ္ဘာ့ လိုအပ်ချက်မှ သည် လူတစ်ဦးချင်းစီအထိ ပုံမ ဖော်၊ မဆောင်ပေးနိုင်သောကြောင့် မအောင်မြင်ပါ။ ယနေ့ တရုတ်ကို ခံတပ်ကြီး သဖွယ် ဦးထိပ်ပန်နေ သေးသူများ ကိုယ်တိုင်နှင့် တရုတ် အစိုးရ ကွန်မြူနစ် ပါတီတို့ ကိုယ် တိုင် ဆိုရှယ်လစ် စီးပွားရေး အ ကြောင်း သိပ်မပြောလိုကြတော့ သလို မပြောသာ၊ မပြောလည်း မပြောကြတော့တာ ထင်ရှားပါ၏။

ဆိုတော့ကာ အရင်းရှင်စနစ် အခြေခံသော ဈေးကွက် စီးပွားရေး နှင့် ကုန်သွယ်ရေး တို့သည်လည်း ရာစုနှစ် တစ်စုကျော် ပြိုင်ဘက်မရှိ ခဲ့။ ဆိုဗီယက် ပြည်ထောင်စုလည်း ဒါကို အန်တု မပြနိုင်ခဲ့။ ဖူကူယား မားက ”သမိုင်းနိဂုံးနှင့် နောက်ဆုံး လူသားများ” ဟု ရေးပြလိုက်တော့ ကျွက်ကျွက်ညံ၊ ပွက်လောရိုက်ကုန် သည်။ နိုင်ငံရေး အိုင်ဒီယိုလိုဂျီ အရ ငြင်း၍ရသော်လည်း စီးပွား ရေး အားဖြင့်တော့ ငြင်း၍မရတာ များလှပါ၏။ နီယိုကွန်ဟု လူသိ များသော ကွန်ဆာဗေးတစ် လက် သစ်ဝါဒီကြီးလည်း ကမ္ဘာ့ထိပ်တန်း ဂုရုတစ်ဆူ အဖြစ် ယနေ့ထိ ပန်းပန် လျက်ပင် ရှိနေသေးပြန်ပါသည်။ ‘အငြင်း’ အတွက် ဥပမာကောင်း တစ်ရပ် ထုတ်နုတ်ပြသည် ဟုသာ မှတ်ယူကြပါလေ။ ဆက်ငြင်းနိုင်ကြ ပါ၏။

အထွေထွေလွှမ်းခြုံကြည့်လျှင်

အင်္ဂလိပ်ဝေါဟာရများဖြင့် တွဲ သုံးပါမှ ပိုမြင်သာပြီး အဓိပ္ပာယ်ပို ထင်ရှားစေပါမည်။

(၁) Debate – မြန်မာမှုအားဖြင့် စကားရည်လုပွဲ ဟုလောက်သာ မြင်နေ၊ ယူနေကြသေး၏။ ကိုယ် ပိုင်နိုင်သော ရှုထောင့် တစ်ခု (သို့ မဟုတ်) ခြုံငုံချက် များမှ လုံးဝရပ် တည်ပြခြင်း ဖြစ်သည်။ လူတွေ တိ ရစ္ဆာန်များ မွေးမြူ သတ်စားနေကြ တာ ကောင်းသည် ဆိုးသည် ဘယ် လိုမြင်မလဲ။ နိုင်ငံ့ စီးပွားရေးမှာ လက်နက် ထုတ်လုပ်ရောင်းချမှု ကို နံပါတ်ကြီး (ထိပ်ပိုင်း) ထားခြင်း ကိစ္စမျိုး…။

(၂) Controversial – ပညာရပ် နယ်ပယ်ထဲမှာ ပိုအတွေ့ရ၊ အ ကြည့်ရ များ၏။ ဆေးပညာကို လူ သားနှင့် စမ်းသပ်ခြင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး (လူများစုနှင့် သက်ဆိုင်သော) ကိစ္စတစ်ရပ် အ ပေါ်အဆင့် အမျိုးမျိုး၊ ရေချိန် အ မျိုးမျိုးဖြင့် ငြင်းကြ၊ ခုံကြခြင်း မျိုး ဖြစ်သည်။ ဝါဒနှင့် အယူအဆရေး ရာတွေလည်း အကျုံးဝင်၏။ တစ် ဦးချင်းအနေဖြင့် မြင်အောင် ခပ် လွယ်လွယ်ပြောရလျှင် အမွေလု ရင်း တရား မမှုဖြစ်လာတာမျိုးပင်။ ဥပမာပြောခြင်း မျှသာ။ စီးပွားရေး၊ ပိုင်နက်စသည် တို့တွေမှာ မျှမျှတ တ အဖြေတစ်ရပ် မထွက်သေး လျှင်လည်း အသုံးပြုတတ်ကြ၏။

(၃) Argument – ကိုယ့်အဆို၊ ကိုယ့်အမြင်နှင့် သက်သေ၊ တင်ပြ ချက်တွေသာ အမှန်ဟု ခုခံကာ ကွယ်ခြင်း သည်လည်း ‘အငြင်း’ တစ်ရပ်ပင် ဖြစ်ပါသည်။ လျှောက် လဲချက် ဟု လှလှပပ တင်စားသော် လည်း လက်တည့်စမ်း ကိစ္စရပ်မျိုး တွေ များစွာ ရှိနေတတ်သော အငြင်း ပွားမှုတစ်မျိုးပဲ ဖြစ်၏။

(၄) Deliberative – အသိ၊ အ တတ်၊ ဥာဏ် ပညာ ၃ ရပ်နှင့် ပို ပတ်သက်ပါ၏၊ အပြုသဘော လုံးလုံးဆောင်သော ငြင်းခုံမှုမျိုးကို ဆိုလိုသည်။
(၅) Disputed – – ဆိုးရွားသော ကိစ္စ များသာ အများဆုံးဖြစ်သော နယ် ပယ်တွေ အတွက် သုံးကြရသော ‘အငြင်းအဆိုး’ ကြီးဖြစ်သည်။

အာရှ-အမေရိက ဆုံရာရပ်ဝန်း

ပြီးခဲ့သည့်အပတ်က အခြေ တည်အစပျိုးထားသော ‘ပစိဖိတ်’ ဒေသနှင့် စပ်ဆိုင်ရာ အကြောင်း ကိစ္စအားလုံး (အားလုံး) ကိုတိုက် ရိုက် ညွှန်းပါသည်။ ဂလိုဘယ်လိုက် ဇေးရှင်း၏ အဓိက မျဉ်းပြိုင်ကြီး သုံးကြောင်း ဖြစ်သော နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုတို့ဖြင့် ဆွဲ ထုတ်ကြည့်မြင် ယူ၍လည်း ရ သည်။ တစ်နိုင်ငံချင်း၊ ဒေသတစ် ခုချင်း၊ နီးစပ် တူညီရာ စုဖွဲ့မှုချင်း စသော သန်ရာ သန်ရာ ဘက်မှ ယူ ၍လည်းရသည်။ ဒေသတွင်း အ ဖွဲ့အစည်း တစ်ရပ်က ဖြစ်စေ၊ အုပ် စုကြီး တစ်စုချင်းစီက ဖြစ်စေ ယူ ၍လည်းရသည်။ ကျယ်ပြန့်လှပါဘိ၏။ ထို့နည်း တူ ရှုပ်ထွေးလှလိုက်ပါဘိခြင်း။

အကောင်း၊ အဆိုးဒွန်တွဲသလို လွန်ဆွဲနေမှာ ကလည်း သေချာ၏။ အကောင်းအဆိုး ဟူသည်ကလည်း (အထူးသဖြင့် စီးပွားရေး ကိစ္စ၊ အ ကြောင်းအရာ၌) ပိုမိုရှုပ်ထွေး အ ငြင်းပွား ဖွယ်ရာတွေ များသည်ထက် များကာနေသော ခေတ် (Era) ဖြစ် ၍တစ်သမတ်တည်း လှေနံဓားထစ် ပုံသေကားကျ ကိုင်စွဲထား၍ (ကိစ္စ အတော် များများ၌) မရတတ်တော့ ပေ။ ကပ်ကပ် သတ်သတ်ပြောလျှင် တော့ အများ ယူဆ ထားပြီးဖြစ် သော အမှား/ အမှန်တွေပင် ဝေ ဝါးလာချိန်၌ လောကီ ကိစ္စများ အတွင်း အန္တိမနှင့် အကြွင်းမဲ့ (Absolute) တို့ ‘စံ’ ပျက်ယွင်းချည့် နဲ့ သွားခဲ့ကြရတာပင် ရာစုနှစ်တွေ ချီနေခဲ့ပြီဖြစ်၏။ ဆိုလိုချင်သည်မှာ လောကီ ‘စံ’ အရပင် အမှားအမှန် ယတိပြတ် ပြောမရတာတွေ ပိုပို များပြား လာသော ယနေ့မျက် မှောက်ကမ္ဘာ။ ဒါကို မျှမျှတတ နှလုံးသွင်းတတ်၊ မြင်တတ်၊ ယူ တတ်၊ ကြည့်တတ်ကြဖို့ တစ်ဦးချင်း အနေဖြင့်သာမက နိုင်ငံတော်တွေ အတွက်ပါ အရေးကြီး လာပါ၏။ ငါရလျှင်ပြီးရော ဆိုလျှင်တော့ လူ သားမျိုးနွယ် ပျက်သုဉ်းရေး ခရီး လမ်း ပိုနီးကပ်လာစေမည်ဖြစ် သည်။

နိုင်ငံတကာ ဥပဒေ များ၌ပင် လျှင် အကန့်အသတ်နှင့် လိုအပ် ချက်တွေ အမြဲ ရှိနေတတ်၏၊ ထို့ အပေါ် အခွင့်ကောင်းယူ၊ လူမဆန် သူများ ရှိသလို မျှတပြေပြစ်ရေး၊ ပိုမို ကောင်းမွန်ရေး၊ သူ့ဘက်ကိုယ့် ဘက် ထောက်ထားရေး အတွက် စိုက်လိုက်မတ်တတ် အားစိုက်လုံ့လ ပြုနေကြသော လူတော် လူကောင်း များလည်း ရှိကြ၏။ တစ်နိုင်ငံချင်း စီကိုကွက်၍ အကဲဖြတ်ကြရတော့ မည်ဆိုလျှင် ဤအချက်တွေ ထည့် မတွက်ဘဲ မဖြစ်ပါ။ ပါဝါကြီးတွေ ထင်သလို ကစားခံနေရသော နိုင်ငံ ငယ် အများစု အခံ ဘက်ရောက်နေ ကြရသည်ကို ဆန်းစစ်ကြည့်လျှင် ခြုံငုံမြင်တွေ့ရသော တူညီချက် တွေ ရှိနေသည်။ ပညာ၊ လုပ်အား၊ ဝီရိ ယ၊ ခေါင်းဆောင်မှု၊ အမြော် အမြင် တို့က ထိပ်ဆုံး ကျကျ တွက်ချက်ယူ ရမည့် ရေချိန် မှတ်ကျောက်များ ဖြစ်ကြ၏။

အာရှ- ပစိဖိတ်- အမေရိက ဒေသ၌ ဤ ‘လူသားဆိုင်ရာ’ အ ကြောင်းချင်းရာများ ပိုပြီးရောပြွမ်း နေ၏။ ကမ္ဘာ့ အခြားဒေသ များထက် များစွာ ပိုရှုပ်ထွေး နူးညံ့ဆက်စပ် နေပါ၏။ ဒီမိုကရေစီ၊ လူ့အခွင့် အရေး ရှုထောင့်များမှ ဆွဲယူကြည့် လျှင်လည်း သင်ခန်းစာတွေ မကုန် မခန်းနိုင်အောင် ရှိနေ၏။ ဤနေ ရာမှာလည်း အခြား ကမ္ဘာ့ဒေသများ ထက်ပို၍ တွေ့မြင်ကြရပါ၏။ မဆုံးနိုင်သော နေ့စဉ်ဇာတ်လမ်း တွေ အမြဲ ပြည့်နှက်နေသည်။ အ ရှေ့အလယ်ပိုင်း နှင့် အရှေ့ဥရောပ အစွန်လို ရေနံနှင့် စစ်ပွဲများ၊ တင်း မာမှုများ ကြီးစိုးသော ကိစ္စတွေမျိုး ချည်း မဟုတ်။ ဂလိုဘယ် အားပြိုင် မှုကို ဤဒေသတွင် အကြီးမားဆုံး တွေ့မြင်ရချက် အဖြစ် ပထဝီ စီးပွား ရေး (Geo-economic) ဆိုင်ရာ အ ငြင်းပွား ရှုပ်ထွေးမှု၏ နိယာမနှင့် ဆုံမှတ် ပြောင်းလဲ လာခြင်းဟု တင် စား ပမာပြု နှိုင်းယှဉ်ပြ လာကြပါ၏။

‘လုံခြုံရေး’ ခေါင်းစဉ်တစ်ရပ် တည်း အောက်မှာပင် ထွေပြားဝေ ဝါးလှပြီး ခေတ်သစ် စတာလင်နှင့် နီယိုကွန် အမျိုးသားရေး အားပြိုင် လာသည့် ပုံရှိနေကြောင်း ယခင် အပတ်က တို့ထိ မိတ်ဆက် အ ကျဉ်းချုံ့ပြဖြစ်ခဲ့ပါ၏။ ပထဝီနိုင်ငံ ရေးအရ အုပ်စုကြီးများ၊ ဒေသတွင်း အဖွဲ့ အစည်းများ၊ မိတ်ဖက်များနှင့် မဟာမိတ်များ ဟုလည်း ပိုင်းဆစ် ကြည့်မြင်နိုင်ကြပါ၏။

ဒီမိုကရေစီ နှင့် အော်တိုကရေ စီတို့ ဝါဒရေးထက် စီးပွားပြိုင်၊ သြဇာလုရာ နယ်ပယ် သည် အာရှ ပစိဖိတ်ဖြစ်လာတာ စစ်အေးခေတ် လွန်ကတည်းက ဖြစ်ပါ၏။ ထိုစဉ် က အတ္တလန္တိတ် မဟာမိတ်ကိစ္စ (ယူအက်စ်နှင့် ဥရောပ၊ အရှေ့ တောင်အမေရိက နှင့် အနောက် အာဖရိက၊ မြေထဲပင်လယ်ရပ်ဝန်း ဒေသများ) ရှေ့တန်း ပိုရောက်ချိန် ဖြစ်ခဲ့၍ သိပ်မထင်ရှား လှသော် လည်း အစပျိုးဖြစ်တည် လာနေခဲ့ ၏။ တရွေ့ရွေ့နှင့် ရုရှား၏ အငုံ့ စိတ် ပြန်ခေါင်းထောင်ချိန်၊ တရုတ် စီးပွား (ရရာ အလုပ်လုပ်သည့် သဘာဝဖြင့်) ရေချိန်မြင့်တက်ပြီး ပါဝါတွေ စတင်ထုတ်သုံးလာချိန် ၂၁ ရာစုထဲ ဝင်လာစကနှင့် ကြည့် လျှင်ပင် ယခု ဆယ်စုနှစ် တစ်စုခွဲ ကျော်လာခဲ့ပေပြီ။

အပြောင်းအလဲ တစ်ရပ်ကို ထူးထူးခြားခြား (ထူးဆန်းခြင်း မဟုတ်ပါ) တွေ့မြင်ကြရသည်က ပြောင်းပြန် အနေအထား တစ်ရပ် ဖြစ်၏။ ကမ္ဘာ့ ပုလိပ်ကြီးဟု အခေါ် ခံခဲ့ရသော အမေရိကန်နှင့် အနောက် အုပ်စု၏ ခပ်စွာစွာ အနောက် ဥရောပနိုင်ငံကြီးများ (အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်) က ‘လိုက်လျော ညီထွေ ပြန်ချိန် ညှိယူရေး’ ရှေ့တန်း တင်လာပြီး တရုတ်၊ ရုရှားအော်တို ကရက်ကြီးနှစ်ဦးက ငါတကော ကောတာတွေ များလာကြသည့် ပုံစံ ပေါက်လာသော ‘ကိုယ်ကျိုးစီး ပွား ကာကွယ်ခြင်း မှသည် မြှင့်တင် ရေး’ နှင့် ‘နယ်မြေ ဒေသ သာမက အကြောင်းခြင်းရာ နယ်ပယ်ချဲ့ထွင် ရေး’ ဆီသို့ ပိုဦးတည် တိမ်းညွတ် လာကြခြင်း ဖြစ်သည်။

မြန်မာနှင့်ရော မဆိုင်ဟု ထင် ပါသလား။ အနာဂတ် အာဆီယံနှင့် အိမ်နီးချင်း (နယ်နိမိတ်) ဆက် မိတ်ဖက် ဖြစ်နိုင်ခြေ များနေသော အိန္ဒိယ၊ မြန်မာ အပေါ် ကရုဏာ အထားဆုံးနှင့် ကမ္ဘာ့နံပါတ် တစ် အလှူရှင်နိုင်ငံ ဂျပန်၊ အာရှ အထူး သဖြင့် အာဆီယံဘက် ပိုတိမ်း ညွတ်လာသော သြစတြေးလျ နှင့် နယူးဇီလန်။ တွေးဆ ချင့်ချိန်ကြည့် ရုံဖြင့် ဤအကြောင်း ကိစ္စ ‘အာရှ- ပစိဖိတ်- အမေရိက- သမုဒ္ဒရာ’ ၄ ပိုင်းဆက် ခြင်းရာကြောင်းကျိုး တို့ ကို ယေဘုယျပဲဖြစ်ဖြစ် နားလည် ထားကြဖို့ လိုအပ်နေပြီ ဖြစ်ပါ၏။ မြန်မာ၏ ရုန်းထွက် ကူးပြောင်းမှု သည် ဤရပ်ဝန်းကြီး အတွက်လည်း ပြန် အရေးပါလာနေချိန် ဖြစ် ကြောင်း နိုင်ငံတကာက အလေး ထားစောင့်ကြည့် နေကြ၍ အပြန် အလှန် ဆက်စပ်နေပြန်၏။

မင်းတင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*