မြနန်းစံကျော် ရွှေနန်းတော် ယဉ်ကျေးမှု ပြတိုက်ကို နိုဝင်ဘာလတွင် အဆင့်မြှင့်မည်

မြနန်းစံကျော် ရွှေနန်းတော် ယဉ်ကျေးမှု ပြတိုက်ကို နိုဝင်ဘာလတွင် အဆင့်မြှင့်မည်
November 3, 2016 Asian Fame

6:02 am
မြနန်းစံကျော် ရွှေနန်းတော် ယဉ်ကျေးမှု ပြတိုက်ကို နိုဝင်ဘာလတွင် အဆင့်မြှင့်မည်
In Travel

မြနန်းစံကျော် ရွှေနန်းတော် ယဉ်ကျေးမှု ပြတိုက်ကို နိုဝင်ဘာလတွင် အဆင့်မြှင့်မည်

မေဇင်ဝင်း
ရန်ကုန်၊ အောက်တိုဘာ ၂၈

မန္တလေးမြို့ရှိ မြနန်းစံ ကျော် ရွှေနန်းတော် ယဉ်ကျေး မှုပြတိုက် အဆင့်မြှင့်တင် ခင်း ကျင်းမှု လုပ်ငန်းများကို  နိုဝင် ဘာလဆန်းမှ စတင် ဆောင် ရွက်တော့မည် ဖြစ်ကြောင်း  ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေး ဌာနခွဲ)မှ သိရသည်။

တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်နှင့်အတူ ကြည်း၊ ရေ၊ လေ မိသားစုများမှ အလှူငွေကျပ် သိန်း ၁၈ဝဝ ကျော် လှူဒါန်းထားပြီး အဆို ပါ ငွေများဖြင့် ပြတိုက်အဆင့် မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ၊ နိုဝင်ဘာလဆန်းတွင် ပြုပြင်ရေး လုပ်ဆောင်မည့် စီမံချက်များ ရရှိတော့မည်ဖြစ် ကြောင်း အဆိုပါဦးစီးဌာနမှ  ညွှန်ကြားရေးမှူး ဦးညိုမြင့် ထွန်းက ပြောသည်။

”အဆင့် မြှင့်တင် ခင်း ကျင်းတာရယ်၊ နန်းတော်မှာ ပျက်စီးနေတာတွေရယ်ကို ပြုပြင်မှာ။ ပြုပြင်တဲ့အခါမှာ လည်း မြန်မာမှုပညာ ရှင်တွေ၊ ပြတိုက် ကျွမ်းကျင်ပညာရှင် တွေက ဝိုင်းဝန်းကူညီပေးကြ မှာပါ။ သူတို့တွေကိုလည်း ဖိတ်ခေါ်ထားပါတယ်” ဟု ၄င်းက
ပြော သည်။

လက်ရှိတွင် မြနန်းစံ ကျော် ရွှေနန်းတော် ယဉ်ကျေး မှုပြတိုက်ကို ဖွင့်ထားပြီး ပြုပြင် ရေးလုပ်ငန်းများ လုပ်ဆောင် ပါက စနစ်တကျ လုပ်ဆောင် နိုင်ရန် ပြတိုက်ကို ခေတ္တ ပိတ် ထားမည်ဖြစ်ကြောင်း၊ လုပ် ငန်းများကို အမြန်ဆုံး ပြီး အောင် လုပ်ဆောင်သွားမည်
ဖြစ်ပြီး သုံးလခန့် ကြာမည်ဟု အကြမ်းဖျင်း ခန့်မှန်းထား ကြောင်း ၄င်းက ပြောသည်။

အဆိုပါ ပြတိုက်ကို ဝင် ကြေးအခမဲ့ဖြင့် ဝင်ရောက်လေ့ လာနိုင်ပြီး သီတင်းကျွတ်ကဲ့ သို့သော ပွဲတော်ရက်များတွင် လာရောက်လေ့ လာသူ တစ် ရက်လျှင် ငါးထောင်ခန့် ရှိ ကြောင်း၊ ပုံမှန်ရက်များတွင်မူ ပျမ်းမျှအားဖြင့် နေ့စဉ်တစ်  ထောင် ဝန်းကျင်ခန့်ရှိကြောင်း
ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*