ဝေးလံသည့်ဒေသအချို့သို့ သွားရောက်လည်ပတ်လိုသူများအတွက် ဟိုတယ်အခန်းခများ အထူးနှုန်းဖြင့် စီစဉ်ပေးမည်

ဝေးလံသည့်ဒေသအချို့သို့ သွားရောက်လည်ပတ်လိုသူများအတွက် ဟိုတယ်အခန်းခများ အထူးနှုန်းဖြင့် စီစဉ်ပေးမည်
November 3, 2016 Asian Fame

6:11 am
ဝေးလံသည့်ဒေသအချို့သို့ သွားရောက်လည်ပတ်လိုသူများအတွက် ဟိုတယ်အခန်းခများ အထူးနှုန်းဖြင့် စီစဉ်ပေးမည်
In Travel

ဝေးလံသည့်ဒေသအချို့သို့ သွားရောက်လည်ပတ်လိုသူများအတွက် ဟိုတယ်အခန်းခများ အထူးနှုန်းဖြင့် စီစဉ်ပေးမည်

ဧကရီကျော်
ရန်ကုန်၊ အောက်တိုဘာ ၂၈

ဝေးလံခေါင်ဖျားသည့် ဒေသ များရှိ သွားလာရခက်ခဲသည့် နေရာသို့တိုင် ပြည်တွင်းခရီးသွား ဧည့်သည်များ ပိုမိုသွားရောက် လည်ပတ်စေရန် ဟိုတယ်ခ နှုန်း ထားများကို အထူးဈေးနှုန်းဖြင့် လုပ်ဆောင်ပေးသွားမည်ဟု သိရသည်။

အဆိုပါ အစီအစဉ်ကို အွန် လိုင်းခရီးသွား ဘွတ်ကင်လုပ်ငန်း ဖြစ်သော Jovago ကအကောင် အထည်ဖော်ခြင်းဖြစ်ပြီး ချင်း၊ မြိတ်၊ ကယား၊ ရခိုင်နှင့် ကချင် ဒေသတို့တွင် လုပ်ဆောင်ပေး သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဒေသများတွင် လှပ၍ အပန်းဖြေ စရာ နေရာများ စွာရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲ ခြင်း၊ တည်းခိုစရာနေရာအခက် အခဲရှိခြင်း စသည်တို့ကြောင့် အ ဆိုပါဒေသများသို့  ပြည်တွင်း ခရီးသွား သွားရောက်မှု နည်း ကြောင်း သိရသည်။ ထို့ကြောင့် အဆိုပါ အစီအစဉ်ကို အကောင် အထည်ဖော်ခြင်းဖြစ် ပြီး မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအ သင်း(UMTA) ဥက္ကဋ္ဌ ဦးသက် လွင်တိုးကလည်း ခရီးစဉ်ဒေသ များအကြောင်းနှင့် ခရီးသွားလုပ် ငန်းဖွံ့ဖြိုးအောင် လုပ်ဆောင် သင့်သည့် ဒေသများ အကြောင်း ကို အောက်တိုဘာ ၂၇ ရက်နေ့ က ဟောပြောခဲ့သည်။

 ”ပြည်တွင်းက ခရီးသွားဧည့် တွေက အရမ်းဝေးပြီးသွားလာရ ခက်ခဲတယ်ဆိုရင် သိပ်မသွား တော့ဘူး။ ပြည်ပနိုင်ငံတွေကိုသာ သွားကြတာ များလာတယ်။ အ ရင်ကတော့ ချင်းပြည်နယ်၊ ကချင်ပြည်နယ် အဲဒီဘက်တွေ ကို ကန့်သတ်ခဲ့တော့ ဧည့်အ ဝင်အထွက် ကသိပ်မရှိဘူးပေါ့။ အခုကတော့ အတော်အသင့် ဖြေလျှော့တာတွေ ရှိနေပါပြီ။ ပြည်ပဧည့်တွေကကျတော့ အပန်း ဖြေဖို့အပြင် အတွေ့အကြုံတွေရ ချင်တဲ့အတွက် သွားကြတာတွေ လည်းရှိတယ်။ အခု Promotion  အနေနဲ့ကတော့ ပြည်တွင်းက ဧည့်တွေအနေနဲ့ သွားရောက်ဖို့ အဓိကဆိုပေမယ့် ပြည်ပက ဧည့် တွေအတွက်ရော ပါပါတယ်”ဟု ၄င်းက ပြောသည်။

လက်ရှိတွင်Jovago က မြန်မာတစ်နိုင်ငံလုံးရှိ ၄င်းတို့နှင့် ချိတ်ဆက်ထားသော ဟိုတယ်များ တွင် ၁၅ ရာခိုင်နှုန်း လျှော့ဈေး ဖြင့် လုပ်ဆောင်ပေးနေပြီး အထက် ပါဒေသ ငါးခုအတွက်လုပ်ဆောင် ပေးမည့် ဈေးနှုန်းများကိုမူညှိနှိုင်း နေဆဲဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*