မီးဘေးသင့် မင်္ဂလာဈေး အတွက် ယာယီအစားထိုး နေရာ ပေးလိုက်သဖြင့် မန်းဘောလုံး ချစ်သူများ အခက်ကြုံနေရ

မီးဘေးသင့် မင်္ဂလာဈေး အတွက် ယာယီအစားထိုး နေရာ ပေးလိုက်သဖြင့် မန်းဘောလုံး ချစ်သူများ အခက်ကြုံနေရ
November 3, 2016 Asian Fame

4:46 am
မီးဘေးသင့် မင်္ဂလာဈေး အတွက် ယာယီအစားထိုး နေရာ ပေးလိုက်သဖြင့် မန်းဘောလုံး ချစ်သူများ အခက်ကြုံနေရ
In Local

မီးဘေးသင့် မင်္ဂလာဈေး အတွက် ယာယီအစားထိုး နေရာပေးလိုက်သဖြင့် မန်းဘောလုံး ချစ်သူများ အခက်ကြုံနေရ

mdy-news

(မန္တလေး၊ နိုဝင်ဘာ ၁)

မန္တလေးမြို့တွင် ဘောလုံး အားကစားကွင်း အချို့ တဖြည်း ဖြည်း ပျောက်ကွယ် လာ သဖြင့် ဘောလုံး အားကစား ဝါသနာရှင် များ အခက်အခဲ ကြုံနေကြရ ကြောင်း သိ ရသည်။

ယခင်က မန္တလေးမြို့ ချမ်း အေးသာစံမြို့နယ် ၃၅ လမ်းဂေါ် ယာကွင်းတွင် နေ့စဉ်လူ ၁၅ဝ ခန့် မိုးလင်းမှသည် မိုးချုပ်သည် အထိ တိုင်အောင် ဝင်ရောက် ကစားနိုင် ခဲ့ သော် လည်း အောက်တိုဘာလကုန် ပိုင်းမှ စတင်ကာ မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီက  မီးဘေးသင့် မင်္ဂလာဈေး အတွက် ယာယီ အစားထိုး နေ ရာပေးလိုက် သဖြင့် ဘောလုံး ကစားလိုသူများ အခက်ကြုံနေရကြောင်း မြို့ခံများ က ပြောသည်။

”မနက်ခင်း ကနေ မိုးချုပ်တဲ့ အထိ အဆင်ပြေပြေကစားလို့ရတဲ့ ဂေါ်ယာကွင်း ကိုလည်း စည်ပင် က သိမ်း သွားတော့ လူငယ်တွေမှာ ညနေဆို အစောကြီး ကတည်းက ဘီယာ ဆိုင်ရောက်ကုန်တယ်။ ဟို တစ်လောက ဘောလုံး ကန်နေကျ လူငယ်လေးတွေကို ဘီယာဆိုင်ထဲ တွေ့လို့ မေးကြည့်တော့ ကွင်းမှ မရှိတော့တာလို့ ပြန်ပြောကြတယ်။
လေလွင့် ကုန်တာပေါ့ဗျာ” ဟု ဘော လုံး အားကစား ဝါသနာရှင် ကိုထွဏ်း သွေးအိမ် က ပြောသည်။

မန္တလေးမြို့တော် စည်ပင်သာ ယာရေး ကော်မတီဘက်က အဆို ပါကွင်း အစား တခြားနေရာ သို့ ပြောင်းရွှေ့ကစားရန် စီစဉ်ပေး သော်လည်း ဝင်ထွက်သွား လာခွင့် မရသဖြင့် အခက်အခဲ ဖြစ်နေကြရ သည်ဟု ဘောလုံးအားကစားဝါသ နာရှင်များက ဆိုသည်။

”ဗထူးကွင်းရှိတယ်၊ သူ့ပွဲနဲ့ သူပါ။ ကန်ကောက်ကွင်း ရှိတယ်၊ စည်ပင်က တစ်ဝက် သိမ်း ထားပြီး ရေစက် လုပ်ထားတော့ အဆင်မ ပြေဘူး။  TTC ကွင်းရှိတယ်၊ အပြင် လူဝင် မရဘူး။ တစ်နေ့ကို လူပေါင်း ၁၅ဝ လောက် မနက်မိုးလင်း ကနေ မိုးချုပ် အဆင်ပြေပြေ ကစားလို့ရ နေတဲ့ ၃၅ လမ်း ဂေါ်ယာကွင်းက လည်း စည်ပင်က ထပ်သိမ်းသွားပြီး မီးလောင်တဲ့ မင်္ဂလာဈေး နေရာ အစားပေးလိုက်တယ် ” ဟု ကိုထွဏ်း သွေးအိမ် က ပြောသည်။

နေရာ အစားထိုးပေးမည် ဟု ပြောထားသည့် အတိုင်းဘောလုံး ကစားရန် အဆင်ပြေ မည့် ကွင်းတစ် ခုပြန်ပေးစေလိုကြောင်း၊ ထိုသို့ မဟုတ်ပါက လူငယ်များ အားကစား တွင်စိတ်မပါတော့ဘဲ အပျော်အ ပါးဘက် ရောက်သွားနိုင်ကြောင်း  ချမ်းအေးသာစံ မြို့ နယ်နေ ကိုအောင် အောင်က ပြောသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*