အမြန်လမ်းသွား အိမ်စီးကား များအား တယ်လီ မက်ထရစ် စနစ် တပ်ဆင်ခိုင်းမည် မဟုတ်

အမြန်လမ်းသွား အိမ်စီးကား များအား တယ်လီ မက်ထရစ် စနစ် တပ်ဆင်ခိုင်းမည် မဟုတ်
November 2, 2016 Asian Fame

7:43 am
အမြန်လမ်းသွား အိမ်စီးကား များအား တယ်လီ မက်ထရစ် စနစ် တပ်ဆင်ခိုင်းမည် မဟုတ်
In Local

အမြန်လမ်းသွား အိမ်စီးကား များအား တယ်လီမက်ထရစ် စနစ် တပ်ဆင် ခိုင်းမည် မဟုတ်

(နေပြည်တော်၊ နိုဝင်ဘာ ၁)

ရန်ကုန် -မန္တလေး အမြန်လမ်းပေါ် တွင် မောင်းနှင်နေသော Express ယာဉ် များနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနက မောင်းနှင် ခွင့်ပြုထားသော ယာဉ်များကို သာ တယ်လီ မက်ထရစ်စနစ် တပ်ဆင်ခိုင်း ထားပြီး အိမ်စီး ကားများကို လတ်တ လောတွင် တပ်ဆင် ခိုင်းဦးမည် မဟုတ် ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်း ဝန် ဦးကျော်လင်း က ပြောသည်။

အမြန် လမ်းမကြီးပေါ်တွင် ယာဉ်မ တော်တဆမှုများ မဖြစ်ပွားစေရန်နှင့် သတ်မှတ် မိုင်နှုန်း အတွင်း မောင်းနှင်ရန် အတွက် ထိုစနစ်ကို တပ်ဆင် စေခြင်းဖြစ် ကြောင်း၊ ထိုသို့ တပ်ဆင်မှသာ ယာဉ်များ ၏ သတ်မှတ် အရှိန်နှုန်း တိုင်းတာမှု များကို လုပ်ဆောင်နိုင် မည် ဖြစ်ကြောင်း သိရ သည်။

လတ်တလောတွင် အဆိုပါ တယ်လီ မက်ထရစ် စနစ် သုံးထားသော ယာဉ်ကြီး များ စည်းကမ်း ဖောက်ဖျက်ပါက အရေး ယူမှု စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း လည်း အမြဲတမ်း အတွင်းဝန် က ပြော သည်။

”ယာဉ်ကြီးတွေ ကို တပ်ဆင်ခိုင်းတာ က ယာဉ်ကြီးတွေက မတော်တဆမှု ဖြစ် တာပို များတယ်။ အခု တပ်ဆင်ပြီး တဲ့နောက် ပိုင်း မတော်တဆမှု နည်းနည်း လျော့သွား တယ်” ဟု ၄င်းကပြောသည်။

ဆက်လက်ပြီး ၄င်းက ရန်ကုန် -မန္တ လေး အမြန်လမ်းကို ငါးနှစ် အ တွင်း နိုင်ငံ ခြား ချေးငွေဖြင့် နိုင်ငံတကာ အဆင့်မီ လမ်းမကြီး ဖြစ်အောင် လည်း ပြု လုပ်နေ သည် ဟု ပြောသည်။

”နိုင်ငံခြားက ဘဏ်တွေဖြစ်တဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ်၊ နောက်ထပ် ဘဏ်နှစ်ခုစီ ကနေ ချေးငွေ ယူပြီး လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်” ဟု အမြဲတမ်း အတွင်းဝန်က ဆို သည်။

ချေးငွေ ရရှိမှုပေါ် မူတည်ပြီး ပြုပြင် သွားမည် ဖြစ်သောကြောင့် ရန်ကုန်-မန္တ လေးအထိ မပြုပြင်နိုင်လျှင် လည်း ရန်ကုန် မှ နေပြည်တော် အထိ လမ်းမကြီးကို နိုင်ငံ တကာ အဆင့် မီ လမ်းဖြစ်အောင် ပြုပြင် သွားမည်ဟု ၄င်းက ပြောသည်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*