‘မကြီးစန်းနှင့် သူ့ချစ်သူများ’ ဇာတ်ကား တစ်ခွေ ရောင်းရတိုင်း ပရဟိတ လုပ်ငန်းသို့ ၁ဝဝ ကျပ် လှူဒါန်းမည်

‘မကြီးစန်းနှင့် သူ့ချစ်သူများ’ ဇာတ်ကား တစ်ခွေ ရောင်းရတိုင်း ပရဟိတ လုပ်ငန်းသို့ ၁ဝဝ ကျပ် လှူဒါန်းမည်
November 2, 2016 Asian Fame

8:51 am
‘မကြီးစန်းနှင့် သူ့ချစ်သူများ’ ဇာတ်ကား တစ်ခွေ ရောင်းရတိုင်း ပရဟိတ လုပ်ငန်းသို့ ၁ဝဝ ကျပ် လှူဒါန်းမည်
In Local

'မကြီးစန်းနှင့် သူ့ချစ်သူများ' ဇာတ်ကား တစ်ခွေ ရောင်းရတိုင်း ပရဟိတ လုပ်ငန်းသို့ ၁ဝဝ ကျပ် လှူဒါန်းမည်

htoo-htoo

(ရန်ကုန်၊ အောက်တိုဘာ ၃၁ )

‘မကြီးစန်းနှင့် သူ့ချစ်သူများ’  ဇာတ်ကား တစ်ခွေ ရောင်းရတိုင်း ၁ဝဝ ကျပ်ကို ပရဟိတ လုပ်ငန်းသို့ လှူဒါန်း သွားမည်ဟု သိရသည်။

ဖြန့်ချိရေး ကိုယ်စားလှယ် တစ်ဦးဖြစ်သူ မလဲ့လဲ့ထွန်း က ”တိုက် ထုတ်ဈေးကတော့ ၁၄ဝဝ ကျပ်ပါ၊ အဲဒါဆို ၁၅ဝဝ ကျပ်ရောင်းပြီး တစ်ရာကျပ်ကို ပရဟိတမှာ လှူ မှာပါ။ အခု ကျွန်မက မကြီးစန်း အတွက် နယ်တွေကို ချိတ်ဆက်ပြီး ရောင်းပေးနေတာပါ။ ခိုးကူးတွေ ကြားထဲကနေ အမှတ်တရ သိမ်း ထားချင်တဲ့ ပရိသတ် အစစ်အမှန် တွေက မူရင်းကို ဝယ်ယူ အားပေး ကြပါတယ်” ဟု ပြောသည်။

ပုံမှန်အားဖြင့် ဗီဒီယို ဇာတ်ကား တစ်ကားလျှင် အလွန်ဆုံး ၄ တွဲ ငါးတွဲသာ ရောင်း ရသော် လည်း မကြီးစန်းနှင့် သူ့ချစ်သူများ ဇာတ် ကားမှာ တစ်ရက်တည်းနှင့် ၁၄ တွဲ ကျော်ရောင်းရ သဖြင့် အားပေးကြ သူများကို အထူးကျေးဇူးတင် ကြောင်း မိတ်ကပ် ခင်စန်းဝင်း က ၄င်း၏ facebook စာမျက်နှာတွင် ရေးသားထားသည်။

အဆိုပါ ဇာတ်ကားကို အောက် တိုဘာလ ၂၅  ရက်တွင် ဖြန့်ချိခဲ့ ခြင်းဖြစ်ပြီး ထိုနေ့မှာ ပင် အွန်လိုင်း ပေါ်တွင် ဇာတ်ကား အစအဆုံး ထွက်ပေါ်လာခဲ့သည်။ ၄င်းကိစ္စနှင့် ပတ်သက်၍ ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင် ထားသည့် ဆုပန်ထွာ က ”အွန်လိုင်းပေါ် မှာ တစ်ကမ္ဘာ လုံး အတိုင်းအတာ ပေါက် သွားတယ် ပြော လို့ရ တယ်။ နိုင်ငံခြားရောက် မြန်မာတွေ လည်း ကြည့်ခွင့်ရကြ တယ်။ အနုပညာအရ ကြည့်ရင် တော့အောင်မြင်တယ်။ ဒါပေမယ့် ထုတ်လုပ်ရေး အတွက်ကတော့ နစ်နာ တာ အမှန်ပဲ” ဟုပြောသည်။

မကြီးစန်းနှင့် သူ့ချစ်သူများ ဇာတ်ကားကို ဒါရိုက်တာ ဦးမြတ်ခိုင် ကရိုက်ကူးခဲ့ပြီး အဓိက သရုပ်ဆောင် များအဖြစ် မိတ်ကပ် ခင်စန်းဝင်း၊ ထက်အောင်ရှိုင်း၊ ဆုပန်ထွာနှင့် အခြား သရုပ်ဆောင်များ၊ စာနယ် ဇင်းဆရာ၊ ဆရာမများက ပါဝင် အားဖြည့် ထားသည်ဟု သိရသည်။

ထူးထူး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*