”ဝေဖန်တာနဲ့ စော်ကားတာတွေဟာ မတူပါဘူး။ ကိုယ့်ကို သူတစ်ပါးက မဟုတ်မမှန်ဘဲ အသရေဖျက်လာရင် တရားရုံးမှာ တရားစွဲဆိုခွင့်ရှိရမယ်”

”ဝေဖန်တာနဲ့ စော်ကားတာတွေဟာ မတူပါဘူး။ ကိုယ့်ကို သူတစ်ပါးက မဟုတ်မမှန်ဘဲ အသရေဖျက်လာရင် တရားရုံးမှာ တရားစွဲဆိုခွင့်ရှိရမယ်”
November 2, 2016 Asian Fame

10:35 am
”ဝေဖန်တာနဲ့ စော်ကားတာတွေဟာ မတူပါဘူး။ ကိုယ့်ကို သူတစ်ပါးက မဟုတ်မမှန်ဘဲ အသရေဖျက်လာရင် တရားရုံးမှာ တရားစွဲဆိုခွင့်ရှိရမယ်”
In Opinion, Politics

''ဝေဖန်တာနဲ့ စော်ကားတာတွေဟာ မတူပါဘူး။ ကိုယ့်ကို သူတစ်ပါးက မဟုတ်မမှန်ဘဲ အသရေဖျက်လာရင် တရားရုံးမှာ တရားစွဲဆိုခွင့်ရှိရမယ်''

demol

နိုင်ငံ့ခေါင်းဆောင်တို့ကို ရုန့်ရင်းကြမ်းတမ်းသောအသုံးအနှုန်းများဖြင့် ခိုင်းနှိုင်းပြောဆိုရေးသားမှုများ၊ ကွန်ပျူတာဖန်တီးမှုရုပ်ပုံများဖြင့် စော်ကားမှုများမှာ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်း ကပင်ရှိနေခဲ့သည်။ ထိုသူတို့ကိုလည်း တိုင်ကြားသူများက တိုင်ကြား၍ တာဝန်ရှိသူတို့က အရေးယူပေးခဲ့သည်။ သို့ရာတွင် ထိုသို့ရိုင်းစိုင်းစွာ စော်ကားမှုတို့ကို ထောက်ခံခဲ့သူများ ဝန်းရံပေးခဲ့ကြသူများပင် ရှိခဲ့ကြသေးသည်။

ယခုဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်တွင်လည်း ထိုသို့သောစော်ကားမှုများ၊ အပုပ်ချပြောဆိုမှုများ ပြန်လည်ပေါ်ပေါက်လာကြပြန်သည်ကို တွေ့နေရပြီး တိုင်ကြားသူကတိုင်ကြား၍ တာဝန်ရှိသူတို့က အရေးယူမှုများလည်းရှိနေကြသည်ကို အားလုံးအသိပင်ဖြစ်သည်။ အပြုသဘောဆောင်သည့် ဝေဖန်မှုနှင့် စော်ကားမှု အပုပ်ချမှုတို့သည် များစွာခြားနားပါသည်။ ထို့အတူပင် ဝေဖန်ခြင်းနှင့် စော်ကားခြင်းတို့ကိုလည်း သေချာစွာ ခွဲခြား၍ရပါသည်။ ထို့ကြောင့် ယင်းသို့သော အပုပ်ချမှုစော်ကားမှုတို့အပေါ် နယ်ပယ်အချို့မှ ပုဂ္ဂိုလ်များက မည်သို့မည်ပုံရှုမြင်သုံးသပ်ကြသည်ကို မေးမြန်းတင်ပြလိုက်ရပါသည်။

ဦးရောဘတ်စန်းအောင်
ဥပဒေပညာရှင်

ဒါဟာ အယူအဆနှစ်ရပ်၊ လမ်းစဉ်နှစ်ရပ် ထိပ်တိုက်တွေ့ ဆုံမှုကြောင့် အခုလိုတွေဖြစ် နေတာပါ။ တစ်ဖက်က အပုပ် ချလိုက်၊ တရားစွဲဆိုလိုက်နဲ့ ဆို ရင်ဆုံးမှာ မဟုတ်တော့ပါဘူး။ ပြီးတော့ ဒါက အာရုံ လွှဲချင်တဲ့ သဘောနဲ့ လုပ်နေတာတွေ လည်း ပါကောင်းပါနိုင်တယ်။ ပြည်သူတွေအနေနဲ့ လွှဲသွား တဲ့ လမ်းကြောင်းနောက်ကို မလိုက်မိဖို့ လိုပါတယ်။ ဒါက ရှုပ်ထွေးမှုတွေ ဖြစ်အောင်လုပ်နေတဲ့ သဘောပါ။ ဒါကြောင့်မို့ နှစ်ဖက်စလုံး နည်းနည်းလေး စဉ်းစားကြဖို့ လိုပါတယ်။ ပြောချင်တာကတော့ တစ်ဖက်ကို ပြောလိုက်၊ တရားစွဲလိုက်နဲ့ကတော့ လမ်းဆုံးမှာ မဟုတ်တော့ပါဘူး။ တော်ရုံ သတိပေး ရုံလောက်ပဲ ကောင်းပါတယ်။ အကုန်လိုက်လုပ်နေရင် တကယ်သွားမယ့် လမ်းကြောင်းအတွက် သွေဖည်သွားမှာ စိုးရိမ်ရပါတယ်။

ဦးအောင်ရဲစိုး (ဥပဒေ၊ အထက်တန်းရှေ့နေ)

ကျွန်တော့်အနေနဲ့တော့ အေးအေးချမ်းချမ်းလေးပဲ နှစ်ဖက်စလုံးကို ဖြစ်စေချင်တယ်။ အခုလိုမျိုး ဝေဖန်မှုတွေကတော့ ရှိနေမှာပါပဲ။ ရင့်သီးတဲ့ အသုံးအနှုန်းနဲ့ ဝေဖန်တာတွေကတော့ အပြန်အလှန် နှစ်ဖက်စလုံးမှာရှိနေ မှာပဲ။ ဒါပေမယ့် အခုလိုမျိုးတွေပဲ လုပ်နေမယ်ဆိုရင်တော့ ရှေ့ကို ခရီး ပေါက်မှာမဟုတ်ဘူး။ ဒါတွေက မလိုပါဘူး။ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ကြဖို့ပဲ လိုပါတယ်။ ဒါပေမယ့်လည်းပဲ နိုင်ငံရေးလုပ်နေတဲ့ သက်ကြားအိုကြီးတွေ ကိုယ်တိုင်ကိုက တလောကတင် ကြံ့ခိုင်ရေးပါတီရဲ့ ထိပ်သီးခေါင်းဆောင်ပိုင်း တွေကို စာမျက်နှာတွေထက်ကနေ ပေါ်ပေါ်ထင်ထင် ဝေဖန်ထားပါသေး တယ်။ ဆိုတော့ သူတို့ကို ဝန်းရံနေတဲ့လူငယ်တွေက ပိုဆိုးသွားတာ။ ဒါပေ မယ့် ဒါကတော့ ဖြစ်ရိုးဖြစ်စဉ်ပါ။ အချိန်ကာလ ကြာသည်နဲ့အမျှ ပြောင်း လဲသွားမှာပါ။ ဗြုန်းစားကြီးတော့ ပြောင်းလဲသွားမှာ မဟုတ်သေးဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ အရှိန်တွေက အရမ်းများခဲ့တာကိုး။ အခုတောင် ပြီးခဲ့တဲ့ အစိုးရငါးနှစ်ကလောက် ဝေ ဖန်မှုတွေ မများတော့ဘူး။ တဖြည်းဖြည်းတော့ ပြောင်းလဲ သွားမှာပါပဲ။ ရှိတာကတော့ ရှိနေမှာ။

နိုင်ငံအတွက်တော့ အရမ်းကြီး ဆိုးဆိုးရွားရွား ထိခိုက်စရာရှိမယ် မထင်ပါ ဘူး။ ဝေဖန်မှုတွေကတော့ ကျန်နေဦးမှာပဲ။ အရမ်းကြီး ဆိုးဆိုးရွားရွား ပုတ်ခတ်တာ တွေကတော့ ပျောက်သွားမှာ ပါ။ ဒီကိစ္စတွေမှာ ဥပဒေက ပေးတဲ့ နိုင်ငံသားအခွင့်အရေး ရော၊ အကာအကွယ်ရော ရှိပြီးသား။ ကိုယ့်အခွင့်အရေးတော့ ယူနေကြ မှာပဲ။ ဒါပေမယ့် သူများက ရထိုက်တဲ့အခွင့်အရေးကို ပိတ်ဆို့တာတွေက တော့ မဖြစ်သင့်ဘူး။ ဥပဒေကြောင်းအတိုင်းပဲ သွားကြတာ အကောင်းဆုံး ပါပဲ။ အားလုံးက အပြန်အလှန် ထိန်းကျောင်းတာမျိုးနဲ့ သွားသင့်ပြီး တစ် ယောက်အာဏာကို တစ်ယောက်လှမ်းပြီး လုယူတာမျိုးတော့ မဖြစ်သင့်ဘူး။ နိုင်ငံသားတွေအနေ နဲ့ ဝေဖန်တာနဲ့ အပုပ်ချတာကို ကွဲကွဲပြားပြားသိလာတဲ့ တစ်နေ့မှာ အခုလို ကိစ္စတွေ လျော့သွားလာမှာပါ။ အဓိကကတော့ အစိုးရပိုင်းနဲ့ နိုင်ငံရေးပါတီ ရဲ့တာဝန်ရှိသူတွေက ပြည်သူတွေသိအောင် များများလုပ်ပေးရမယ်။ ပါတီအကုန်လုံးမှာလည်း တာဝန်ရှိပါတယ်။ အခု ချိန်မှာတော့ ဝေဖန်တာလောက်နဲ့တော့ ဘာမှ ပြဿနာရှိမသွားနိုင် သေးပါဘူး။ သူ့ဟာနဲ့သူတော့ အဆင်ပြေသွားမယ်လို့ ထင်ပါ တယ်။

ဦးညွန့်ရွှေ (ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့
မဲဆန္ဒနယ်အမှတ်(၁)၏ လွှတ်တော်ကိုယ်စားလှယ်)

ကျွန်တော်တို့ကတော့ ဒီကိစ္စတွေဟာ မဖြစ်သင့်တော့ဘူးလို့ ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ခေါင်းဆောင် က ကမ္ဘာ့အဆင့်ခေါင်းဆောင် ဖြစ်နေတော့ နိုင်ငံသူ နိုင်ငံသားတွေအ နေနဲ့ အပုပ်ချရေးသားတာတို့၊ ဖိုတိုရှော့ပ်လုပ်တာတို့က တော်တော် လေးကို မဖြစ်သင့်တဲ့ကိစ္စလို့ ကျွန်တော်တို့ ယူဆထားပါတယ်။ ကျွန် တော်တို့တိုင်းအတွင်းမှာ ဖြစ် နေတာတွေကိုလည်း တစ်နည်း တစ်ဖုံနဲ့မဖြစ်အောင် ကျွန်တော် တို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ နိုင်ငံမှာကတော့ ဆန့်ကျင် ဘက်ပါတီတွေရဲ့ နိုင်ငံရေး အ မြင်တွေကတော့ ရှိနေကြမှာပါ ပဲ။ ဒါပေမယ့် လိုအပ်တာက ကျွန်တော်တို့အနေနဲ့ သိက္ခာ ရှိရှိ လုပ်သွားဖို့ပဲ လိုအပ်ပါ တယ်။ ကျွန်တော်တော့ ဒီလိုပဲ ယူဆတယ်။

ဦးမောင်မောင်ညွန့် (ဥပဒေသုတေသီ)

ပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေတွေကို ဘယ်နိုင်ငံသားမဆို လိုက်နာရ ပါမယ်။ ဘယ်ဒီမိုကရေစီ နိုင်ငံပဲဖြစ်ဖြစ် လိုက်နာနေတာကို တွေ့ရပါတယ်။ အခု ပုဒ်မ ၆၆ (ဃ) ကို ရှိသင့်တယ်၊ မရှိသင့်ဘူးလို့ ပြောနေတာထက် စာရင်ဥပဒေတစ်ခုလုံးရှိဖို့ လို မလို အားလုံးက ဝေဖန်ဆန်း စစ်သင့်ပါတယ်။ မရှိသင့်ဘူး လို့ ခံယူသူများရင် လွှတ်တော် ကိုယ်စားလှယ်က တစ်ဆင့် ဥပဒေပြင်နိုင်အောင် ကြိုးစား ဖို့ပဲ လိုပါတယ်။ လူတိုင်းဟာ နိုင်ငံ့အကြီးအကဲတွေကို ဝေ ဖန်ပိုင်ခွင့်ရှိပါတယ်။ အသရေ ဖျက်ခွင့်တော့ မရှိပါဘူး။ အခု ဟာက ဝေဖန်နေတာလား၊ အသရေဖျက်နေတာလားဆို တာ ဖြစ်စဉ်တွေနဲ့လုပ်ရပ်တွေ ကို ကြည့်တာနဲ့ သိပါတယ်။ ဒီမိုကရေစီ အရင့်အမာနိုင်ငံဖြစ်တဲ့ အင်္ဂလန် နိုင်ငံက ဘယ်နိုင်ငံသားကများ သူတို့ ဘုရင်မကြီးကို အသရေဖျက်နေတာ မျိုး တွေ့ဖူးကြလားလို့ပဲ မေးလိုက်ချင်ပါတယ်။

ဦးအောင်နိုင်ဦး (မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ)

ကျွန်တော်တို့ အခြေခံဥပဒေမှာ လူတစ်ဦးဟာ သူ့ရဲ့အယူအဆ၊ ထင် မြင်သုံးသပ်မှုကို လွတ်လပ်စွာထုတ်ဖော်ခွင့် ပေးထားပါတယ်။ တစ်ဖက် မှာလည်း အဲဒီလွတ်လပ်စွာ ထုတ်ဖော်ခွင့်ဟာ သူတစ်ပါး နစ်နာတဲ့အထိ ဖြစ်လာလို့ရှိရင် တရားစွဲဆို အရေးယူလို့ရတဲ့ ဆက်သွယ်ရေးဥပဒေတွေ လိုမျိုးဥပဒေတွေ ပြဋ္ဌာန်းထားတာ ရှိပါတယ်။ တကယ့်တကယ်တမ်း နိုင်ငံ တကာမှာ အမေရိကန်သမ္မတ ကို ဖိနပ်နဲ့ ကောက်ပေါက်တာ မျိုး၊ သမ္မတလာရင် လုံးဝအလို မရှိတဲ့ ဆန္ဒထုတ်ဖော်မှုမျိုး ပြု လုပ်တာမျိုးတွေ တွေ့နေရပါ တယ်။ ဒါကတော့ သူတို့တွေရဲ့ အပိုင်း။ ဒီဘက်မှာတော့ နိုင်ငံ တော်အကြီးအကဲတွေနဲ့ ပတ် သက်လာရင် တရားစွဲဆိုတာ မျိုးတွေ လုပ်တာကို တွေ့ရပါ တယ်။ အခုနောက်ပိုင်း ပိုပိုပြီး တွေ့နေရပါတယ်။ တစ်စိတ်ရှိ ဝေဖန်တိုက်ခိုက်တာမျိုးကို အ ချိန်တိုင်း တရားစွဲဆိုတာမျိုးကိုတော့ မလုပ်သင့်ဘူးလို့ မြင်ပါတယ်။ အဲ ဒီလိုလုပ်နေမယ်ဆိုရင် လွတ်လပ်စွာ ပြောဆိုခွင့်တွေ ပျောက်ဆုံးသွားနိုင် ပါတယ်။ ကျွန်တော် ဆိုလိုတဲ့သဘောတရားက တိုက်ခိုက်မှုတိုင်း၊ ဝေဖန် ပုတ်ခတ်မှုတိုင်း ဘာမှမလုပ်ဘဲနဲ့ ဒီအတိုင်း ထိုင်ကြည့်နေဖို့ ပြောတာ မဟုတ်ပါဘူး။ လုပ်သင့်လုပ်ထိုက်တဲ့၊ ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တဲ့ အချက်အလက်တွေပေါ်ကိုပဲ ထိုက်သင့်တဲ့ အရေးယူမှုတွေ ပြုလုပ်သင့်တာ ပါ။ အကုန်လုံးကို လိုက်လုပ်ဖို့မလိုပါဘူး။ အဲဒီလိုမျိုး အကုန်လုံး လိုက်လုပ် လို့ ပပျောက်သွားမှာ မဟုတ်လို့ပါ။

ဒေါ်ရွှေကူမေနှင်း
(စာရေးဆရာမ)

ဝေဖန်တာနဲ့ စော်ကားတာတွေဟာ မတူပါဘူး။ အခု ဝေဖန်တာတွေဟာ အ မုန်းတရားကို အခြေခံပြီး ဝေဖန်နေကြတဲ့အတွက် ဖတ် လို့မတော် မြင်လို့ မကောင်း ဖြစ်နေပါတယ်။ လူတိုင်း လူ တိုင်းဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့် ရှိပါတယ်။ ကိုယ့်ကို သူတစ်ပါးက မဟုတ် မမှန်ဘဲ အသရေဖျက်လာရင် တရားရုံးမှာ တရားစွဲဆိုခွင့် ရှိရမယ်။ ကျွန်မကတော့ ဆက်သွယ်ရေးဥပဒေကို အပြည့်အဝထောက်ခံတယ်။

မင်းသုအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*