ရွှေပြည်သာမြို့နယ် ၂၅ ခုတင်ဆံ့ဆေးရုံကို ခုတင် ၅ဝ ဆံ့ မြှင့်တင်ရန် တင်ပြထား

ရွှေပြည်သာမြို့နယ် ၂၅ ခုတင်ဆံ့ဆေးရုံကို ခုတင် ၅ဝ ဆံ့ မြှင့်တင်ရန် တင်ပြထား
November 2, 2016 Asian Fame

6:14 am
ရွှေပြည်သာမြို့နယ် ၂၅ ခုတင်ဆံ့ဆေးရုံကို ခုတင် ၅ဝ ဆံ့ မြှင့်တင်ရန် တင်ပြထား
In Health

ရွှေပြည်သာမြို့နယ် ၂၅ ခုတင်ဆံ့ဆေးရုံကို ခုတင် ၅ဝ ဆံ့ မြှင့်တင်ရန် တင်ပြထား

ဖြိုးထက်အောင်

ရန်ကုန်၊ အောက်တိုဘာ ၂၈

ရွှေပြည်သာမြို့နယ်ရှိ ၂၅ ခုတင်ဆံ့ ဆေးရုံကို ခုတင် ၅ဝ ဆံ့ ဆေးရုံအဖြစ် မြှင့်တင်ရန်တင်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှသိရသည်။”ရွှေပြည်သာမြို့နယ်က ဆေးရုံကို ခုတင် ၅ဝ ဆံ့ ဆေးရုံဖြစ်ဖို့ နေပြည်တော်ကုသရေးဦးစီးဌာနကို ဇွန်လ ၉ ရက်နေ့က စာတင်ပြီးပါပြီ” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။

အောက်တိုဘာလ ၂၅ ရက် နေ့က ပြုလုပ်ခဲ့သော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့တွင် ရွှေပြည်သာမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်း (ခ) ဦးဂေးမောင်က ”ရွှေပြည်သာမြို့နယ်တွင် ၂၅ ခုတင်ဆံ့ ဆေးရုံသာရှိပြီး ဓာတ်မှန်ကျွမ်းကျင်ဆရာဝန်မရှိသေးသောကြောင့် ခုတင် ၅ဝ ဆံ့ဆေးရုံနှင့် ကျွမ်းကျင်ဆရာဝန်များ တိုးမြှင့်ချထားပေးရန် အစီအစဉ် ရှိမရှိ” မေးမြန်းခဲ့သည်။ အဆိုပါ မေးမြန်းချက်နှင့်ပတ်သက်ပြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံ လင်းက ထိုသို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

”ကျွန်တော်ကိုယ်တိုင် ကွင်းဆင်းပြီး ဆေးရုံတွေ၊ ကျေးလက်ကျန်းမာရေးဌာနခွဲတွေကို အတတ်နိုင်ဆုံး ဆောင်ရွက်နေပါတယ်။ အဓိကကတော့ ရန်ကုန်မြို့ပေါ်မှာရှိတဲ့ ဆေးရုံကြီးတွေမှာ လူနာတွေ ပုံနေတဲ့အတွက်ကြောင့် ကျေးလက်မှာ ရှိနေတဲ့ ဆေးရုံတွေမှာသာ တကယ် ထိထိရောက်ရောက်ကုသပေးနိုင်မယ်ဆိုရင် မြို့ကြီးပေါ်က ဆေးရုံတွေမှာပါ အဆင်ပြေမှာပါ” ဟု ၎င်းက ဆက်ပြောသည်။

”၂၅ ခုတင် ဆံ့တဲ့ အဆင့်အတန်းရှိ ဆေးရုံမှာကို ဓာတ်မှန်ရိုက်စက်ကလည်း ကောင်းလိုက်ပျက်လိုက်၊ ဓာတ်မှန်ရိုက်လို့ ရပြန်တော့လည်း ဓာတ်မှန်ဆရာဝန်က မရှိနဲ့။ တော်တော်များများ ထိခိုက် ဒဏ်ရာရတဲ့သူတွေဆို အင်းစိန်ဆေးရုံနဲ့ ရန်ကုန်ဆေးရုံကြီးကိုပဲ ပို့နေရတာ” ဟု လွှတ်တော် ကိုယ်စားလှယ် ဦးဂေးမောင် ကပြောသည်။ မြို့ နယ်အဆင့်ရှိသော ၂၅ ခုတင်ဆံ့ဆေးရုံများနှင့် ခုတင် ၅ဝ ဆံ့ဆေးရုံများတွင် ဓာတ်မှန်အထူးကု ဆရာဝန်ကြီးများ၏ ရာထူး များမှာ ဆေးရုံဖွဲ့စည်းပုံတွင် မပါရှိဘဲ ခုတင် ၁ဝဝ ဆံ့ဆေးရုံကြီးမှာသာပါရှိခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ရွှေပြည်သာ ပြည်သူ့ဆေးရုံကြီး ကို ခုတင် ၅ဝ ဆံ့ဆေးရုံအဖြစ် အဆင့်မြှင့်တင်ပြီးလျှင်မူ ဓာတ်မှန် ဆိုင်ရာကျွမ်းကျင်သူများ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်းဝန်ကြီးက ပြောကြားခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*