အခြေခံပညာကျောင်း ၁၃ ကျောင်းတွင် ကျူးကျော်နေထိုင်သူများကို တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်

အခြေခံပညာကျောင်း ၁၃ ကျောင်းတွင် ကျူးကျော်နေထိုင်သူများကို တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်
November 2, 2016 Asian Fame

8:03 am
အခြေခံပညာကျောင်း ၁၃ ကျောင်းတွင် ကျူးကျော်နေထိုင်သူများကို တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်
In Local

အခြေခံပညာကျောင်း ၁၃ ကျောင်းတွင် ကျူးကျော်နေထိုင်သူများကို တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်

ဖြိုးထက်အောင်
ရန်ကုန်၊ အောက်တိုဘာ ၃၁

ရွှေပြည်သာ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်း ၁၃ ကျောင်းတွင် ကျူးကျော် နေထိုင်သူများကို ကျောင်းပိုင်ဆိုင်မှု အထောက်အ ထားရရှိသည်နှင့် တစ်ပြိုင်နက်တည်ဆဲဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ သိရသည်။

”ဒီအခြေခံပညာကျောင်းတွေက ရွှေပြည်သာမြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရာမှာပညာရေးဝန်ကြီးဌာန အသုံးပြုရန်သာ သတ်မှတ်ပေးခဲ့တဲ့နေရာတွေ ဖြစ် ပါတယ်။ ကျောင်းတွေအနေနဲ့ ပိုင်ဆိုင်မှု မရရှိသေးပါဘူး။ ကျူးကျော်နေသူတွေကို ကျောင်းပိုင်ဆိုင်မှုအ ထောက်အထားတွေရတာနဲ့ တည်ဆဲဥပဒေအရ အရေးယူသွားမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ရခိုင်တိုင်းရင်းသားလူမျိုးရေး ရာဝန်ကြီးဌာနဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

အောက်တိုဘာလ ၂၈ ရက် နေ့ကပြုလုပ်ခဲ့သော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့တွင် ရွှေပြည်သာ မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)လွှတ် တော်ကိုယ်စားလှယ် ဦးရန်အောင် မင်း(ခ)ဦးဂေးမောင်က”ရွှေပြည် သာမြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန ပိုင် အခြေခံပညာ(၁၃)ကျောင်း တွင် ကျောင်းဝင်းအတွင်း ကျူးကျော် နေထိုင်ခြင်း၊ ကျောင်းဈေးဆိုင်များ ဖွင့်လှစ်ခြင်းများအား ဖယ်ရှားရှင်း လင်းရန် အစီအစဉ်ရှိ မရှိ” မေးမြန်းခဲ့သည်။

ယင်းမေးမြန်းမှုအပေါ် ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန ဝန်ကြီးဦးဇော်အေး မောင်က လူမှုရေးဝန်ကြီး ဦးနိုင်ငံ လင်းကိုယ်စား ထိုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ ”ကျောင်းဝင်းတွေအတွင်းမှာ ကျူးကျော်နေအိမ် ၈၃ လုံးနဲ့ သက် သာဆိုင်ခန်း ၆၂ ခန်းရှိပါတယ်။ အရင်အစိုးရ လက်ထက်တုန်းက ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ပါ။ ဒါကိုဖယ်ရှား ရှင်းလင်းဖို့ အကြိမ်ကြိမ် အကြောင်း ကြားစာတွေနဲ့ သတိပေးပြောဆို ခဲ့ပေမယ့် လိုက်နာခဲ့ခြင်းမရှိခဲ့ပါ ဘူး။ သက်သာဆိုင်ခန်းများကိုလည်း ၂ဝ၁၄ ခုနှစ် အောက်တိုဘာလကုန် အထိပဲ လခပေးပို့ပြီးရင် စာချုပ် ထပ်မချုပ်ဖို့ အပြီးတိုင် ဖျက်သိမ်း ပေးဖို့ အကြောင်းကြားထားပြီးဖြစ် ပါတယ်။ လိုက်နာမှုမရှိဘဲ ပေကပ် ပြီး ဆက်ကျူးကျော်နေတာတွေ့ ရပါတယ်”ဟု ဝန်ကြီး ဦးဇော်အေး မောင်က ဆက်ပြောသည်။

”နေကြတဲ့ သူတွေထဲမှာတော့ ပုံစံအမျိုးမျိုး ရှိပါတယ်။ တချို့ ကျောင်းတွေမှာကျတော့ သက် ပြည့်တာဝန် ထမ်းဆောင်ခဲ့ပြီးတော့ နေစရာမရှိလို့ အဲဒီကျောင်းတွေမှာ ပဲ ငှားရမ်းနေထိုင်ကြတဲ့ ပညာရေး ဝန်ကြီးဌာနက အငြိမ်းစားဝန်ထမ်း တွေရှိသလို အချို့အသင်းအဖွဲ့တွေ ကနေနေဖို့ အငှားချထားပေးခဲ့တဲ့ သူတွေလည်းရှိပါတယ်”ဟု မေးခွန်းမေးမြန်းခဲ့သည့် ရွှေပြည်သာ မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးရန် အောင်မင်းက ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*