11:00 am

အရှိအတိုင်းရေးသား၍ စစ်မှန်သည့် သမိုင်းများပေါ်ထွန်းစေရန် တာဝန်ယူသည်ဟု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ပြော

photo – kyaw kyaw
အိမ်စည်စိုးစံ
ရန်ကုန်၊ အောက်တိုဘာ ၃၁
သမိုင်းမှတ်တမ်းများ ပြုစု ရေးသားရာတွင် အရှိအတိုင်း ရေးသား၍ စစ်မှန်သည့်သမိုင်း များပေါ်ထွန်းစေရန် တာဝန်ယူ သည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးသူရဦးအောင်ကိုက ပြော သည်။
”အရှိကိုအရှိအတိုင်း အမှန် ကို အမှန်အတိုင်းရေးဖို့ဆိုတဲ့ နေရာမှာ ရေးသားမှုတွေအားလုံး အပေါ်မှာ ကျွန်တော်သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး တစ်ယောက်အနေနဲ့ ရာနှုန်းပြည့် တာဝန်ယူပါတယ်။ ဆရာကြီး များရဲ့ပညာအားနဲ့ ရေးဆွဲတဲ့ စစ်မှန်တဲ့သမိုင်းကိုပဲ ပေါ်ထွန်း စေမှာဖြစ်ပါတယ်” ဟု အောက် တိုဘာလ ၂၉ ရက်ကအမျိုးသား စာကြည့်တိုက်(ရန်ကုန်)တွင် ပြုလုပ် သည့် မြန်မာသမိုင်းအဖွဲ့ ပြန်လည်ဖွဲ့စည်းရေး အစည်း အဝေး၌ ၄င်းကပြောကြားခြင်း ဖြစ်သည်။
ယင်းသို့ရေးသားခြင်းမှာ မည်သူ့ကိုမျှ လက်စားချေရန် ရည်ရွယ်ချက်မျိုးမဟုတ်ဘဲ အတိတ်သမိုင်း၏ အားသာချက် များကို ဆက်လက် သယ်ဆောင် ကာ အားနည်းချက်များကို ပြုပြင် ပြီး အနာဂတ်မျိုးဆက်သစ်များ အတွက် သမိုင်းကြောင်းကောင်း သည့် ပြည်ထောင် စုကြီးပေါ်ထွန်း လာစေရန်အဓိကဖြစ်သည်ဟု လည်း ၄င်းက ပြောသည်။
လက်ရှိတွင် မြန်မာသမိုင်း အဖွဲ့ ပြန်လည်ဖွဲ့စည်းလျက်ရှိပြီး အဆိုပါအဖွဲ့ကနေ၍ လွတ်လပ် ရေးရပြီးခေတ်မှ ယနေ့အထိ တိုင်းရင်း သားပြည်သူများ၏ လိုလားချက်များ၊ လူမှုစီးပွားရေး အခြေအနေများ၊ စားဝတ်နေရေး အခြေအနေ၊ ဒီကရေစီအရေး၊ ဖက်ဒရယ်အရေး ကိစ္စရပ်များ စသည်ဖြင့် သမိုင်းကိုပြည့်စုံ မှန် ကန်စွာ ရေးသားနိုင်ရေးအတွက် ပြင်ဆင်ဖွဲ့စည်းခြင်းဖြစ်သည်ဟု လည်း ၄င်းကထပ်ေ လာင်း ပြော သည်။
ထို့ပြင် ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်အာဏာကို တပ်မ တော်မှသိမ်းယူခဲ့သည့်အကြောင်း များ၊ ၁၉၈၈ ခုနှစ် အရေးအခင်း များ၊ ဒီပဲယင်းအရေးအခင်း စသည်တို့ကို သမိုင်းသင်ခန်းစာ အဖြစ်ရယူနိုင်ရန် ပြန်လည်ဖော် ထုတ်ရေးသားရန် လိုသည်ဟု လည်း ပြည်ေ ထာင်စုဝန်ကြီးက မြန်မာသမိုင်းအဖွဲ့သို့ တိုက်တွန်း ထားသည်။
အသစ်ဖွဲ့စည်းသည့် မြန်မာ သမိုင်းအဖွဲ့တွင် သာသာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင် ရွက်ပြီး ဒေါက်တာကျော် ဝင်း၊ ဒေါက်တာသော်ကောင်း၊ ဒေါက်တာတိုးလှ၊ ဒေါက်တာ ခင် မောင်ညွန့် အစရှိသည့် သမိုင်း ပညာရှင်ကြီး များအပါအဝင် အဖွဲ့ဝင် ၁၆ ဦးဖြင့် ပြန်လည် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး လုပ်ထုံး လုပ်နည်းများအရ အစိုးရအဖွဲ့ အစည်းအဝေးသို့တင်ပြ ၍အတည် ပြုချက်ရယူသွားမည်ဟု သိရ သည်။
မြန်မာသမိုင်းအဖွဲ့ကို ဖဆ ပလ အစိုးရလက်ထက် ၁၉၅ဝ ဝန်းကျင်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး အခြေအနေအရ ပြန် လည် ဖွဲ့စည်းမှုများစွာရှိခဲ့ကာ နောက်ဆုံးအနေဖြင့် ပြန်လည် ဖွဲ့စည်းမှုကို ၂ဝ၁ဝ ခုနှစ်တွင် ပြုလုပ်ခဲ့သည်ဟု မြန်မာသမိုင်း အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာ ကျော်ဝင်းက ပြောသည်။